Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ငြိမ်းချမ်းရေးကို မလိုလားတဲ့အဖွဲ့အစည်းက နှစ်ဖက်စလုံးမှာရှိတယ်။ မွတ်စလင်တွေက ဘုန်းကြီးနဲ့ပေါင်းတာ မကြိုက်သလို ဗမာတွေက မွတ်စလင်တွေနဲ့ပေါင်းတာကိုမကြိုက်ဘူး

$
0
0
ဆရာတော်ဝီရသူရဲ့ တရားပွဲမှာပေါက်ကွဲမှုဖြစ်ပြီးတဲ့အချိန်ကစလို့ ဆရာတော်ကို အင်တာဗျူး လုပ်မယ်ဆိုပြီး စဉ်းစားထားပေမယ့်၊ ဆရာတော်မအားတာရယ်၊ ကျွန်တော်ဖုန်းဆက်လက်တိုင်း အင်တာဗျူးလုပ်နေပါတယ်ဆိုတဲ့အမြေအနေတွေကြောင့် ဆရာတော်ဝီရသူကို တော်တော်နဲ့ တွေ့ဖို့မဖြစ်ခဲ့ပါဘူး။ အဲဒီအစီအစဉ်ကို မနေ့ညနေပိုင်းက ပြန်လုပ်တော့ ဆရာတော်ကို ဖုန်းနဲ့လှမ်း မေးကြည့်တဲ့အခါ မန္တလေးမှာရှိနေတယ်ဆိုတာနဲ့ အသံဖမ်းစက်နဲ့ စာအုပ်ကိုယူပြီး ဆရာတော် သီတင်းသုံးနေထိုင်ရာ မစိုးရိမ်ကျောင်းတိုက်ထဲက ဓမ္မသဟာယကျောင်းတိုက်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနေ့က ဆရာတော်ဝီရသူနဲ့ မေးမြန်းခဲ့တာတွေကို မွန်းတည့်နေပရိတ်သတ်တွေအတွက် ပြန်လည်တင်ဆက်လိုက်ပါတယ်။

မေး။ ။ အရင်တုန်းက ဆရာတော်ကြီးတွေရဲ့တရားပွဲမှာ ဒီလိုမျိုးပေါက်ကွဲမှုတွေမရှိခဲ့ဘူးေ၊ အခုကျမှဖြစ်တယ်ဆိုတော့ အရှင်ဘုရားအနေနဲ့ ဒီလုပ်ရပ်ကို ဘယ်လိုများမြင်ပါသလဲဘုရား။
ဖြေ။ ။ နံပါတ်တစ်က ဦးဇင်းကိုမီဒီယာနဲ့ဖိအားပေးလို့မရလို့၊ မီဒီယာနဲ့ရပ်တန့်အောင်လုပ်လို့မရလို့၊ ခုလိုအကြမ်းဖက်ပြီးတော့ ရပ်တန့်အောင် လုပ်တယ်လို့ ယူဆရပါတယ်။

မေး။ ။ ဒီလုပ်ရပ်ကို ဘယ်သူတွေကများ လုပ်တယ်လို့ အရှင်ဘုရားအနေနဲ့ သုံးသပ်ပါသလဲဘုရား။
ဖြေ။ ။ နံပါတ်တစ်အနေနဲ့ ဦးဇင်းနဲ့ ဦးပညာဝရခေါင်းကို တမန်တော်ကကောင်းတယ်ဆိုတဲ့ အကြောင်းကို အခွေထွက်လာတယ်ပေါ့နော်၊ မော်လီတစ်ယောက်ဟောတယ်လို့ အရပ်စကားကြား တာပဲ၊ အသံထဲမှာတော့ ဘယ်နေရာ ဘယ်ဌာန ဘယ်သူဟောတာရယ်လို့တော့မပါဘူး၊ အဲဒီအခွေ ထွက်လာပြီးတော့ ဖြစ်တာပဲ၊ ဖြစ်တယ်ဆိုတော့ မွတ်စလင်အစွန်းရောက်တွေရဲ့ လက်ချက်လို့ပဲ ယူဆတယ်။

