4.8.2013 ည 8:00 နာရီ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ မင်းတဲအီကင်းရပ်၊ ၁၆ လမ်း၊ ၈၉×၉၀ လမ်းကြား သာသနဟိတကာရီစေတနာရှင်များ ဘုံဆွမ်းလောင်းအသင်း (၁၀) နှစ်မြောက် ဓမ္မသဘင်မှာ ဟောကြားခြင်းဖြစ်သည်။
21.7.2013 ည-ဗုံးကွဲတရား "ဆွေမျိုးဆိုတာ များလေကောင်းလေ" ကိုပင်ထပ်မံ ဟောကြားခဲ့ကြောင်း သိရသည်။
အမေရိကန်က လူ့အခွင့်အရေးနဲ့ အမျိုးသားရေးကွဲတယ်။ ဒါကြောင့် ပြည်သူပြည်သား မခွဲခြားဘဲ လူ့အခွင့်အရေးအပြည့်အဝပေးထားပြီး အမျိုးသားလုံခြုံရေး၊ နိုင်ငံလုံခြုံရေး အတွက် မောင်းသူမဲ့တွေနဲ့ ဗုံးကြဲကာကွယ်နေတာဖြစ်တယ်။
ဗုဒ္ဓဟာ အနှိုင်းမဲ့ မေတ္တာရှင်ပါ။ ရုပ်/နာမ် ဝိပဿနာတရားကို စတင်ဖော်ထုတ်ခဲ့သူပါ။ ဓမ္မအရာမှာ ဘာမှမခွဲခြားမှုမရှိပါဘူး။ ဒါပေမဲ့ တိတ္ထိတွေ ဇေတဝန်ကျောင်းဘေး ရောက်လာမှာကို ကာကွယ်ခဲ့တယ်။ ရေမီးအစုံစုံတန်ခိုးပြပြီး တိတ္ထိတွေကို နှိမ်နှင်းခဲ့တယ်။ ဘုရားနှိမ်နှင်းမှုကြောင့် တိတ္ထိဆရာကြီးတွေ အရှက်ရပြီး ရေအိုးလည်ပင်းစွပ် ရေငုတ်ပြီး အသေခံသွားကြတယ်။
ဒါကြောင့် လောကနဲ့ ဓမ္မ ကွဲအောင်ကြည့်ကြပါ။ လူ့အခွင့်အရေးနှင့် အမျိုးသားရေး ကွဲအောင်ကြည့်ကြပါ။
www.mmdailystar.com