Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဝင်းအတွင်း အသေးစား ပေါက်ကွဲမှုဖြစ်ပွား

$
0
0
ယမန်နေ့ညနေပိုင်းက ဂျကာတာအနောက်ဘက်ရှိ ဣိကယန ၀ီဟာရ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ထိုပေါက်ကွဲမှုကြောင့် လူသုံးဦးဒဏ်ရာရပြီး အဆောက်အဦ အစိတ်အပိုင်းအချို့ ပျက်ဆီးခဲ့သည်။ ထိုကျောင်းကို ၁၉၉၅ ၌ အနီးအပါးမှ ဗုဒ္ဓဘာသာကျောင်းသားများအတွက် ရည်စူးဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဂျကာတာအနောက်ပိုင်း ရဲအကြီးအမှူး ဖာဒီလ်အိမ်ရားန်ကမူ သက်သေခံများ၏ ပြောကြားချက် အရ ကျောင်း အတွင်းမှ ပေါက်ကွဲမှု အသံနှစ်ခုကို ကြားခဲ့ရကြောင်း ပြောပြသည်။
“သူတို့ကတော့ အဆောက်အဦထဲမှာ ဗုံးကို သီးသန့်ထည့်ထားတယ်လို့ ထင်နေကြတယ်။ ဒါပေမယ့် ကျနော်တို့ သတင်းအချက်တွေ စုဆောင်းနေပါတယ်။” လို့ သူက ဂျကာတာပို့စ်သို့ ပြောပြသည်။
ပထမပေါက်ကွဲမှုမှာ ဒေသစံတော်ချိန် ၉.၁၀ (ညဘက်) တွင်ဖြစ်ပြီး ဒုတိယပေါက်ကွဲမှုမှာ ၁၀.၄၅ (ညဘက်) တွင် ဖြစ်ကြောင်း၊ ည ၁၂ အချိန်ထိ ရဲများက ကျောင်းဝင်းအတွင်း အခြားဗုံးများရှိ မရှိ စစ်ဆေးခဲ့ကြောင်း၊ ဧပြီလကတည်းက မွတ်စလင် အစွန်းရောက်များက ဗုဒ္ဓဘာသာနှင့် မြန်မာပိုင် ပစ္စည်းများကို ပစ်မှတ်ထား တိုက်ခိုက်ရန် အစီအစဉ် ရှိနေခဲ့ကြောင်း၊ ယင်းမှာ မြန်မာပြည် တွင်း ဖြစ် ပျက်နေသည့် လူမျိုးဘာသာရေး အကြမ်းဖက်မှုများ အတွက် လက်တုန့်ပြန်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အင်ဒိုကမူ ဘာလီ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကတည်းက အကြမ်းဖက်မှု တိုက်ဖျက်ရေးကို စစ်ဆင်ရေး တစ်ခုအဖြစ် ဆောင်ရွက်နေကြောင်း ဂျကာတာပို့စ်က တင်ပြသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဘုန်းကြီးကျောင်းမှာ ဇင်ဗုဒ္ဓဘာသာ ဂိုဏ်းများမှ တခုဖြစ်မည်ဟု ယူဆရပါသည်။ ဒဏ်ရာ ရရှိသူ အရေအတွက်ကို ဂျကာတာပိုစ်မှ ၃ ယောက်ဟု ဖော်ပြခဲ့ပြီး စင်ကာပူအခြေစိုက် စထရိတ်တိုင်းမ် တွင်မူ ဒဏ်ရာရရှိသူ တစ်ဦးဖြစ်ပြီး ပေါက်ကွဲမှုမှာ အသေးစားပေါက်ကွဲမှုတခုဖြစ်ကြောင်း စထရိတ်တိုင်းမ်ရဲ့ ဂျာကာတာအခြေစိုက် သတင်းထောက်ရဲ့ တင်ပြချက်ကို ဖော်ပြထားရှိပါသည်။

From:စင်္ကာပူဖီး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ဆင်ဖြူ ရှင်၏ ယိုးဒယားအောင်ပွဲ


မြန်မာ့တပ်မတော်(ရေ)၏ စစ်ရေယာဉ်-773 အား ရေချ


ဝေဖန်မှု ဇာတ်လမ်းမျိုးစုံ နောက်ကွယ်က.... မိသားစုလိုက် ကတ်ကြေးနဲ့ထိုးခံရတဲ့...


♪ မြန်မာနိုင်ငံတစ်ဝန်း မြန်နှုန်းမြင့် Broadband အင်တာနက်...


မက္က⁠ဒေးမီးယား စိုက်ပျိုးနည်း


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