မေး။ ။ ဘာကြောင့်လုပ်တယ်လို့ရော ယူဆပါသလဲ။
ဖြေ။ ။ ဘာကြောင့်ယူဆသလဲဆိုတော့ ဦးဇင်းအထင်ပြောရရင် ခုချိန်ထိ မိတ္ထီလာကိစ္စမှာ ဦးဇင်းကိုသူတို့က အဓိကတရားခံလို့ထင်နေတုန်းပဲ ဘုန်းကြီးတွေလွှတ်ပြီးသတ်ခိုင်းတယ်ပေါ့ဗျာ၊ တကယ်တန်းကျတော့ ဦးဇင်းတို့တွေက တစ်ယောက်မှလဲမလွှတ်ရဘူး၊ ကိုကိုယ်တိုင်သွားတုန်းကလဲ ပြေငြိမ်းဖို့ပဲသွားတာ၊ မဖြစ်အောင် ဦးဇင်းက ဒီကနေပြီး ရွှေဆိုင်ဖျက်ကတည်းက တားနေတာ၊ ဦးသောဘိတအသတ်ခံရတော့လဲ ဦးဇင်းကားနဲ့အမြန်သွားတာပဲ၊ အဲဒီလူအုပ်ကြီးက ဗလီဘက်ကို ဦါ်တည်မှာစိုးလို့ ဒါပေမဲ့ ဦးဇင်းက မမီဘူး၊ နောက်တစ်နေ့ကလေးတွေ အပိတ်ခံနေရတာကို ဦးဇင်းရယ် ရွှေညဝါရယ်၊ မင်းကိုနိုင်ရယ် ဘယ်လိုပြောရမလဲ ကိုယ်တက်နိုင်တဲ့ဘက်က ကယ်ခဲ့တာပဲ၊ ဒါပေမဲ့ သူတို့က အဲဒါတွေမသိဘူး။ ဦးဇင်းက ဒီလိုရှေ့ကနေဗန်းပြပြီး နောက်ကနေသတ်ခိုင်းတယ်လို့ ယူဆတာပေါ့နော်၊ အဲဒီတော့ ဦးဇင်းကို အထင်တွေလွဲကုန်တာ ဒီလိုအထင်တွေလွဲအောင်လဲ မိတ္ထီလာက မွတ်စလင်တွေကတိုင်တယ်၊ တခြားတခြားမီဒီယာတွေကလဲ Facebook ကနေဖွတယ်၊ အဲဒီတော့ ဦးဇင်းကို လူတိုင်းက အထင်တွေလွဲနေကြတယ်၊ အဲဒီအပိုင်းကတစ်ချက်ပေါ့၊ နောက် ဦးဇင်းဟောတာတွေက မွတ်စလင်တွေပေါ်မှာ အရှက်ရစရာတွေပါတယ်ပေါ့လေ၊ မခံရပ်နိုင်စရာ တွေပါတယ်၊ သန်းရွှေမကောင်းတာ သန်းရွှေမကောင်းဘူးပြောရင် သန်းရွှေက မခံနိုင်ဘူးလေ။ ဟုတ်တယ်မလား ဦးဇင်းလဲ အဲဒီအတိုင်းပဲ။ မွတ်စလင်တွေလုပ်တာကို မွတ်စလင်တွေ လုပ်တာပြောတဲ့ဦးဇင်းကို မကြိုက်ဘူး၊ ကောင်းတဲ့မွတ်စလင်တွေကို ကောင်းတဲ့အတိုင်း ဦးဇင်းက အင်တာနက် Facebook တို့တင်တယ်၊ အဲဒါကြမကြည့်ဘူး မကောင်းတာဘဲ သူတို့ကမြင်တယ်၊ အဲဒီအပိုင်းကြောင့် ဦးဇင်းမရှိမှနားအေးမယ် ဆိုတဲ့သဘောနဲ့ လုပ်ကြံတဲ့သဘောပေါ့။

