Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၁၅၀၀ ဂျီအက်စ်အမ်ဖုန်း အမ်ပီတီငွေဖြည့်ကတ် သုံးနိုင်ပြီ

$
0
0

ယခုချထားပေးသည့် ကျပ် ၁၅၀၀ ဂျီအက်စ်အမ် ဆင်းမ်ကတ်အတွက် ငွေဖြည့်ကတ်သီးသန့် အသုံးပြုရန် မလိုဘဲ အမ်ပီတီမှ ငွေဖြည့်ကတ်သာ ထည့်သွင်း အသုံးပြုနိုင်ကြောင်း သိရသည်။ ယင်းဂျီအက်စ်အမ် ၁၅၀၀ တန်ဖုန်းများသည် အမ်အီးစီမှ ထုတ်လုပ်သည့် ကျပ် ၁၅၀၀ တန် CDMA ၈၀၀ ဖုန်းများကဲ့သို့ သီးသန့် ငွေဖြည့်ကတ် ထည့်သုံးစွဲရန် မလိုဘဲ ဂျီအက်စ်အမ် ရိုးရိုးငွေဖြည့်ကတ် သာ ဖြည့်သွင်း သုံးစွဲရမည် ဖြစ်သည်ဟု သိရသည်။

“အခုရောင်းမယ့် ၁၅၀၀ တန် ဂျီအက်စ်အမ်ကတ်တွေက MPT က ကတ်တွေပဲဆိုတော့ သီးသန့် ငွေဖြည့် ကတ် ဝယ်သုံးစရာ မလိုဘူး၊ လက်ရှိ ဂျီအက်စ်အမ်ကတ်တွေမှာ သုံးနေတဲ့ ငွေဖြည့်က တ်ပဲ ဖြည့်သွင်းပြီး အသုံးပြုနိုင်တယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းသို့ အမ်အီးစီမှ ထုတ်လုပ်သည့် သီးသန့် ငွေဖြည့်ကတ် ဝယ်ယူမသုံးစွဲရခြင်းသည် ၁၅၀၀ တန် ဂျီအက်စ်အမ် ကိုင်ဆောင်သူများ အတွက် ပို၍ သုံးစွဲရလွယ်ကူကြောင်း လူကြီးမင်း မိုဘိုင်းဖုန်း အရောင်းဆိုင်မှ အထွေထွေမန်နေဂျာ မဇာခြည်က ပြောသည်။

“၈၀၀ အတွက် အမ်အီးစီကတ်တွေက တစ်ခါတလေ ဈေးကွက်မှာ က ပြတ်လပ်သွား တာတို့ ဖြစ် တယ်၊ နောက်ပိုင်းဆို ကတ်အရေအတွက်တွေကလဲ ပိုများလာမယ်ဆိုရင် ငွေဖြည့်ကတ် များများထုတ်နိုင်မှ အဆင်ပြေမယ်၊ အခုဂျီအက်စ်အမ်ကျတော့ အရင်ငွေဖြည့်ကတ်တွေပဲ သုံးလို့ရတော့ ပိုအဆင်ပြေတယ်၊ ဒါကလဲ ငါးထောင်တန် ကတ်လောက်ပဲ အရောင်းများတယ်” ဟု ယင်းက ပြောသည်။

ဂျီအက်စ်အမ်သုံး ငွေဖြည့်ကတ် အတွက် ကျပ် ၅၀၀၀၊ ၁၀၀၀၀ ၊ ၂၀၀၀၀ နှင့် ၃၀၀၀၀ တန်အထိ ငွေဖြည့်ကတ် ထုတ်လုပ်ထားသော်လည်း ကျပ် ၁၀၀၀၀ တန်နှင့် ၅၀၀၀ တန် ကတ်သာလျှင် ဆိုင်အများစုမှ ရောင်းချခြင်းများ ရှိသည်ဟု သိရသည်။ ရန်ကုန်တိုင်း ဒေသကြီးတွင် ယခုလမှစတင်၍ ကျပ် ၁၅၀၀ ဖြင့် ဂျီအက်စ်အမ် ဆင်းမ်ကတ် အလုံးရေ ၈၇၅၀၀ လုံးကို ဇူလိုင် ၂၅ ရက်မှစတင်၍ တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ချထားပေးခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>