Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ညွှန်း စက်တင်ဘာလ အပြီးသတ်မည်

$
0
0

ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ညွှန်းကို စက်တင်ဘာလအတွင်း အပြီးသတ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဦးလူမင်းက The Voice သို့ ပြောကြားသည်။

ဗိုလ်ချုပ်ရုပ်ရှင်၏ ဇာတ်ညွှန်းကို အပိုင်းသုံးပိုင်း ခွဲကာ ရေးသားနေပြီး ဒါရိုက်တာများ၊ ဇာတ်ညွှန်းရေး ဆရာများ စုပေါင်း၍ ဇာတ်ကားတစ်ကားစာ အချောသတ်ကို စက်တင်ဘာလ အတွင်း အပြီးသတ် ရေးကြ မည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။"ဇာတ်ညွှန်းက မပြီးသေးတော့ ကျန်တဲ့ အသေးစိတ်လုပ်ငန်းတွေ ဘာမှလုပ်လို့ မရသေးပါဘူး" ဟု ၄င်းက ပြောကြားသည်။

ဇာတ်ညွှန်းတည်းဖြတ်ခြင်း လုပ်ငန်း ပြီးဆုံးသွားပါက ဇာတ်ကား၏ ကုန်ကျငွေ၊ ရှုတင်စရိတ်တို့ကို တွက်ချက်မည်ဖြစ်ပြီး သရုပ်ဆောင် အရေအတွက်နှင့် ဒါရိုက်တာ ရွေးချယ်မှုတို့ကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

"ကျွန်တော့်အပိုင်း ကတော့ ပြီးသွားပြီ။ ဒါပေမဲ့ ဇာတ်ကားကို အင်္ဂလိပ် စာတန်းထိုးမှာ ဆိုတော့ ပြန်လည် တည်းဖြတ်ရဦးမှာပါ" ဟု ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ညွှန်း အဖွဲ့တွင် ပါဝင်သူ စာရေးဆရာ ချစ်ဦးညိုက ပြောကြား သည်။

ဗိုလ်ချုပ်ရုပ်ရှင်ကို ဒါရိုက်တာ ကြည်စိုးထွန်း၊ စာရေးဆရာချစ်ဦးညို၊ ဇာတ်ညွှန်းရေးဆရာနှင့် ကဗျာဆရာ   မြမြင့်မိုရ်တို့ က ဇာတ်ညွှန်းရေးသားပြီး သမိုင်းပညာရှင်များ ဖြစ်ကြသော ဦးသော်ကောင်း၊   ဒေါက်တာခင်လှဟန်၊   ဦးမြဝင်း၊ ဒေါ်ခင်နှင်းပွင့်နှင့် ဦးဇော်လင်းတို့က သမိုင်းအချက်အလက်များ မှန်ကန်မှုရှိ မရှိ စစ်ဆေးပေးမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့၌ အနုပညာရှင်များ နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်က ဖွဲ့စည်းခဲ့ပြီး နာယကအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဥက္ကဋ္ဌအဖြစ် စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ၊ အတွင်းရေးမှူး အဖြစ် လူရွှင်တော်ဇာဂနာတို့က တာဝန်ယူရန် သဘောတူခဲ့သည်။၊

From:The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