Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၈၈၈၈ တွင်ကျောင်းသားများ ဆူပူအုံကြွရခြင်းသည် မိမိတို့အပြစ်မကင်းဟု ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးမှပြောကြား

$
0
0


၈၈ အရေးအခင်းနဲ့ ပတ်သက်ပြီး ၈၈ တုန်းကကျောင်းသားများဆူပူအုံ့ကြွခဲ့ရခြင်းသည် မိမိတို့အပြစ်မကင်း ဘူးလို့ ၈၈ အပေါ်အမြင်နဲ့ ပတ်သက်ပြီး အင်တာဗျူးတဲ့အခါမှာ ၈၈ ကျောင်းသားတစ်ယောက်ဖြစ်တဲ့ ဦးကိုကိုကြီးက ပြောကြားသွားခဲ့ပါတယ်။

ဦးကိုကိုကြီးက "ကျနော်တို့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဖြစ်မြောက်ရေးအတွက် ကြိုးစားနေတဲ့အချိန်၊ တတ်နိုင် သလောက် စုစည်း ထားတဲ့ ကျောင်းသားအဖွဲ့အစည်းတွေ၊ သမဂ္ဂတွေနဲ့ ပုန်းလျှိုးဝှက်လျှိုး အစည်းအဝေးတွေ လုပ်နေတဲ့ အချိန် မှာ ဒေါက်တာမောင်မောင်က တွေ့ဆုံဆွေးနွေးချင်တဲ့ အကြောင်းကို ကမ်းလှမ်းလာတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က တကယ်တွေ့ဆုံ ဆွေးနွေးချင်တယ် ဆိုရင် ကျနော်တို့တွေ့မယ့်ကိစ္စ ကိုနိုင်ငံပိုင်ရေဒီယို၊ရုပ်မြင်သံကြား၊သတင်းစာတွေကနေတရားဝင်အသိပေးကြေညာရမယ်၊ကျနော်တို့တွေ့ဖို့ အသွားအပြန်လုံခြုံရေးကိုတာဝန်ယူပေးရမယ်ဆိုပြီးပြန်ပြောလိုက်တယ်။ နောက်တကြိမ် ဒေါက်တာမောင်မောင်က အသံလွှင့်မိန့်ခွန်းကနေ ထပ်မံကမ်းလှမ်းလာပါတယ်။ ကျွန်တော်တို့ကလည်း လက်မခံဘဲထပ်မံပယ်ချခဲ့ပါတယ်။ 
 
ဒါပေမယ့် အဲတာဟာမှားခဲ့မှန်းဒီ ၂၅ နှစ်တာကာလ ကြာခဲ့တဲ့အချိန်မှာ ကျနော်တခု ပြန်သုံးသပ်မိတာရှိ တယ်။ တွေ့ဆုံဆွေးနွေးရေး ဆိုတာနဲ့ ပတ်သက်ပြီး သုံးသပ်မိတာပါ။
တကယ်တော့ လက်နက်ကိုင်အဖွဲ့တွေနဲ့ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးသဘောထား ကွဲလွဲတဲ့ သူတွေနဲ့ပဲ ဖြစ်ဖြစ် တွေ့ဆုံဆွေးနွေး တော့မယ်ဆိုရင် စစချင်းမှာ မီဒီယာတွေခေါ်၊ ဆလိုက်မီးတွေထိုး၊ ဓာတ်ပုံတွေရိုက်၊ မှတ်တမ်းတွေတင် ဆိုတာနဲ့ စလေ့စထ မရှိဘူး။
 
တကယ်က အလွတ်သဘော ထိတွေ့မှုကနေစတာ။ အဆင့်တဆင့် အောင်မြင်လာတော့မှ သတ်သတ်မှတ်မှတ် ညှိနှိုင်းပြီး ဘယ်လောက် သဘောထား ထုတ်ပြန်မယ် ဆိုတာကို လုပ်ကြရတာ။ တွေ့ဆုံဆွေးနွေးရေးရဲ့ သဘောသဘာဝက အလွတ် သဘော ဆွေးနွေးမှုတွေနဲ့ စရတယ်ဆိုတာ ငယ်စိတ်တွေနဲ့ ခိုးကြောင်ခိုးဝှက် တွေ့ပြီး လက်ဝါးချင်းရိုက် အပေးအယူလုပ် တာမျိုးကို လက်မခံဘဲ အပြတ်ငြင်းခဲ့ကြတာ။
 
ဒီနေ့ဒီအချိန် ကျနော်တို့နိုင်ငံမှာ အင်မတန် သိမ်မွေ့တဲ့ ကိစ္စမျိုး ဆွေးနွေးတော့မယ်ဆိုရင် ဆွေးနွေးပွဲတွေရဲ့အစက အလွတ် သဘော တွေ့မှုတွေကနေ စမယ်၊ တခုရှိတာက ကိုယ့်ဘက်က အရေးပါတဲ့လူတွေ ကိုတော့ ပွင့်လင်းမြင်သာမှု ရှိရမယ်။ ဒါက လူသိရှင်ကြား မပြောသေးပေမယ့် စပြီးထိတွေ့နေပြီ၊ ဘယ်နှကြိမ် ဆွေးနွေးမယ်၊ ဘာတွေ တိုးတက်မှုရှိတယ်ဆိုတာ ကိုယ့်အချင်းချင်း ကြားထဲ အသိပေးပြီးတော့မှ အောင်မြင်တဲ့ အဆင့်တဆင့် ရောက်ရင် ဘာတွေ သတင်းထုတ်ပြန် ရမယ်ဆို တာ ဖြစ်သင့်တယ်။
 
အဲဒီတုန်းက စပြီး ကမ်းလှမ်းစဉ်မှာပဲ တခါတည်း အပြတ် ငြင်းချလိုက်တယ်။ အဖြစ်အပျက်တွေကလည်း အရမ်းမြန်နေတော့ တဘက်ကလည်း ဒါကို အရေးတယူနဲ့ ပြန်တုန့်ပြန်တာမျိုး မရှိတော့ဘူး။ အဲဒီအချိန်က စပြီး နောက်ဆုံး ဆူပူအုံကြွမှုတွေကြောင့် အခြေအနေပိုဆိုး ကျနော်တို့အားလုံး ဖမ်းဆီးခံရ၊ ထောင်ကျခံရ၊ ဒီနေ့ အခြေအနေ အထိရောက်လာတာပဲ။
 
From:MEG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>