Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တိုက်ပွဲဆက်မလုပ်တော့ဟု SSPP အား ရမခ တိုင်းမှူးခေါ်ပြော

$
0
0
၂ ရက်တာ တိုက်ပွဲခေတ္တငြိမ်သက်သွားချိန်တွင် ရမခ တိုင်းမှူးက သျှမ်းပြည်တပ်မတော်၏ လားရှိုးရုံး ထိုင်အား လွတ်လပ် စွာလှုပ်ရှားသွားလာ နိုင်ပြီဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်မှ လိုက်လံ နှောင့်ယှက် ပစ်ခတ် ခြင်း ပြုလုပ်မည် မဟုတ်တော့ ကြောင်းပြောကြား သည်ဟု SSPP/SSA ကပြောပါသည်။

“မနေ့က မနက် ၉ နာရီမှာ ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးက ကျနော်တို့ရဲ့ လားရှိုးမြို့ ဆက်ဆံ ရေးရုံးထိုင် အရာရှိကို ခေါ်ပြီးတော့ ‘ခင်ဗျားတို့ စခန်းကို တက်တိုက်တဲ့ ကျနော်တို့စစ်ကြောင်းကို နောက်ဆုတ်ဖို့ ထွက်ပေါက်ပေးလို့ ကျေးဇူးတင် တယ်။ ရှေ့ဆက်ပြီးတော့ ခင်ဗျားတို့ကို မ နှောင့်ယှက်တော့ဘူး။ ခင်ဗျား တို့ အဲဒီဘက်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှား သွားလာပါ့’ လို့ပြောတယ်” ဟု သျှမ်းပြည် တိုးတက်ရေးပါတီ ပြော ခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ က ပြောသည်။

ယခုလ ၁၂ ရက် ညနေပိုင်းက တန့်ယန်းမြို့နှင့် မိုင်းကောင်တိုက်နယ်ကြား သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၏ တပ်ရင်း ၁၉၂ လွယ် စေးတပ်စခန်းအား မြန်မာစစ်တပ် ခလရ ၂၉၁ တို့မှ တက် တိုက်ခြင်း ဖြစ်သည်။ သျှမ်းပြည် တပ်မတော် ၏ ဝန်းရံတိုက်ခိုက်ခြင်းခံရပြီး အဆိုပါ စစ်ကြောင်းကွဲသွားရာ မိုင်းကောင်ဘက်တပ်ဆုတ်ပြန်နိုင်ရန် သျှမ်းပြည်တပ်မတော် ဘက်က လမ်းဖွင့်ပေးပြီး နှစ်ရက်တာဖြင့် တိုက်ပွဲ ပြီး ဆုံးသွားခြင်းဖြစ်သည်ဟု သျှမ်းပြည်တပ် မတော် ဌာနချုပ်က အရာရှိ များကဆိုသည်။

“ ၁၂ ရက်နေ့ ညနေပိုင်းက အစိုးရတပ်ဖွဲ့ကွဲတယ်။ ကျနော်တို့ကိုတိုက်စစ်ဆင်နေတဲ့ နမ့်ပေါင် အခြေစိုက် ခလရ ၂၉၁ လေ။ သူတို့တွေကွဲ သွား ပြီး တယောက်တပေါက် ထွက်ပြေးကြတယ်။ တချို့ဆို ကျွဲအု ပ်နွားအုပ် ထဲပြေးပုန်းကြတယ်။ ကျနော်တို့နယ် မြေ ဆိုတော့ဗျာ၊ သူတို့က နယ်မြေလဲမကျွမ်းဘူးလေ။ သူတို့ဘက်တော့ အသေအကျများတယ်၊ တိကျတော့စာရင်းမရ သေးဘူး” ဟု သျှမ်းပြည်တပ်မတော်မှ တပ်မှူးတ ဦးကပြောပါသည်။

နှစ်ဦးနှစ်ဘက်အင်အားဖြည့် တိုက်ခိုက်မှုကြောင့် တိုက်ပွဲမှာ ၁၃ ရက်နေ့ ညနေပိုင်းအထိ ဖြစ်ပွါးခဲ့သည်။ တိုက်ပွဲများ ငြိမ်သက်သွားပြီးနောက် ပိုင်း ရမခ တိုင်းမှူးက SSPP အား ထိုသို့ခေါ်ပြောခြင်းဖြစ်သည်။

ယခင်လလယ်က သျှမ်းပြည်တပ်မတော်အား ထိုးစစ်ဆင်နေမှု တိုက်ပွဲများရပ်တန့်ရန် သမ္မတဦးသိန်းစိန် ညွှန်ကြားပြီး တလမပြည့်မီအဆိုပါဒေ သတဝိုက်အတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။ ယခု တကြိမ် ဖြစ်ပွားသည့် တိုက်ပွဲလည်း အစိုးရတပ်ကရေခပ်ဆင်းသည့်သျှမ်းပြည် တပ်မတော် ရဲဘော် အားပစ်ခတ်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
 
From:သျှမ်းသံတော်ဆင့်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>