Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လာဘ်စားမှုအများဆုံးကျောင်း ၁၉ကျောင်းစာရင်း တရားဝင်ထုတ်ပြန်ထားသည်ဆိုသည်မှာမဟုတ်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးဦးဉာဏ်ထွန်းဦးပြောကြား

$
0
0


အွန်လိုင်း သတင်းစာမျက်နှာတစ်ခုတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအ ဖွဲ့ကထုတ်ပြန်ထားသည်ဟူ ၍ ဖော် ပြထားသော လာဘ်စားမှုအများ ဆုံးကျောင်း ၁၉ ကျောင်းစာရင်း မှာ တရားဝင်ထုတ်ပြန်ထားခြင်း မဟုတ်ဟု အဆိုပါတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးတစ်ပါးဖြစ်သူ ဦးဉာဏ်ထွန်းဦးက ပြောသည်။
 
အဆိုပါလာဘ်စားမှုအများ ဆုံးကျောင်းများ၏ အမည်စာရင်း များကို ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့က တရားဝင်ထုတ်ဖော်ပြော ကြားထားခြင်းဖြစ်သည်ဟု မီဒီယာတစ်ခုမှ ဖေ့စ်ဘွတ်စ်စာမျက်နှာ တွင် ဖော်ပြ ထားခြင်းဖြစ်သည်။
 
ဝန်ကြီးဦးဉာဏ်ထွန်းဦးက ''အဲဒါကို တိုင်းဒေသကြီး အစိုးရ အဖွဲ့က မထုတ်ပြန်ထားပါဘူး။ သ တင်းအမှားတွေပါ။ ထုတ်ပြန်တဲ့ သူတွေက တခြားတစ်ယောက် ယောက်ကို မေးရင်းဖော်ပြလိုက် တာဖြစ်မှာပါ''ဟု ဆိုသည်။
 
အဆိုပါကိစ္စနှင့်ပတ်သက် ပြီး နေပြည်တော်ပညာရေးဝန်ကြီး ဌာနရုံးသို့ဆက်သွယ်မေးမြန်းရာ ယင်းတို့၏ဝန်ကြီးဌာနရုံးသို့ တရား ဝင်အကြောင်းကြားစာမရောက် သေးသဖြင့် မသိရှိသေးဟု တာဝန် ရှိသူတစ်ဦးကပြောသည်။
 
အွန်လိုင်းတွင်ဖော်ပြထား သော ကျောင်း ၁၉ ကျောင်း၏ အမည်စာရင်းမှာ အထက်တန်း ကျောင်းမင်္ဂလာဒုံ(၂)၊ ဒဂုံ(၁)၊ ဗိုလ် တထောင်(၄)၊ ဗိုလ်တထောင် (၅)၊ ကမာရွတ်(၂)၊ ရန်ကင်း (၂)၊ လမ်း မတော်(၂)၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း (TTC)၊ လသာ(၂)၊ ဗဟန်း(၂)၊ စမ်းချောင်း(၂)၊ အလုံ(၄)၊ အင်း စိန်(၂)၊ တာမွေ(၄)၊ ကမာရွတ် (၅)၊ အလယ်တန်းကျောင်းတွင် ပန်းဘဲတန်း(၁)၊ အခြေခံပညာမူလ တန်းကျောင်းများတွင် ကမာရွတ် (၂)၊ ဗဟန်း(၂)၊ ဗဟန်း (၃)တို့ဖြစ် သည်ဟု ဖော်ပြထားသည်။
 
ယင်းနှင့်စပ်လျဉ်း၍ ဗဟန်း မြို့နယ်လက်ထောက်ပညာရေး မှူးဦးတင်ဖုန်းက ''ကျောင်းအုပ်ကြီး ၁၉ ဦးကို ပညာရေးဝန်ကြီးဌာနက နေပြီးခဲ့တဲ့နှစ်က ခေါ်တွေ့တာမျိုး ရှိတယ်။ ဒါကလဲ ကျောင်းတွေက နာမည်ကြီးနေတဲ့အတွက် လာဘ် စားမှုတွေမရှိအောင် ထိန်းထိန်း သိမ်းသိမ်းလုပ်ဆောင်ကြဖို့အ တွက်ပါ။ ဒီလိုအနေနဲ့ခေါ်တွေ့ တာမျိုးပဲရှိပါတယ်။ အခုလာဘ် စားတယ်ဆိုပြီး သတင်းတက်လာ တယ်ဆိုတာကလဲ ဖွလိုက်တာလို့ပဲ ထင်တယ်''ဟု ပြောကြားသည်။
 
ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံပညာမူလတန်း ကျောင်း ပေါင်း၂၂၈၀ဝနီးပါး၊ အလယ် တန်း ကျောင်းပေါင်း၂၅ဝ ခန့်နှင့် အထက် တန်းကျောင်းပေါင်း ၁၇၀ နီးပါး ခန့်တို့ ဖွင့်လှစ်ထားကြောင်း အမှတ် (၃)အခြေခံပညာဦးစီးဌာနထုတ် ပြန်ချက်များအရ သိရသည်။
 
From:YNG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>