အဆိုပါ ပြဿနာ ဖြစ်ပွားပြီးနောက်ပိုင်း ဆရာ ဆရာမ (၅)ဦး ဖြစ်ကြသည့် ဒေါ်ချစ်ချစ်ဆွေ (မ.လ.ပြ)၊ ဦးသန်းသန်းမောင်(အ.လ.ပြ)၊ ဒေါ်ဦးသိန်းရင် (အ.လ.ပြ)၊ ဒေါ်ညိုညိုစံ (အ.လ.ပြ) နှင့် ဒေါ်ဆန်းမြင့်နွယ် (မ.လ.ပြ) တို့သည် ဇူလိုင်လ ၉ ရက်နေ့က စပြီး ရွာကို စွန့်ခွာ သွားခဲ့ကြသည်ဟု ရွာသား တစ်ဦးက ပြောသည်။ ၎င်းစိတ္တရွာ အလယ်တန်း ကျောင်းခွဲတွင် ဆရာ ဆရာမ ၁၂ ဦးရှိသဖြင့် ဆရာ ၅ ဦးစာပြရန် မလာသဖြင့် ကျောင်းသား တချို့မှာ စာမသင်ဘဲ ဖြစ်နေကြသည်မှာ ရက်ပေါင်း ၂၀ ကျော်သွားပြီ ဖြစ်ကြောင်း သူက ဆိုသည်။ “ အဲဒီ ကိစ္စကို ဆရာမတွေက ကျောင်းအုပ်ဆရာကြီးနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှုးထံ တိုင်ကြား ခဲ့ပါတယ်။
အုပ်ချုပ်ရေးမှုးက အရူးကိုခေါ်ပြီး နောက်နောင် ဒီလိုမလုပ်ဖို့ ဆုံးမ ပြောဆိုပါတယ်။ နောက်ပြီး ဆရာမ ချစ်ချစ်ဆွေအတွက် လုံခြုံအောင် စောင့်ရှောက် ပေးပါ့မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီဆရာမက တော့ ကျောင်းမတက် ရဲသေးပါဘူး ။ အဲဒီကိစ္စကို အခွင့်ကောင်းယူပြီး နောက်ထပ် ဆရာ ဆရာမ(၄) ဦးကလည်း သူနောက်က နေလိုက်ပြီး ကျောင်းပျက်ကွက်နေပါတယ်” ဟု ရွာသားက ဆိုသည်။ ဆရာမများက သူတို့ ကျောင်းသွားတက် ရင် အရူးက ရန်လိုပြီး အနှောင့်အယှက် ပေးမည်ကို စိုးရိမ်ကြောင်း၊ သို့အတွက် ကျောင်းမတက်နိုင်ကြောင်း၊ ၎င်းဆရာမများက အရူးကို ဖမ်းဆီးပြီး ထောင် ချပေးရန်တောင်းဆိုကြောင်း၊ သို့မှသာ ကျောင်းတက်နိုင်မည်ဟု ပြောကြောင်း၊ သို့အတွက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့နှင့် ကျောင်းသားမိဘများ စုပေါင်းပြီး ရဲစခန်းကိုသွားပြီး တိုင်ကြားရကြောင်း၊ ရဲစခန်းက အရူးကို ဖမ်းဆီးပြီး စစ်ဆေးခဲ့ကြောင်း သူက ဆိုသည်။ “ အဲဒီအရူးက ရူးလဲ သိပ်မရူး၊ ပြီတော့ မ ကောင်းတဲ့ နောက်ကြောင်း ရာဇဝင် ပြသာနာ တစ်စုံတစ်ရာ မရှိ ပါဘူး။
အခုပြသာနာက တံခါးကို ဆောင့်တွန်းမှု တစ်ခုတည်းနဲ့ အမှုဖွင့်ပြီး ထောင်ချလို့ မကောင်းသလို ထောင်ချလို့လဲ မရပါဘူး လို့ ရဲစခန်းက ပြောပါတယ် ။ အဲဒီ အရူးကို ရဲစခန်းမှာ (၇)ရက် ကြာ ထိန်းသိမ်းထားခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်” ဟု ဆက်ပြောသည်။ ၎င်းပြင်သူက “ အဲဒီအရူးကလည်း နောက်နောင် ဒီလို မလုပ်တော့ ပါဘူးလို့ ပြောပါတယ်။ အဲဒီ ဆရာမ တွေ ဖြစ်စေချင် တဲ့ ဆန္ဒအတိုင်း အကုန်လုံးကို ရွာသားတွေဘက်က အားလုံး လုပ်ပေးထားပြီပါပြီ။ အဲဒါတောင် အဲဒီဆရာ မ(၅)ဦးဟာ ကျောင်းမတက်ပဲ ကျောင်းပျက် နေကြတုန်းပါပဲ” ဟု ရွာသားကဆိုသည်။ အုပ်ချုပ်ရေးမှုး အဖွဲ့မှ ဆရာ ဆရာမ အားလုံးးအတွက် ကျွန်တော်တို့ တာဝန်ယူကြောင်း အုပ်ချုပ်ရေး အဖွဲ့က ပြောသော်လည်း ဆရာ ဆရာမ (၅) ဦး ကျောင်းမလာဘဲ ပျက်ကွက်နေသဖြင့် ကျောင်းသား မိဘများမှာ သားသမီးများ ပညာရေးအတွက် စိတ်ပူပြီး ရင်တတ် မအေးဖြစ်နေရကြောင်း သတင်း ရရှိသည်။
www.mmdailystar.com