Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ ကိုယ်စားပြု တင်ပြမှာမဟုတ်ဟု NLD ဆို

$
0
0




အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ် တွေအနေနဲ့ မျိုးစောင့်ဥပဒေကို လွှတ်တော်ထဲမှာ ကိုယ်စားပြုပြီး တင်ပြဖို့ အစီအစဉ် မရှိဘူးလို့ ပြောပါတယ်။


ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အများစုကတော့ ဒီဥပဒေဟာ မြန်မာ အမျိုးသမီးတွေ အတွက်လိုအပ်တယ်ဆိုပြီး ဥပဒေပြဌာန်းဖို့ ကြိုးစားမယ်လို့ အတိအလင်းပြောလာပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းပြီး သတင်းရယူထားတဲ့ ရေဒီယိုသြစတြေးလျ သတင်းထောက် မဝေစန္ဒာကျော်က ပြောပြမှာ ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ ထောက်ခံမဲပေါင်း ၂ သန်း နီးပါးနဲ့ လွှတ်တော်မှာ ဥပဒေတစ်ခု ဖြစ်ဖို့ တင်ပြလိုက်ပြီ ဖြစ်တဲ့ မျိုးစောင့် ဥပဒေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့လွှတ်တော် ကိုယ်စားလှယ် ၄၀ကျော်က ကိုယ်စားပြုပြီး တင်ပြမှာ မဟုတ်သလို ဒီဥပဒေဟာ မလိုအပ်တဲ့ ဥပဒေတစ်ခု ဖြစ်တယ်လို့ နေပြည်တော် ဇဗ္ဓူသီ၇ီ မြို့နယ် မဲဆဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကပြောပါတယ်။

ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျမတို့ လွှတ်တော်ထဲမှာ တင်ပြလာတာ မရှိသေးပါဘူး။လွှတ်တော်ကိုယ်စားလှယ် များ အနေနဲ့ လည်းတင်ဖို့ အစီအစဉ် မရှိပါဘူး။ သေချာတာကတော့ ကျမတို့ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် ၄၃ ဦးလုံးက တင်ပြထားတာ မရှိပါဘူး။ ကျမတို့အနေနဲ့ ကတော့ မြန်မာဓလေ့ ထုံးတမ်း ဥပဒေတွေ ကတော့ ရှိပြီးသားပါ။

ဒါပေမဲ့ တစ်ဖက်မှာတော့ ဗုဒဘာသာ သံဃာတော် အချို့ကတော့ ဒီဥပဒေဟာ လိုအပ်တယ်ဆိုပြီးတော့လည်း ပြောဆိုမှုတွေ ရှိနေတာပါ။ ဒီဥပဒေကို အတည်ပြုနိုင်ဖို့ လွှတ်တော်ထဲမှာ ဥပဒေကြမ်းအဖြစ် တင်ပြလိုက်ပြီလို့လည်း မျိုးစောင့် ဥပဒေ ရေးဆွဲပြဌာန်းနိုင်ရေး ကြိုးပမ်းနေတဲ့ အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဆရာတော် တစ်ပါး ဖြစ်တဲ့ ဦးစန္ဒာသီ၇ီက မိန့်ပါတယ်။

လွှတ်တော်ရယ် နိုင်ငံတော်သမ္မတရယ် ကိုတင်ပြထားပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ် အသီးသီးက ပြည်သူ တွေ လက်မှတ်ထိုးထားတဲ ထောက်ခံလက်မှတ် ၁၈.၉ သန်းကိုလည်း တင်ပြထားပြီးဖြစ်ပါတယ်။

လွှတ်တော်ထဲ ဒီဥပဒေနဲ့ ပတ်သက်ပြီး မဲခွဲ ဆုံးဖြတ်မှုတွေ လုပ်တဲ့ အခါမှာ ဒီမိုကရေစီ နည်းအရ ကန့်ကွက်သူတွေ ရှိရင်လည်း ထွက်လာတဲ့ ဆုံးဖြတ် ချက်အပေါ်မှာ ကြည့် ရမယ်လို့ ၉၆၉ လှုပ်ရှားမှုမှာ ဦးဆောင်သူဖြစ်တဲ့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ က မိန့်ပါတယ်။

ဒီမိုကရေစီခေတ်က ဒီလိုပဲလေ။ အမြင်မတူသူတွေ ငြိမ်သက်စွာ၊ ငြင်သာစွာ၊ သိမ်မွေ့စွာ၊ ငြင်းခုံကြတာပဲလေ၊ လွှတ်တော်ထဲမှာလည်း ငြင်းခုံကြမှာပဲလေ၊ ထောက်ခံသူ ကန့်ကွက်သူတွေ လည်းရှိပါတယ်။ ဦးဇင်းတို့ ကတော့ အမြင်လွှတ်လပ်စွာ ကွဲလွဲခွင့် ပေးထားတယ်။

ဒီမျိုးစောင့် ဥပဒေကြမ်းမှာတော့ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်မယ့်သူဟာ တရားဝင်ဗုဒ္ဓဘာသာဖြစ်ရမယ်လို့ ဆိုထားပါတယ်။ ဒါမှမဟုတ် လက်ထပ်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင် လက်မှတ်ရှိရမယ်လို့ ဆိုရပါတယ်။ ဒါကိုမလိုက်နာရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရမယ်ဆိုပြီး ပြစ်ဒဏ်ကိုပါ တပါတည်း အဆိုပြုထားပါတယ်။

ဒါကြောင့် ပြည်တွင်းပြည်ပ က လူ့အခွင့်အရေးလှုပ်ရှားသူတွေ ဒီဥပဒေဟာ လူအခွင့်အရေး ချိုးဖောက်မှု တွေ ရှိနေတယ်လို့ ပြောဆိုမှုတွေ လည်းရှိနေပါတယ်။
 
From: Kachin Daily News

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>