မေး။ ။ အရှင်ဘုရားတို့လုပ်တဲ့တရားပွဲတွေမှာ လုံခြုံရေးအားနည်းတာတွေရှိတယ်ဘုရား၊ တကယ်လို့သာ လုပ်ကြံတဲ့လူက တကယ်လုပ်ကြံမယ်ဆို နောက်ကမခွဲပဲ ရှေ့ကနေ လာမခွဲနိုင်ဘူးလားဘုရား။
ဖြေ။ ။ သူက ရှေ့ကနေဆိုရင် ဦးဇင်းရဲ့အရှေ့မှာ ပရိသတ်ကရှိနေတယ်၊ လူတွေကအများကြီးပဲ၊ ဟို…ပြောရမယ်ဆိုရင် စိတ်ကွယ်ရာမမဟုတ်တော့ မိနိုင်တာပေါ့၊ အခွင့်အရေးမသာဘူး၊ နောက်ကျောကြတော့ မီးရောင်ကလဲမှိန်တယ် နောက်တော့ အစောင့်အကြပ်တွေကလဲမရှိဘူး၊ လူလဲမရှိဘူး၊ အဲဒီတော့ သူတို့လဲ မမိနိုင်ဘူး အဲဒီသဘောမျိုးပါ။

မေး။ ။ အဲဒီဟာကို ဘယ်သူလုပ်တယ်လို့များ အရှင်ဘုရား သဲလွန်စရထားတာမျိုးတွေ ရှိပါသလားဘုရား။
ဖြေ။ ။ သူတို့က CCTV ကင်မရာကနေကြည့်ပြီးတော့ဖမ်းထားတယ်၊ ဒီထက်ပိုပြီးတော့ ဦးဇင်းတို့လဲ မသိရသေးဘူး။ အဲဒါလဲ မီဒီယာတွေကမေးမှ ဦးဇင်းတို့သိရတာ၊ ရဲစခန်းသွားကြည့်တဲ့လူတွေကိုလဲ အဆင့်မြင့်ရဲစခန်းကိုလွှတ်လိုက်ပြီးပဲပြောတယ်၊ ဦးဇင်းတို့လဲ ဒီလောက်ပဲသိရတာပါ။

