ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊ ၂၅ /၂၀၁၃ )
၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်)
ဒုတိယဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉) တို့ပါ ပြဋ္ဌာန်းချက်များအရ အောက်ဖော်ပြပါ ဒုတိယဝန်ကြီးများအား ယှဉ်တွဲပါ ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးတွင် ပြောင်းလဲတာဝန်ပေးလိုက်သည်-
(၁) | ဒေါက်တာဝင်းမြင့် | သမ္မတရုံးဝန်ကြီးဌာန (၁) |
(၂) | ဒေါက်တာဇော်မင်းအောင် | ပညာရေးဝန်ကြီးဌာန |
(၃) | ဦးထင်အောင် | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန |
(၄) | ဦးမြင့်သိန်း | ရထားပို့ဆောင်ရေးဝန်ကြီးဌာန |
(၅) | ဦးဘရွှေ | သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန |
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
www.mmdailystar.com