Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ငွေကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းများ Ringtune များထည့်သွင်းနိုင်ပြီဖြစ်

$
0
0
ယခုလက်ရှိ ငွေကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းတွေမှာယခင်မိုဘိုင်းဖုန်းတွေလို Ringtune များထည့်သွင်းနိုင်ပြီဖြစ်တယ်လို့ ဇူလိုင်လ ၂၇ ရက်နေ့က
Sakura Tower မှာကျင်းပတဲ့ ငွေကျပ်တစ်ထောင့်ငါးရာ တန် မိုဘိုင်းဖုန်းများ Ringtune စတင်အသုံးပြုနိုင်မှုနဲ့ ပတ်သက်ပြီး မိတ်ဆက်တဲ့ အခမ်းအနားမှ သိရပါတယ်။ ငွေကျပ် တစ်ထောင့်ငါးရာ တန် မိုဘိုင်းဖုန်းများအတွက် Hello Music  ၀န်ဆောင်မှုကို MIS (Myanmar Telecommunication & Technology Services) ကုမ္ပဏီမှ စီစဉ် ပြုလုပ်တာ ဖြစ်ပါတယ်။

အဆိုပါဝန်ဆောင်မှုကို ဆောင်ရွက်လိုသူတွေအနေနဲ့ ငွေကျပ် တစ်ထောင့် ငါးရာ တန်မိုဘိုင်းဖုန်းနဲ့ ၁၂၁၂ သို့ ခေါ်ဆိုပြီး အမည်၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်အမှတ်နဲ့ နေရပ်လိပ်စာတို့ကိုပေးပို့ကာ ပြုလုပ်နိုင်သလို အသုံးပြုမယ့်မိုဘိုင်းဖုန်းနဲ့ နံပါတ် ၃၃၃ ကို Register လို့ ရိုက်နှိပ်ပြီး SMS ပေးပို့ကာ Ringtune အစီအစဉ်ကို အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှု ကိုတော့ ပြီးခဲ့တဲ့မေလက တည်းက စတင်ပြီး ပြုလုပ်နိုင်တာဖြစ်ပြီး လက်ရှိမှာတော့ အသုံးပြုသူအနေနဲ့ ၁၈၇၅၀ ဦးခန့်ရှိပြီး ဖြစ် တယ်လို့လည်း သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုအတွက် သံစဉ်တွေကိုလည်း www.hellomusic.comမှ mylibrary မှာ ၀င်ရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။ အဆိုပါRingtune  များအသုံးပြုမှုကိုတော့ ၀န်ဆောင်ခအတွက်လစဉ်ကြေးအနေနဲ့  ၁ လကို ငွေ နှစ်ထောင် ကျပ်နဲ့ သီချင်းတစ်ပုဒ်အတွက် ၃၀၀ ကျပ် ဖြစ်တယ်လို့ သိရှိရပါတယ်။



.
From:MRTV

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...