Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပဋိပက္ခတွင် ပါဝင်သည့် ကစားသမားများကို အရေးယူမည်

$
0
0

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် နေပြည်တော်ကလပ်အသင်းနဲ့  ရန်ကုန် ယူနိုက်တက်အသင်းတို့ မနေ့ညနေက ကစားရာမှာ  ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ ပါဝင်ပတ်သက်တဲ့ ကစားသမားတွေကို အရေးယူမယ်လို့ မြန်မာနိုင် ငံ ဘောလုံးအဖွဲ့ချုပ် က ပြောပါတယ်။ပွဲမစင်ခင်ကတည်းက ၂ ဖက် ပရိသတ်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပြဿနာဟာ ပွဲကစားချိန်  မိနစ် ၃၀ ကျော်မှာ ရန်ကုန်ယူနိုက်တက်ကစားသမား ဒေးဗစ်ထန်းကို နေပြည်တော်ကလပ်အသင်း  နောက်ခံလူတွေက ဖျက်ထုတ်တာ ကြမ်းတဲ့အတွက် ဒိုင်က ပင်နယ်တီပေးလိုက်ရာမှာ နေပြည်တော်အသင်း ပရိသတ်တဦးက ကွင်းအတွင်း ၀င်ရောက်ပြီး ဒိုင်လူကြီးကို ရန်မှုခဲ့လို့ တာဝန်ရှိသူတွေက ထိန်းသိမ်းခဲ့ပါတယ်။

ဒီနောက်မှာတော့ ပွဲပြန်စခဲ့ပေမယ့် ၂ ဖက်ကစားသမားအကြား ရန်ပွဲဖြစ်ပွားခဲ့ပြီးတော့ ပွဲကို ရပ်နားခဲ့ရပါတယ်။  ဘောလုံးကစားသမားတွေ ရန်ဖြစ်နေစဉ်မှာ လာရောက်အားပေး တဲ့ ပရိသတ်တွေကလည်း ပွဲကြည့်စင်က ခုံတွေကို ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ ပါဝင်တဲ့ ကစားသမားတွေ အသင်းတာဝန်ရှိသူတွေကို ဗွီဒီယို၊ လုံခြုံရေး ကင်မရာ အထောက်အထားတွေကို ကြည့်ရှုပြီး လိုအပ်သလို အရေးယူသွားမယ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ဦးစိုးမိုးက ပြောပါတယ်။

ခုံတွေရိုက်ချိုး မူးယစ်ရမ်းကားသူတွေကိုတော့ သက်ဆိုင်ရာကနေ အရေးယူဆောင်ရွက်သွားမှာ ဖြစ်သလို ဖြစ်ပွားခဲ့တဲ့အခြေအနေကို သူက ပြောပါတယ်။

“အဲဒီမှာ တချို့က အရက်တွေ တော်တော်လေး သောက်လာတဲ့ ပရိသတ်တွေရှိတယ်။ နောက် နည်းနည်းသွေးဆိုးတဲ့ ပရိသတ်တွေပေါ့နော်။ နောင်ဆိုရင် ဒီလိုမျိုး ပရိသတ်ကို တားမြစ်တာတို့၊ အရက်သောက်လာရင် အ၀င်မခံတာတို့။ နောက်ပိုင်း ဒါသူတို့အတွက် အချက်ပေးခေါင်းလောင်းပဲ။ ဆိုတော့ ပရိသတ်တွေကလည်း ဒီလို ရမ်းကားတာမျိုး နှောင့်ယှက်တာမျိုးတွေ မဖြစ်အောင် ပိုပြီး ထိန်းသိမ်းရမှာပေါ့။ သင်ခန်းစာတခုရလိုက်တာပေါ့။ ကျန်တာကတော့ ဘာမှ ကြီးကြီးမှားမှား အနှောင့်အယှက် မဖြစ်နိုင်ပါဘူး။ ပရိသတ် ၂၀၀၀၀ လောက်ထဲမှာ ၁၀၀၊ ၂၀၀ လောက်ဆိုးတဲ့ ပရိသတ်ပေါ့နော်/ သောက်စားလာတဲ့ပရိသတ်တွေကိုလည်း ပရိသတ်အချင်းချင်း ၀ိုင်းထိန်းတာတို့၊ အမှားလုပ်တဲ့ ပရိသတ်ကလည်း နောက် သက်ဆိုင်ရာက အရေးယူမှု မကြုံရအောင်လို့ သူတို့ကိုသူတို့ ဆင်ခြင်မှရမယ်။ နောက်ဆုံး လုပ်သင့်တာအနေနဲ့ ပြောရရင် အရက်သောက်စားလာတဲ့လူ၊ အရက်မူးပြီးလာတဲ့လူတွေကို ပေးမ၀င်တာမျိုး၊ ဟန့်တားတာမျိုး လုပ်သင့်တာလို့ ကျနော်တို့ အသိရလိုက်တာပေါ့။ ဒါကို ကျနော်တို့ အသိတခုရလိုက်ပေမယ့် ဒီလိုမျိုး လုပ်ဖို့ကျတော့ အားလုံးပူးပေါင်းဆောင်ရွက်မှ ရမယ်။”

