Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နိုင်ငံသားများအားလုံး လူမျိုးဘာသာမခွဲခြားဘဲ အစဉ်အလာစောင့်ထိန်းလျက် ညီညွတ်စွာ နေထိုင်သွားရေးရှေးရှု

$
0
0

ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် ပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို စည်းလုံးညီညွတ်စွာဖြင့် အားကြိုးမာန်တက် တည်ဆောက်လျက်ရှိပါသည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားအားလုံးသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သည့် ဘာသာတို့ကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိသည်။ 

သမိုင်းစဉ်တစ်လျှောက် မတူညီသော ဘာသာဝင်များအကြား စည်းလုံးညီညွတ်စွာ သဟဇာတဖြစ်ဖြစ် နေထိုင်လျက်ရှိပါသည်။ ၂ဝ၁၂ ခုနှစ်၊ မေလက ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ရာဇဝတ်ပြစ်မှုတစ်ခုအပေါ် အခြေခံ၍ လူမှုအသိုက်အဝန်း နှစ်ခုအကြား ဇွန်လနှင့် အောက်တိုဘာလတို့တွင် ဖြစ်ပျက်ခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များသည် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသား ပြည်သူများအတွက် များစွာ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ်များဖြစ်ခဲ့ပါသည်။ ၂ဝ၁၃ ခုနှစ်၊ မတ်လတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ဈေးဝယ်သူချင်း အချင်းများရာ၌ အုပ်စုချင်းအကြမ်းဖက် လုပ်ရပ်များနှင့် ပဲခူးတိုင်းဒေသကြီးရှိမြို့နယ် အချို့၌ အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

 ၂ဝ၁၃ ခုနှစ်၊ မေလတွင် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်လည်း ဆူပူသည့်ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံတော် အစိုးရသည် ဤဖြစ်စဉ်များ၊ အကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ရန်နှင့် တရားဥပဒေ စိုးမိုးရေးကို အချိန်တိုအတွင်း ပြန်လည်ထိန်းသိမ်း ဆောင်ရွက်ခဲ့ပါသည်။ ဤသို့ဆောင်ရွက်ရာတွင်လည်း အင်အားအလွန်အကျွံ သုံးစွဲခြင်းမပြုရန် သတိကြီးစွာဖြင့် ဆောင်ရွက်ခဲ့သလို အကြမ်းဖက်မှုကျူးလွန်သူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ တားဆီးဆောင်ရွက်ခဲ့ပါသည်။ ဥပဒေချိုးဖောက်သူများကိုလည်း မည်သည့်လူမျိုးနှင့် ဘာသာဝင်မဆို ခွဲခြားခြင်းမပြုဘဲ ကျူးလွန်သည့် ပြစ်မှုအတိုင်းအတာအရ ဥပဒေနှင့် ညီညွတ်သော ပြစ်ဒဏ်များချမှတ် အရေးယူခဲ့ပါသည်။ ဖမ်းဆီးအရေးယူမှု၊ ပြစ်ဒဏ်ချမှတ်မှုများ၊ စစ်ဆေးဆဲပြစ်မှုများကိုလည်း သတင်းစာများတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

 မြန်မာနိုင်ငံတော် အစိုးရသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရခိုင်ပြည်နယ်အစိုးရ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ အိုင်အင်ဂျီအိုများ၊ အင်ဂျီအိုများနှင့် ပူးပေါင်း၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူများအား ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုမရှိဘဲ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့ပါသည်။ စေတနာရှင် နိုင်ငံအသီးသီး၏ အစိုးရများမှတစ်ဆင့် ထောက်ပံ့ကူညီမှုများကိုလည်း နှစ်ဖက် အသိုက်အဝန်းသို့ မျှတစွာ ထောက်ပံ့ဖြန့်ဝေ ပေးခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင် ပြည်ထောင်စုအစိုးရက တာဝန်ယူ ဆောက်လုပ်ပေးသော လူနေအဆောက်အအုံ လုံးချင်းအိမ် ၉၆ဝ လုံး ဆောက်လုပ်ရန်အနက် ၉၄၅ လုံး ဆောက်လုပ်ပြီးစီးပြီး၊ တဲတန်းလျား ၁၄၄၃ လုံး ဆောက်လုပ်ရန်အနက် ၁၄၁၃ လုံး ဆောက်လုပ်ပြီး၍ ဒုက္ခသည်များအား နေရာချထားပေးပြီးဖြစ်ပါသည်။ 

ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ယူသော အဆောက်အအုံ လုံးချင်းအိမ် ၂၈၂ လုံး ဆောက်လုပ်ရန်အနက် အားလုံးဆောက်လုပ်ပြီးစီးပြီး၊ တဲတန်းလျား ၉၃၇ လုံး ဆောက်လုပ်ရန်အနက် ၅၃၈ လုံး ဆောက်လုပ်ပြီးစီးပြီး ဖြစ်ပါသည်။ အိုးမဲ့အိမ်မဲ့ ဖြစ်သူများအား ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး များကိုလည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ဗုဒ္ဓဘာသာနှင့် မူဆလင် ဘာသာဝင်များအကြား ယုံကြည်မှုနှင့် သဟဇာတဖြစ်မှုတို့သည် မြန်မာပြည်သူများအကြား ရေရှည်တည်ငြိမ်အေးချမ်းမှုအတွက် အရေးကြီးကြောင်း မြန်မာနိုင်ငံ နိုင်ငံတော်အစိုးရနှင့် လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအသီးသီးမှ ခေါင်းဆောင်များက ကောင်းစွာသိမြင်သလို အလေးထား ဆောင်ရွက်နေသည့် ကိစ္စရပ်လည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိသကဲ့သို့ အပြန်အလှန် ယုံကြည်လေးစားမှုနှင့် နားလည် စာနာသည်းခံမှုများ ရှိရန်လည်း လိုအပ်သည်။ 

ထို့ပြင် ဘာသာရေး အစွန်းရောက်သည့် ရန်လိုမုန်းတီးမှုများကို ဆန့်ကျင်တိုက်ဖျက် သွားရန်နှင့် ဘာသာရေး ပဋိပက္ခများ ကြီးထွားအောင် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသူများကို ဝိုင်းဝန်းဆန့်ကျင် သွားရန်လည်း လိုအပ်ပါသည်။ ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ၌ တည်ငြိမ်မှုများ ပြန်လည်ရရှိနေပြီ ဖြစ်သော်လည်း ပြည်တွင်းပြည်ပမှ အချို့အဖွဲ့အစည်းများက မြန်မာနိုင်ငံအတွင်း ဘာသာရေးခွဲခြားမှု၊ လူမျိုးရေးခွဲခြားမှုများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ ပုံဖော်စွပ်စွဲမှုများ ပေါ်ပေါက်လျက် ရှိပါသည်။ ထိုသို့သော ပုံဖော်စွပ်စွဲမှုများကြောင့် ပြဿနာများ ပို၍ရှုပ်ထွေးသွားစေနိုင်မည်ကို သတိပြုသင့်ပါသည်။

 တိုင်းရင်းသားပြည်သူလူထုများ၊ နိုင်ငံသားများအားလုံး လူမျိုးဘာသာ ခွဲခြားမှုမရှိဘဲ ငြိမ်းချမ်းညီညွတ်စွာဖြင့် သမိုင်းစဉ်တစ်လျှောက် ဂုဏ်သိက္ခာမြင့်မားစွာ နေထိုင်ခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အစဉ်အလာကို စောင့်ထိန်းလျက် အနာဂတ်ကာလတွင်လည်း ယင်းသို့ ညီညွတ်စွာ နေထိုင်သွားရေးကို ရှေးရှုဆောင်ရွက်သွားကြရမည်ဖြစ်သည်။ 

တစ်ချိန်တည်းမှာပင် နိုင်ငံရေး၊ စီးပွားရေး၊ စနစ်သစ်တစ်ရပ်အား အောင်မြင်စွာ တည်ဆောက်နိုင်ရေးကို နိုင်ငံသားတိုင်း၏ အဓိကတာဝန်အဖြစ် ခံယူကြိုးပမ်း ဆောင်ရွက်သွားကြရန် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။ နိုင်ငံတော်အစိုးရသည် လူမျိုးဘာသာမခွဲခြားဘဲ အထက်ပါ ဖြစ်စဉ်များကြောင့် ထိခိုက်နစ်နာခဲ့သူများအား ပြန်လည်နေရာချထားရေး၊ ပုံမှန်ဘဝသို့ ပြန်လည်ထူထောင်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော သဟဇာတဖြစ်မှု၊ ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းနိုင်ရေးအတွက် စေတနာရှင်နိုင်ငံများ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းမှ စေတနာရှင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>