Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သူရဦးရွှေမန်း ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယကရာထူး လွှဲပြောင်းရယူမည်

$
0
0

လွှတ်တော်တွင်း ကိုယ်စားလှယ် အရေအတွက် အများဆုံး ရရှိထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဥက္ကဋ္ဌနှင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ဇူလိုင်လ ၃၁ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ရာထူး လွှဲပြောင်း ရယူမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သူရ ဦးရွှေမန်းသည် ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ ရာထူးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အခမ်းအနားဖြင့် လက်ခံမည် ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတနှစ်ဦး၊ ပြည်ထောင်စု ဝန်ကြီး များနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကို ဖိတ်ကြားထားပြီး တက်ရောက်ခြင်း ရှိ မရှိ ကိုမူ လွှတ်တော် သို့ အကြောင်းပြန်ထားခြင်း မရှိသေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နိုင်ငံတော် သမ္မတအဖြစ် တာဝန် ထမ်းဆောင်နိုင်ရန် ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ဇူလိုင်လ ၁၈ ရက်နေ့က ဒုတိယအကြိမ် ပြောကြား ထားသည်။ ပြည်ထောင်စု လွှတ်တော် လက်ကျန် သက်တမ်း ၂ နှစ်ခွဲတွင် နာယကအဖြစ် တာဝန်ထမ်းဆောင်မည့် သူရဦးရွှေမန်းသည် ဇူလိုင်လ ၁၈ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းကာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပခဲ့ပြီး သူရဦးရွှေမန်း က ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ရန် အတွက် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ပေးသွားမည် ဖြစ်ကာ လက်ရှိတွင် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ကိုင်နေကြောင်း ပြောကြား ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထောင်စု လွှတ်တော် နာယကအဖြစ် ပထမ ၂ နှစ်ခွဲ သက်တမ်းကို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ဆောင်ရွက် ရမည်ဖြစ်ပြီး လက်ကျန် သက်တမ်း ၂ နှစ်ခွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဆောင်ရွက်ရမည် ဖြစ်သည်။ ယခုလက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက ရာထူးကို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထမ်းဆောင်နေသည်။
From:The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>