ဒီပွဲကို ပရိသတ် သောင်းကျော် လာရောက်အားပေးခဲ့တာဖြစ်ပြီး ရန်ကုန်ယူနိုက်တက် အသင်းကိုတော့ အနိုင်ပေးကာ ချန်ပီယံအဖြစ် ဆုံးဖြတ်ပေးခဲ့သလို နေပြည်တော်အသင်းကတော့ ဒုတိယနေရာ ရသွားပါတယ်။

ဒီပွဲဖြစ်စဉ်ဟာ မြန်မာနေရှင်နယ်လိဂ် သမိုင်းမှာ အလွန်ကို အကျဉ်းတန် အရုပ်ဆိုးပြီး လုံးဝလက်မခံနိုင်တဲ့ ဖြစ်ရပ်ဖြစ်သလို လာမယ့် ဒီဇင်ဘာမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိတဲ့  ဆီးဂိမ်း အရှေ့တောင်အာရှအားကစားပြိုင်ပွဲ လုံခြုံရေးနဲ့ပတ်သက်ပြီး အချက်ပေးခေါင်းလောင်းသံဖြစ်တယ်လို့ ၀ါရင့် အားကစားကလောင်ရှင် ဦးခင်မောင်ထွေးက ပြောပါတယ်။

“သက်ရောက်မှု ရှိမရှိတော့ မသိဘူး၊ ဆီးဂိမ်းမှာ ကျနော်တို့ သတိထားရမယ်ဆိုတာတော့ ဒါက သတိပေးခေါင်းလောင်းသံပဲ။ ဆီးဂိမ်းက ဒီထက် ပြင်းထန်တာ။ အခု မြန်မာအသင်းအချင်းချင်း ကစားတာတောင် ဒီလောက်ဖြစ်နေရင် မြန်မာအသင်းနဲ့ နိုင်ငံခြားအသင်း ကစားမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ မသိဘူး။ သက်ဆိုင်ရာတွေက လုံခြုံရေးကို အထူး ကြပ်မတ်ဖို့ လိုတယ်။”

အားကစားကလောင်ရှင်တဦးကတော့ ဒီဖြစ်စဉ်ဟာ လုံခြုံရေး အားနည်းချက်တခုကြောင့် ဖြစ်သလို အရှေ့တောင်အာရှပြိုင်ပွဲမှာ လုံခြုံရေးကို ဂရုစိုက်သင့်ကြောင်း ထောက်ပြပြောဆိုပါတယ်။

“မနေ့က ပွဲမျိုးကျတော့ ပရိသတ်က အရမ်းများတယ်။ လုံခြုံရေးက အရမ်းနည်းတယ်။ အရမ်းနည်းတော့ ပရိသတ်တွေက ဘာဖြစ်လဲဆိုတော့ သူတို့ အိမ်ရှင်အသင်း၊ အိမ်ကွင်း အခြေအနေမကောင်းတဲ့အခါမှာ ဆင်းလာကြတယ်။ ပရိသတ်ဆိုတာမျိုးက မျှမျှတတ အားပေးတဲ့သူတွေလည်း ရှိမယ်၊ သွေးဆူတဲ့သူတွေလည်း ပါလာမယ်။ သွေးဆူတဲ့ ပရိသတ်တွေ ကွင်းထဲရောက်လာတော့ လုံခြုံရေးမရှိတော့ အချိန်မီ မဟန့်တားနိုင်ဘူး။ အဲမှာ အခြေအနေတွေ ရှုပ်ထွေးသွားတယ်။ ဆီးဂိမ်းကို ဒီပုံစံနဲ့ သွားရင်တော့ ထိခိုက်မှာပဲ။ ဒီလိုလုံခြံရေး တာဝန်ယူမှုမျိုးနဲ့ဆိုတော့ ထိခိုက်မှာပဲ။”

အရင်ကလည်း မြန်မာလက်ရွေးစင်ဘောလုံးအသင်းနဲ့ အိုမန်အသင်းတို့ ယှဉ်ပြိုင်ကစားစဉ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့်  လျော်ကြေးပေးဆောင်ခဲ့ရသလို နိုင်ငံတကာပွဲတချို့လည်း မြန်မာနိုင်ငံမှာ ကျင်းပခွင့် အပိတ်ခံခဲ့ရဖူးပါတယ်။


From:Dvb

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...