Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အမေရိကန်အကျဉ်းထောင်အခန်းအတွင်း လေးရက်ကြာပစ်ထားခံရသူ ကန်ဒေါ်လာလေးသန်း နစ်နာကြေးရ

$
0
0

အကျဉ်းထောင်ရှိ အကျဉ်း သားများထားရှိရာအခန်းအတွင်း လေးရက်ကျော်ကြာ ပစ်ထားခြင်း ခံရသော အမေရိကန်ပြည်ထောင်စု စန်ဒီယာဂိုမြို့မှ တက္ကသိုလ်ကျောင်း သားတစ်ဦးကို အမေရိကန်အစိုးရ က အမေရိကန်ဒေါ်လာလေးသန်း ကျော် နစ်နာကြေးပေးခဲ့ကြောင်း သူ၏ရှေ့နေက ပြောကြားခဲ့သည်။

တက္ကသိုလ်ကျောင်းသားဒန် နီယယ်ချောင်သည် သူ၏ကျင်ငယ် ရေကိုသောက်၍ အသက်ဆက်ခဲ့ ရပြီး သူ၏စိတ်ချောက်ချားနေမှုနှင့် ပတ်သက်၍ မိခင်ဖြစ်သူထံ အမှာ သတင်းပါးရန် ကြိုးပမ်းခဲ့ကြောင်း သိရ သည်။ ချောင်သည် ၂၀၁၂ခု နှစ်က မူးယစ်ဆေးဝါးနှင့်ပတ်သက် သည့် ဝင်ရောက်ဖမ်းဆီးမှုအတွင်း ဖမ်းဆီး ချုပ်နှောင် ခံရခြင်းဖြစ်ပြီး အချုပ်ခန်းအတွင်း လေးရက်ကြာ သည်အထိ သူ့ထံသို့ မည်သူ မျှ ရောက်ရှိ လာခဲ့ခြင်းမရှိဟု ဆိုသည်။

ဖြစ်ပွားမှုနှင့်ပတ်သက်၍ တရားရေးဌာနမှ စုံစမ်းစစ်ဆေး ရေးအရာရှိတို့က စုံစမ်းစစ်ဆေး ခဲ့ကြခြင်း   ဖြစ်သည်။ ချောင်အား အကျဉ်းထောင်အခန်းထဲမှ ကယ် တင်ပြီးနောက် ဆေးရုံတွင် ငါးရက် ကြာ ဆေး ကု သမှုခံယူခဲ့ရသည်။ သူသည် ရေဓာတ်ခန်းခြောက်   ခြင်း၊ ကျောက်ကပ်အလုပ် မလုပ် ခြင်း၊ ကြွက် တက်ခြင်းဝေ ဒနာ များ ကို ခံစားခဲ့ရပြီး ကိုယ်အလေးချိန် ၁၅ပေါင် ဆုံးရှုံးခဲ့သည်။

ချောင်သည် မှားယွင်းစွာ မေ့လျော့မှုကြောင့် အခန်းကျဉ်း အတွင်း ပစ်ထားခြင်းခံရခြင်းဖြစ် ပြီး မတော်တဆ မှားယွင်းမှုက သူ့အတွက်အလွန်ဆိုးရွားချောက် ချားဖွယ်ရာဖြစ်ခဲ့သည်ဟု ဆို သည်။ ချောင် အားထား ရှိသော အခန်း တွင် ပြတင်းပေါက်မရှိဘဲ အခန်းထဲ၌ လေးရက်ကျော် ပိတ်မိ နေစဉ်အတွင်း အစားအ စာနှင့် ရေရရှိခဲ့ခြင်းမရှိဟု ဆိုသည်။

ချောင်၏ဖြစ်ရပ်မှနေ၍ ပေါ်ထွက်လာသောရလဒ်မှာ ဖမ်း ဆီးထိန်းသိမ်းထားသူများအတွက် မူဝါဒသစ်ကို သတ်မှတ်ပြဋ္ဌာန်း ခဲ့ ကြောင်း သိရသည်။ သတ်မှတ်ပြ ဋ္ဌာန်းမှုအရ အကျဉ်းထောင်အခန်း များကို နေ့စဉ်စစ်ဆေးရေး ဝင်ခြင်း နှင့် အခန်းများတွင် ကင်မရာများ တပ်ဆင်ထားစေခြင်းတို့ ပါဝင် ကြောင်း သိရသည်။


From: BBC

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>