Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဗြိတိန်တော်ဝင်စုံတွဲ၏ သားဦးလေး မွေးဖွားမှု

$
0
0


ဗြိတိန်တော်ဝင်စုံတွဲဖြစ်သည့် ကိန်းဘရစ်ခ်ျမြို့စား မင်းသားဝီလျံနှင့် မြို့စားကတော် ကင်သရင်း (ကိတ်မစ်ဒယ်လ်တန်) တို့၏ ပထမဆုံးရင်သွေး ယောက်ျားလေးကို အင်္ဂလန်စံတော်ချိန် ဇူလိုင် ၂၂ ရက်၊ တနင်္လာနေ့၊ ညနေ ၄ နာရီ ၂၄ မိနစ်တွင် မွေးဖွားခဲ့ကြောင်း သိရသည်။ တော်ဝင်မျိုးဆက်သစ် မင်းသားလေး မွေးဖွားကြောင်း မှတ်တမ်းကို ဘက်ကင်ဟမ်နန်းတော်အပြင်ဘက်တွင် ပန်းချီကားတင်သည့် ဒေါက်တိုက်ဖြင့်ပြသ၍ ထုတ်ပြန်ကြေညာခဲ့ရာ ဗြိတိန်ပြည်သူ အများအပြား စုရုံးကာ ကောင်းချီးပေးခဲ့ကြသည်။

royal baby

မြို့စားကတော် ကိတ်နှင့် ကလေးတို့ နှစ်ဦးလုံး ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး ကလေးမှာ ကိုယ်အလေးချိန် ၈ ပေါင်နှင့် ၆ အောင်စရှိကြောင်း သိရသည်။ ဗြိတိန်ဘုရင်မကြီးနှင့် ကြင်ယာတော်မင်းသားကြီးတို့က ၎င်းတို့၏ မြစ်တော်လေး မွေးဖွာခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြသည်။ ထို့အတူ ချားလ်စ်မင်းသားကလည်း အဘိုးဖြစ်လာရသည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားသည်။ ဗြိတိန်ဝန်ကြီးချုပ်နှင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ ထင်ရှားသူတို့ကလည်း ဂုဏ်ပြုစကားများ ဆိုခဲ့ကြသည်။

royal baby

ကိတ်သည် တနင်္လာနေ့ နံနက် ၅း၃၀ ဝန်းကျင်တွင် လန်ဒန်ရှိ စိန့်မေရီဆေးရုံသို့ မင်းသားဝီလျံနှင့်အတူ ရောက်ရှိလာခဲ့သည်။ အသက် ၃၁ နှစ်အရွယ် ကိတ်သည် ကလေးကို သဘာဝအတိုင်း မွေးဖွားခဲ့ခြင်းဖြစ်သည်။ တော်ဝင်စုံတွဲဖြစ်သည့် ဝီလျံနှင့် ကိတ်တို့သည် ၎င်းတို့၏ ကလေးငယ်မှာ ယောက်ကျားလေး၊ မိန်းကလေးဖြစ်ကြောင်းကို ကြိုတင် သိရှိမထားဟု ဆိုသည်။

royal baby

ဝီလျံနှင့်ကိတ်တို့၏ သားဖြစ်သူ မင်းသားလေးမှာ တော်ဝင်မျိုးနွယ်၏ ထီးနန်းအမွေကိုဆက်ခံရန် မင်းသားဟယ်ရီ၏နေရာကို အစားထိုးဝင်ရောက်ပြီး တတိယနေရာ၌ စာရင်းဝင်သွားပြီဖြစ်သည်။ ကိတ်မစ်ဒယ်လ်တန် ကလေးမွေးဖွားသည့် သတင်းကို ဗြိတိန်ပြည်သူများက အထိမ်းအမှတ်များဖြင့် ပျော်ရွှင်စွာဂုဏ်ပြုခဲ့ကြပြီး ဗြိတိန်သတင်းမီဒီယာများကလည်း အထူးအလေးပေး ဖော်ပြလျက်ရှိကြသည်။ ဝီလျံနှင့် ကိတ်မစ်ဒယ်လ်တန်တို့သည် ၂၀၁၁ ခုနှစ် ဧပြီလ ၂၉ ရက်တွင် တော်ဝင်မင်္ဂလာပွဲဆင်နွှဲကာ လက်ထပ်ထိမ်းမြားခဲ့ကြခြင်းဖြစ်သည်။

royal baby



From:

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>