Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

$
0
0
နေပြည်တော် ဇူလိုင် ၂၄

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အမျိုးသား လွှတ်တော် H.E. Mr. NGUYEN SINH HUNG ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲ၌ မြန်မာ-ဗီယက်နမ် လွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နေမှု၊ နိုင်ငံ တကာရေးရာကိစ္စရပ်မျုားတွင် နှစ်နိုင်ငံ အပြန်အလှန် အထောက်အကူပြု လုပ်ဆောင်နေမှု၊ ဒေသတွင်း တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တူညီသော ရပ်တည်ချက်များဖြင့် နှစ်နိုင်ငံအတူတစ်ကွ ပူးပေါင်းဆောင်ရွက်နေမှု၊ ဗီယက်နမ်လုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံနေမှု၊ ဗီယက်နမ်နိုင်ငံ၏ နှစ် ၃၀ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့သည့် အတွေ့အကြုံများအပေါ် မူတည်၍ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆက်လက်အကောင်အ ထည်ဖော်ရာတွင် ဗီယက်နမ်နိုင်ငံက အားပေးထောက်ခံသွားရန် အသင့်ရှိမှုတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေး၊ စိုက်ပျိုးရေး၊ သတ္တု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကဏ္ဍများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်ကြည်၊ ဦးစိုးမောင်၊ ဦးမြင့်လှိုင်၊ ဒေါက်တာကံဇော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးလည်း တက်ရောက်သည်။

From:သမ္မတရုံး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...