မေး။ ။ ဒီလိုမျိုးလုပ်ရပ်တွေဟာ ငြိမ်းချမ်းရေးကို မလိုလားလို့သာလုပ်ဆောင်နေကြတာပေါ့လေ၊ ခုလိုငြိမ်းချမ်းရေးပျက်ပြားအောင်လုပ်တဲ့ဟာတွေကိုရော အရှင်ဘုရားအမြင်ပြောပါဦး။
ဖြေ။ ။ ငြိမ်းချမ်းရေးကို မလိုလားတာ နှစ်ဦးနှစ်ဘက်လုံးမှာရှိတာပဲလေ၊ ဥပမာ ဦးဇင်းတို့ ၂၀ ရက်က ဒိုင်းမွန်းရွှေကြည်ဦးဆောင်တဲ့ သင်္ဃန်းကျွန်းက မွတ်စလင်အဖွဲ့နဲ့ တွေ့ခဲ့တယ်၊ အဲဒီမှာ ဦးဇင်းတို့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့တယ်။ သင်္ဃန်းကျွန်းက မွတ်စလင်တွေက အရင်တုန်းက ဦးဇင်းအပေါ် ကြားခဲ့မြင်ခဲ့တာတွေက ခုဦးဇင်းကိုမြင်တော့ တစ်ခြားစီဖြစ်နေတယ်၊ ဦးဇင်းကို အထင်အမြင် လွဲမှားခဲ့တဲ့အကြောင်းကိုပြောပြီး လှိုက်လှိုက်လှဲလှဲကိုတောင်းပန်တယ်၊ ဦးဇင်းကလဲ သူတို့နဲ့ လက်တွဲပြီး ငြိမ်းချမ်းရေးကိုလုပ်မယ်လို့ ကတိပေးခဲ့တယ်။ (၂၁) ရက်နေ့မှာ ဦးဇင်းကိုဖုံးနဲ့အခွဲခံရတယ်၊ အရင်တုန်းကတော့ ဦးဇင်းကို ရန်သူတော်နံပါတ်တစ်အဖြစ် မွတ်စလင်တွေအများစုက သတ်မှတ်ကြတယ်၊ ဒါပေမဲ့ ဒီနေ့ဦးဇင်းနဲ့ဒိုင်းမွန်းရွှေကြည်တို့ ငြိမ်းချမ်းရေးကွန်ယက်က နည်းနည်းကျယ်ပြန့်လာတယ်၊ ရန်သူတော် နံပါတ်တစ်က ဒိုင်းမွန်းရွှေကြည်ဖြစ်သွားတယ်၊ ဒိုင်းမွန်းရွှေကြည်ကိုသတ်ပြီးမှ ဦးဇင်းကိုသတ်မှာလို့ ကြိမ်းဝါး လာကြတယ်။

မေး။ ။ ဦးဇင်းကို မွတ်စလင်တွေနဲ့ ပေါင်းပြီး အလုပ်လုပ်တာမျိုးတွေကို Facebook မှာ အပြောခံရတာမျိုးတွေကို တွေ့ရပါတယ်ဘုရား၊ အဲဒါမျိုးတွေကိုရော ဘယ်လိုမြင်ပါလဲဘုရား။
ဖြေ။ ။ မွတ်စလင်တွေက ဘုန်းကြီးတွေနဲ့ပေါင်းတာမကြိုက်ဘူး၊ ဗမာတွေကလဲ မွတ်စလင် တွေနဲ့ပေါင်းတာကို မကြိုက်ဘူး၊ ကျုပ် ဒိုင်းမွန်းရွှေကြည်နဲ့ပေါင်းတာ ဗမာသံဃာတွေက ကြေညာချက်တွေထုတ်ပြီး ကန့်ကွက်တဲ့အဆင့်ထိ အင်တာနက်မှာတွေ့ရတယ်၊ ဗမာတွေက ဝိုင်းကန့်ကွက်တယ်၊ တစ်ခါ ဦးမောင်အိမ်ကြွလဲ ကျုပ်ကို Facebook မှာ တိုက်ခိုက်ကြတယ်၊ ဗမာတွေက မကြိုက်ဘူး၊ ဟုတ်တယ်နော်။ ဒါပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးကို မလိုလားလို့ပဲ။ ဒါပေမဲ့ သူတို့က ကြေညာချက်ထုတ် ကန့်ကွက်တာ၊ ရှုတ်ချတာလောက်ပါပဲ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့အဆင့်ထိတော့ ဘယ်သူမှ မလုပ်ပါဘူး၊ ဒါပေမဲ့ ဒိုင်းမွန်းရွှေကြည်ကိုကြတော့ ပြည်တွင်းကရော ပြည်ပကရော မွတ်စလင်တွေကနေ အသက် အန္တရာယ်ကိုခြိမ်းခြောက်တယ်။ ဒါဘုန်းကြီးနဲ့ပေါင်းလို့။ ဖုန်းလာရင်တောင် သူ့မိသားစုက မကိုင်ရဲတော့ဘူး၊ သူပဲဒိုင်ခံပြီးဖြေနေတာ။ ဒါငြိမ်းချမ်းရေးကို မလိုလားလို့၊ ငြိမ်းချမ်းရေးကို မလိုလားတာ ဒိုင်းမွန်းရွှေကြည်တို့ဖက်မှာရှိသလို ဦးဇင်းတို့ဖက်မှာလဲရှိတယ်၊ ဒိုင်းမွန်းရွှေကြည်လဲ သူ့အချင်းချင်းတိုက်ခိုက်တာကိုခံရသလို ဦးဇင်းကိုလဲ အချင်းချင်းက ငြိုငြင်မှုကိုခံရတယ်၊ ဒါပေမဲ့ ဦးဇင်းတို့က ချစ်ကြည်ရေးကိုလုံးဝ အပျက်မခံနိုင်ဘူး။ ဆက်ပြီးတော့ သွားရမယ်။ သူကလဲဆက်ပြီးတော့ သွားမယ်လို့ကတိပေးထားတယ်။

