Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

`ဒေါ်အောင်ဆန်းစုကြည် မှားသွားသလား`` ဖေ့စ်ဘုတ် ဆွေးနွေးချက်များမှ ကောက်နုတ် ဖော်ပြချက်

$
0
0
မတ် ၁၆၊ စနေညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းရေး ကော်မရှင်ဖွဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံ လူထု ကို ကျေ လည်အောင် တင်ကြို မရှင်းပြခဲ့တာလို့ ``ဒေါ်အောင်ဆန်းစုကြည် မှားသွား သလား`` ခေါင်းစဉ် နဲ့ ဆွေးနွေးကြဖို့ ဖိတ်ခေါ်ခဲ့တာမှာ ပါဝင် ဆွေးနွေးသူ အများစုက ခေါင်းစဉ် ကို သေသေချာ ချာ မကျေလည်ဘဲ ဆွေးနွေးကြတာကို တွေ့ရပါတယ်။

ကော်မရှင် ဥက္ကဌအဖြစ် တာဝန်ယူပြီး နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံလူထုကို ဒီကော်မရှင်ကို ဘာကြောင့် ဖွဲ့ရတယ်၊ ကော်မရှင်က ဘာတွေ ဆောင်ရွက်နိုင်တယ်၊ ကော်မရှင်က ထုတ်ပြန်တဲ့ အကြံပြုချက်နဲ့ သုံးသပ်ချက်တွေဟာ ဒေသခံတွေ အတွက်သာမ တိုင်းပြည်နဲ့ လူထုအကျိုးကိုပါ ရည်သန်ထားတယ် စသဖြင့် ပီပီပြင်ပြင် မရှင်းပြခဲ့လို့များ ဒေသခံတွေရဲ့ လက်သင့်ခံမှု အားနည်းခဲ့သလားလို့ ဘီဘီစီက မေးခွန်းတင်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ စိတ်ဝင်စားစရာ ကွန်မန့်တချို့ကို ထုတ်နုတ်တင်ဆက်ပါတယ်။

``ဒေါ်အောင်ဆန်းစုကြည်ဟာ ပေါ့ပေါ့တန်တန် စဉ်းစား ဆုံးဖြတ်တတ်သူ မဟုတ်တာတော့ သေချာပါတယ်`` (မျိုးရာဇာ)။

``ဒေါ်အောင်ဆန်းစုကြည်ကို လေးစားသင့်သလို ဒေသခံတွေရဲ့ စိုးရိမ်မှုကိုလည်း စဉ်းစားသင့်ပါတယ်။ စိတ်ဝမ်းကွဲပြားရင် ဘယ်သူမှ အကျိုး မရှိပါဘူး`` (၀င်းရန်နိုင်)။

``ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါဝါကိုအစိုးရ၊ ဦးပိုင်နဲ့ တရုတ်ကို ထုတ်ပြပြီး တရုတ်နဲ့ ဦးပိုင်တို့ရဲ့ ကယ်တင်ရှင် ဖြစ်သွားသလို စီမံကိန်းကိုလည်း မျက်စိအောက် ထားလိုက်တော့ ဒေသခံ ပြည်သူတွေရဲ့ လိုအပ်ချက်ကို အကောင်းဆုံး လုပ်ပေးနိုင်တော့မှာပါ`` (စိုးမင်း)။

``ဒေသခံတွေရော ကူနေသူတွေပါ အစီရင်ခံစာကို သေချာ လေ့လာ သုံးသပ်စေချင်ပါတယ်`` (မြင့်ထွန်းဟာဆန်)။

``ရွာသားတွေက ဒီအတိုင်းတော့ ဆန္ဒထ မပြပါဘူး၊ တို့မီးရှို့မီးတွေလည်း ရှိလို့ပါ`` (နမ့်ခ်)။

``ဒေသခံတွေက နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ အတွေးအခေါ် နိမ့်ပါးပါတယ်။ ဒါကို နိုင်ငံရေး လုပ်တဲ့သူတွေက မြှောက်ပေးလို့ အမြတ်ထုတ်ကြပါတယ်`` (အောင်မျိုး)။

