Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လူပြောများတဲ့ အမြန်လမ်း အကြောင်းကို လောလောလတ်လတ် အပြည့် မောင်းခဲ့တဲ့ ယာဉ်မောင်းတစ်ယောက်အနေနဲ့ အတွေ့ အကြုံလေးပြောပြမယ်

$
0
0


ရန်ကုန်က မန္တလေးအသွားမှာ ရန်ကုန်-နေပြည်တော် မိုင် ၂၀၀
နေပြည်တော်-တံတားဦး ၁၅၃ မိုင် ပြီးတော့ မေမြို့တက်လို့ ထုံးဖိုကတန်းတက်သွားတယ်

မန္တလေးက ရန်ကုန်အပြန်မှာ ကျွဲဆည်ကန် အထွက် ၃၆၈ လို့ထင်တယ် အဲဒီကစတယ်

ရန်ကုန်က စအထွက်ကို စပြောမယ် နေပြည်တော်ထိ လမ်းဖောက်ထားတာ Lane ကျဉ်းတယ် လို့ခံစားရတယ် အကွေ့တွေမှာ အလိုက်သင့်မဖြစ်ဘူး ကုန်းတက်သွားပြီး ပြန်အဆင်း လမ်းကွေ့တွေ ဘွားကနဲပေါ်လာတယ် အရှိန်များရင် လယ်ဆင်းထွန်ရနိုင်တယ် အချိုးတွေမှာ လမ်းဒီကရီမချိန်ပေးထားဘူး အရှိန်နဲ့ကွေ့ရင် ဖင်ပါပါသွားတယ်

နေပြည်တော်ဂိတ်က တံတားဦးဂိတ်အထိ မောင်းလို့ အဆင်ပြေတယ် တချက်တချက် ရင်ခုန်စေတာကလွဲလို့ ဒါလောက်တော့ရှိမှာပေါ့ Lane လည်း နဲနဲ ပိုကျယ်တယ် ခံစားရတယ် တဖြောင့်တည်းဖြစ်လို့ထင်တယ် ဆိတ်အုပ်တွေ နွားလှည်းတွေ ဖြတ်တာ ပိုစိတ်တယ်

အပြန်လမ်း ကို ဆက်ပြောမယ် ကျွဲဆည်ကန် ဂိတ်က စဖြတ်ပြီးတာနဲ့ မိတ္ထီလာ ရောက်တဲ့အထိ ကားက စကိတ်စီးနေရသလိုလို သံလိုက်တွန်းကန်အားနဲ့ မောင်းနေရသလိုလို အလိုလိုနေရင်း ဟိုဖက်ဒီဖက်ပြေးနေတယ် တည်လို့ခက်တယ် Speed ကတော့ ၁၂၀ ကျော်လောက်မှာ စဖြစ်တာ

မိတ္ထီလာ အထွက်ကစပြီး နေပြည်တော် ဂိတ်အထိ မဆိုးဘူး နေပြည်တော် က ရန်ကုန်အပြန်လမ်းက ရေဝပ်တယ် လမ်းခြောက်နေရင်တော့ ပြသနာမရှိလောက်ဘူးထင်တယ်

ခရီးစဉ်အစအဆုံးအရ သုံးသပ်ဝေဖန်ရရင်

(၁) လမ်းအချိုးအကွေ့တွေ မပြေခြင်း
(၂) လမ်းလယ်ဗယ် ဒီဂရီ လိုက်မစောင်းပေး၍ အကွေ့ တွင်အန္တရာယ်များခြင်း
(၃) Lane ကျဉ်းခြင်း
(၄) လမ်းပုခုံး များ မပီပြင်ခြင်း
(၅) တံတားများ အလယ်တွင်တွင် ချောက်များ ကိုမဖုံးအုပ်ထားခြင်း
(၆) လမ်းလိမ်နေခြင်း တို့ဖြစ်ကြသည်

ပြုပြင်စေလိုသောအချက်များ

(၁) တံတားများ အလယ်တွင် အကာအရံထားရုံဖြင့် မလုံလောက်ပါ အလယ်ကွက်လပ်ချောက်ကိုပါ ဖုံးအုပ်ပေးထားလျှင် ချောက်ထဲ ပြုတ်ကျတာမျိုးမဖြစ်နိုင်ပါ ထိုနည်းတူ လမ်း ညာဖက်ဘေး တွင်လည်း တံတားကို ထပ်ချဲ့ပေးသင့်သည်

(၂) အချို့နေရာများတွင် နွားလှည်းများ ဆိတ်အုပ်များ မဖြတ်နိုင်စေရန် အရံအတားများ ထပ်ထည့်စေလိုသည် သို့မဟုတ် Under Pass သို့မဟုတ် Bridge များရှိစေလိုသည်

(၃) ရာသီဥတုပြင်းသည့်အချိန်တွင် လေဖြတ်တိုက်လျှင်ကားရွေ့ရွေ့သွားသဖြင့် လေကာများလည်း ထားသင့်သည်

(၄) အဓိကအချက်အနေဖြင့် ၂ လမ်းမောင်းအစား ၄ လမ်းမောင်းအထိချဲ့နိုင်လျှင် Lane များအား ပိုကျယ်ပေးနိုင်လျှင် Accident rate ကိုသိသိသာသာ လျော့ကျစေမည်ထင်သည်

ခြုံငုံသုံးသပ်လျှင်

အမြန်လမ်းသည် လုံးဝ စုတ်ပဲ့နေသောလမ်းတော့မဟုတ်ပါ သို့သော် တချက်ကလေးမှ အမှားမခံသောလမ်းဖြစ်သည်မှာတော့ သံသယဖြစ်ဖွယ်မရှိချေ

လမ်း၏ အားနည်းချက်အရ တစုံတခုရုတ်တရက်ပေါ်လာပါက သို့မဟုတ် ရေဆွဲပါက Accident ဖြစ်ရန်သေချာသလောက်ရှိပါသည်

Driver များအတွက် စဉ်းစားချိန် မပေးထား Brake အုပ်ချိန်မပေးထား ရှောင်နိုင်ရန် အကျယ်အဝန်းမပေးထား

Game တခုဆော့နေရသလို ကားမောင်းနေရပါသည်

တစက်ကလေးမှ စိတ်ချထား၍မရပါ

သေချာသည်မှာ အမြန်လမ်းကို ပုံမှန်မောင်းနေပါက Accident နှင့် မသေလျှင် Stress များပြီး နှလုံးရောဂါ ရ၍သေမည်ဖြစ်ပေသည်

From:စင်္ကာပူဖီး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