မေး။ ။ ခုနောက်ပိုင်း ဦးဇင်းတရားပွဲတွေမှာ လုံခြုံရေးနဲ့ပတ်သက်လို့ လုပ်ထားတာမျိုးတွေ ရှိလားဘုရား။
ဖြေ။ ။ နယ်မှာကတော့ တော်တော်လေးလုပ်ထားပါတယ်။ CCTV ကင်မရာတွေ ဘက်စုံတပ်ထားတယ်၊ နောက်စစ်တပ်က မြို့ထဲတစ်လျှောက်ကားနဲ့ပတ်သက်ပြီး လုပ်ပေးတယ်၊ နောက်ရဲတွေက ကျောင်းဝင်းထဲရော ကျောင်းအပြင်တွေရော လုံခြုံရေးချပေးထားတယ်။ ပရိသတ်ထဲမှာပါ။ အရပ်ဝတ်နဲ့ ဝင်နေပြီး စောင့်ရှောက်တယ်လို့ကြားတယ်။

မေး။ ။ ရဲနဲ့တပ်နဲ့က အကူအညီပေးတယ်ပေါ့နော်။
ဖြေ။ ။ အဲဒါ နယ်မှာပေါ့၊ မန္တလေးမှာက ဆက်လဲမဟောဖြစ်သေးဘူး။ ဘယ်လိုအကူအညီပေးမလဲဆိုတာ မသိသေးဘူး။

ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရား။

ဆရာတော်အရှင်ဝီရသူသည် ၂၀၀၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကျောက်ဆည်မြို့ ဘာသာရေးအရေးအခင်းတွင် ပါဝင်သည်ဟုဆိုကာ ထိန်းသိမ်းခံခဲ့ရပြီး အမှန်တကယ်တွင် ထိုစဉ်က ထိန်းသိမ်းခံခဲ့ရပုံမှာ စာအုပ်ထုတ်ဝေမှုဖြင့် ထောင်ချခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ထောက်လှမ်းရေးများက ကျောက်ဆည်အဓိကရုဏ်းသည် ဆရာတော်ဝီရသူ၏ လက်ချက်ဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။ ထိုစဉ် ဆရာတော်ဝီရသူအား စာအုပ်ထုတ်ဝေမှု၊ တိပ်ခွေများဖြန့်ဝေမှု၊ သာသနာညှိုးနွမ်းအောင်ပြုလုပ်မှု၊ ဆူပူလှုံ့ဆောင်မှုများဖြင့် ၂၀၀၃ ခုနှစ်တွင် စုစုပေါင်း ထောင်ဒဏ် (၂၅) နှစ်ချမှတ်ခံခဲ့ရပြီး ထောင်တွင်းတွင်း ရှစ်နှစ်ကျော် နေထိုင်ခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။
မြေးချစ်ညို။
2.8.2013 ရက်နေ့ထုတ် မွန်းတည့်နေ သတင်းဂျာနယ် စာမျက်နှာအချပ်ပို (B) မှ ကူးယူဖော်ပြ။
From:

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>