Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သားအမိနှစ်ယောက် သတ်တဲ့ တရားခံ လှတောရွာမှာ ဖမ်းမိ

$
0
0

 ဒဂုံတောင်မြို့နယ်တွင် အမျိုးသမီးအလောင်းနှင့် ကလေးအလောင်း တွေ့ရှိသည့် လူသတ်မှုမှ တရားခံ ပြည့်ဝအောင်အား တိုင်တန်းပြီး (၃)ရက်အကြာ ၎င်း၏ဇာတိရွာမှ ဖမ်းဆီးရမိ



၂၃.၇.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ဒဂုံတောင်မြို့နယ်၊ ရွာသာကြီး ရပ်ကွက်၊ ဒီဇင်ဘာ အိမ်ယာ မုခ်ဦး အ၀င်လမ်း၏ အနောက်ဘက် ကွင်းထဲတွင် မအေးအေးအောင်၊ ၂၁နှစ်၊ အအေးခန်း စက်ရုံ အလုပ်သမ၊ (ဘ)ဦးမြင့်အောင်၊ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေသူ၏အလောင်းနှင့် ၎င်း၏ ဘေးတွင်မွေးကင်းစ ယောက်ျားကလေးတစ်ဦး အလောင်း ကိုပါတွေ့ရှိရပြီး အလောင်းများမှာ ပုတ်ပွလျက်ရှိသဖြင့် ဒဂုံတောင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃၃/၂၀၁၃)ဖြင့်
ရေးဖွင့်စုံစမ်းစစ်ဆေးခဲ့ရာ မှုခင်းဆရာဝန်ကြီး၏ စစ်ဆေးချက်များ အရလည်းကောင်း၊ သေဆုံးသူ မအေးအေးအောင်နှင့် ချစ်ကြိုက်ပြီး သားမယားအဖြစ် ဆက်ဆံခဲ့သူ ပြည့်ဝအောင်(စုံစမ်းဆဲ)မှ ၁၉.၇.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် သူမအား လာရောက် ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ပျောက်ဆုံးနေကြောင်း စုံစမ်းစစ်ဆေး သိရှိချက်များအရ လည်းကောင်း ဒဂုံတောင်မြို့မရဲစခန်း (ပ)၆၀၂/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲ အရေးယူခဲ့ကာ ပြည့်ဝအောင်အား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

စုံစမ်းရရှိချက်အရ ပြည့်ဝအောင်၊ (ဘ)ဦးမြင့်သန်း၊ အစာစပ်စက်ရုံ လုပ်သား၊ ရွာသာကြီး၊ ဒဂုံမြို့သစ်(အရှေ့)မြို့နယ် နေသူမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ မျက်နှာပန်းကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သတင်းရရှိသဖြင့် ဒဂုံတောင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အရှေ့ပိုင်းခရိုင်အထူး မှုခင်း နှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များသည် လိုက်လံ စုံစမ်းရှာဖွေ ဖမ်းဆီးခဲ့ရာ ၀က်လက်မြို့နယ်၊ လှတောကျေးရွာ၌ ၂၆.၇.၂၀၁၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
From:သစ်ထူးလွင်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>