Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရက်လွန် ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုးနိုင်ပြီ

$
0
0
၁၅၀၀ တန် Sim Card များအား သက်တမ်းတိုး ဆောင်ရွက်နိုင်ကြောင်း အဆိုပါ မိုဘိုင်းဖုန်းနှင့် ပတ်သက်သည့် Hot Line (3456) မှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့၌ အသုံးပြုသည့် တန်ဖိုးနည်း ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုး ဆောင်ရွက်လိုပါက ဗိုလ်အောင်ကျော်လမ်းရှိ ဗဟိုစာတိုက်ကြီး အပေါ်ထပ်တွင် ဆောင်ရွက်နိုင်ကြောင်း သိရသည်။ အကြောင်း အမျိုးမျိုးကြောင့် ရက်လွန်ပါက သက်တမ်းတိုး လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်ထားရန် စာချုပ်၊ ဖုန်းကတ်၊ မှတ်ပုံတင် မိတ္တူတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ အကယ်၍ သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ဌာနတို့မှ စာချုပ်ထုတ်ပေးထားခြင်း မရှိပါက စာချုပ်ထုတ်မပေးရသေးကြောင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံး၊ ဌာနတို့ မှ ထောက်ခံချက် ပါရှိရမည်ဖြစ်ကြောင်း၊ ရက်လွန် ၁၅၀၀ တန် ဆင်းကတ်များ သက်တမ်းတိုး လျှောက်ထားနိုင်ခြင်းနှင့် ပတ်သက်၍ ဇူလိုင်လ ၂၅ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

သက်တမ်းလွန်ရခြင်းအတွက် ထောက်ခံချက် (ကတ်ထုတ်ပေးသည့် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၊ ဌာန၏ ထောက်ခံချက်) ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူတစ်စောင် စသည့် စာရွက်စာတမ်းများနှင့် တိုင်းဒေသကြီးမန်နေဂျာထံ လိပ်မူ၍ လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။ ဖုန်းကတ်ဝယ်ယူထားသည့်နေ့မှစ၍ ၁၅ရက်အတွင်း တယ်လီဖုန်းဆင်းကတ်တွင် မူလထည့်သွင်းပေးထားသည့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ ကျပ် မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ငွေဖြည့်သုံးစွဲရမည်ဖြစ်ကြောင်းမြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။

ဆင်းကတ်ကို အခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်းရောင်းချခြင်းမှ ကာကွယ်ရန်အတွက် ၁၅ ရက်အတွင်း အသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သွားမည် ဖြစ်ကြောင်းသိရသည်။ ၎င်း တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို လစဉ် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ပြောဆိုခ ကျပ် ၂၅၀၀ အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီးဖြစ်၍ နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကတ် မှ ၅၀၀၀ ကျပ်ကို အပြည့်မသုံးစွဲပါက အလိုအလျောက် ကျပ် ၅၀၀၀ ပြည့်သည်အထိ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း၊ ဖြည့်သွင်းထားသောငွေ ကုန်ဆုံးပြီးနောက် ၁၅ ရက်အတွင်း ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက အဆိုပါဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။

From: Internet Journal

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>