Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်းချို့ယွင်း မှုကိစ္စ ပြည်သူများသို့ အသိပေးကြေငြာခြင်း

$
0
0

၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းများနှင့် အဓိကချိတ်ဆက် ထားသော ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း သည် (၂၂-၇-၂၀၁၃) ရက်နေ. ညနေ (၀၅:၀၀) နာရီခန်.တွင် ချို.ယွင်းမှု ဖြစ်ပွားခဲ့ပါသည်။

၂။ ဤဆက်ကြောင်းမှ ဝန်ဆောင်မှုပေးထားသော အင်တာနက်နှင့် နိုင်ငံရပ်ခြား တယ်လီဖုန်း အဝင်/အထွက် ခေါ်ဆိုမှုများ လုံးဝပြတ်တောက်ခြင်းမရှိစေရန် ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်း များ မှ ချိတ်ဆက်ပေးထားပါ သည်။


၃။ SEA-ME-WE 3 ဆက်ကြောင်း၏ မြန်မာပြည်တွင်း လမ်းကြောင်းတစ်လျှောက်ဖြစ်သော ဖျာပုံ၊ ကျုံကဒွန်းနှင့် ကုလားထိပ်ပင်လယ်ကမ်းစပ်အထိ လိုက်လံစစ်ဆေးခဲ့ရာ ချို.ယွင်းမှုသည် ပင်လယ်အတွင်း ( ၁၃ )  ကီလိုမီတာခန်.တွင် ဖြစ်နိုင်ကြောင်းတိုင်း တာ တွေ.ရှိရပါသည်။


၎။ ဤချို.ယွင်းမှုအား စင်ကာပူနိုင်ငံအခြေစိုက် ပင်လယ်ရေအောက်ကေဘယ် ပြုပြင်ထိမ်းသိမ်း ရေးအဖွဲ.နှင့် ညှိနှိုင်းပြီး အမြန်ဆုံးပြုပြင်နိုင် ရန်ဆောင်ရွက်လျှက်ရှိပါသည်။ ပြုပြင်ရန် ခန်.မှန်း ကြာမြင့်ချိန်မှာ (၁) လခန့်ဖြစ်ပါသည်။ ပြုပြင်ဆဲကာလအတွင်း အင်တာနက်အသုံးပြုမှုများ နှောင့်နှေးနေမည် ဖြစ်ပါကြောင်း မိဘပြည်သူများအား အသိပေးကြေညာအပ်ပါသည်။


From: မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>