``ဒေသခံတွေ သေချာနားလည်အောင် အရင် ရှင်းပြဖို့ လိုသွားတယ်လို့ ထင်ပါတယ်`` (ဒါဒါမောင်)။

``ဒေသခံတွေ ဆင်းရဲတွင်းထဲ ကျနေတာ ကြာပါပြီ၊ သူတို့ဘ၀ထဲ ၀င်ကြည့်မယ်ဆို အပြစ်တင်ရက်မှာ မဟုတ်ပါဘူး`` (အောင်အောင်)။

``ဒေါ်အောင်ဆန်းစုကြည်လည်း မမှားပါ၊ ဒေသခံတွေလည်း မမှားပါ၊ မှားတာက အာဏာရှင်စနစ်ပါ`` (သန်းဌေး)။

``ဆင်ခြင်တုံတရား အားနည်းနေကြလို့ပါ၊ အစီရင်ခံစာက နိုင်ငံအတွက်ရော ဒေသခံတွေအတွက်ပါ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာပါ`` (၀င်းထွန်း)။

``တရားခံအစစ်က စစ်အစိုးရပါ၊ စီမံကိန်း မစခင်ကထဲက ပြည်သူကို သဘောပေါက်အောင် ရှင်းပြပြီး သဘောညီချက် တောင်းခဲ့ရမှာပါ`` (ဇော်နိုင်ဦး)။

``ဒေါ်အောင်ဆန်းစုကြည် မမှားပါဘူး၊ ဒေသခံတွေက ခေါင်းအေးအေးနဲ့ စဉ်းစားသင့်ပါတယ်`` (စိုးသူရနိုင်)။

``ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုနဲ့ တဖြည်းဖြည်း ဝေးလာပါပြီ။ သမ္မတဖြစ်ချင်တော့ အစိုးရကို အလိုလိုက်တဲ့ သဘော ရှိလာပါပြီ`` (ချစ်သူ)။

``ဒီတခါ အလျှော့ပေးလိုက်ရင် နောင်ဆို တရုတ်က တတိုင်းပြည်လုံး ငွေနဲ့ပေါက် ၀ယ်နေတော့မှာပါ။ ငွေမလိုပါဘူး၊ မြေသာလိုပါတယ်`` (နီသွေး)။

``ဒေါ်အောင်ဆန်းစုကြည် မှားပါတယ်၊ အရင်က အရှုပ်တွေကို ဒိုင်ခံပြီး ရှင်းနေတာကိုး`` (ပညာဝီရ)။

``မဟာအမှားလို့တောင် ပြောရပါတယ်၊ ဓားခုတ်ရာ လက်ဝင်လျှိုတာပါ`` (စိုးဦး-အညာမြေ)။

``လက်ပံတောင်းတောင် အစီရင်ခံစာဟာ ဒီမိုကရေစီရဲ့ အရသာလေးကို စပြီးမြည်းစမ်းခွင့်ရတဲ့ ပြယုဂ်လို့ ထင်ပါတယ်။ ဥပဒေ အရေးကြီးပုံကို မတ်ဆေ့ခ်ျပေးသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ`` (ပဉ္စမ)။

``ဒေါ်အောင်ဆန်းစုကြည် မမှားပါ။ အခုထောက်ခံပြီး တော်ကြာထလို့ ဆန္ဒပြတဲ့ ကိုယ်ပိုင်ဥာဏ်နည်းတဲ့ သူတွေသာ မှားတာပါ`` (ငြိမ်းမင်းနိုင်)။

``ပထမတော့ မှားသွားတယ်လို့ ထင်ခဲ့တယ်၊ တကယ်က ဒေါ်အောင်ဆန်းစုကြည် မှန်ပါတယ်။ မှားတာက အစိုးရပါ`` (၀င်းမြန်မာ)။

``ဒေါ်အောင်ဆန်းစုကြည်က အကောင်းဆုံး ဆောင်ရွက်ပြသွားပါတယ်၊ တကယ်တော့ မှားတယ်/မှန်တယ် ဆိုတာလည်း မရှိပါဘူး`` (ရဲထွန်း)။

From:BBC

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>