Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

"ဦးဝီရသူ ထိခိုက်ဒဏ်ရာရ လူနာများထံ သွားရောက်အားပေး"

$
0
0



 မန္တလေးဆေးရုံကြီး၊ ထိခိုက်ဒဏ်ရာ ကုသဆောင်၌ ကုသမှုခံယူနေသော ဒေါ်အေးအေးခင်၊ (၄၆)နှစ် (အောင်မြေသာဇံမြို့နယ်၊ ဓမ္မပိယတရားနာအဖွဲ့)ထံ သွားရောက်ကာ အားပေးစကား ပြောကြားရင်း စားစရာနှင့် ငွေကြေးများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ဒေါ်အေးအေးခင်သည် ပရိသတ်အလယ်ရှိ လျှောက်လှမ်းဘက်သို့ ခန္ဓာကိုယ်တစ်ခြမ်း ထွက် နေမိအောင် ထိုင်မိခြင်းမှာ နောက်ကျ၍ နေရာမရသောကြောင့် ဖြစ်ကြောင်း၊ တရားဟောဆရာတော် ကိုသာ ဖူးမျှော်ရင်း တရားနာနေသောကြောင့် ဘာမျှမမြင်မိကြောင်း ဒေါ်အေးအေးခင် ဘေးမှ အဖော် အမျိုးသမီးက မဏ္ဍပ်ဘေးမှာ မီးခိုးလုံးကြီး ကျသွားသည်ကို မြင်လိုက်ရကြောင်း၊ မဏ္ဍပ်စင်အောက်မှ ရဲရဲအလုံးကြီး ပြေး လာသည်ကို မြင်ရ၍ လက်တို့သတိပေးမည်အပြုတွင် ထိမှန်သွားခဲ့ကြောင်း၊ ထိထိခြင်း ဘာမျှမသိလိုက်ကြောင်း၊ ပြီးမှ သွေးများ ဒလဟောယိုစီးကျ လာခြင်းဖြစ်ကြောင်း   ပြောပြ လျှောက် ထားပါသည်။

ဒေါ်အေးအေးခင် ပေါင်သားထဲ စူးနစ်ဝင်နေသော ခဲယမ်းအစကို ယခုထိ ခွဲစိတ်ထုတ်ယူခြင်း မရှိသေး၍ အနာ၏ အထက်ဘက်မှ အမြဲတမ်း နာကျင်မှုကို ခံစားနေရကြောင်း၊ ထုတ်စရာလိုရင်လည်း ထုတ်ပေးဖို့နှင့် ထုတ်စရာမလိုက ဆေးရုံမှဆင်းလိုကြောင်း လျှောက်ထား တင်ပြနေပါသည်။

ယနေ့ (23.7.2013) ရက်နေ့တွင် ၆၂-လမ်းရှိ အရိုးဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသရကြောင်း သိရပါသည်။
ဒေါ်အေးအေးခင်နှင့်အတူ ဆေးကုသမှုခံယူနေရသည့် အခြားတစ်ဦးမှာ အသက်(၇၀)ကျော်၊ (၈၀)နီးပါးရှိ အမေကြီးတစ်ဦးဖြစ်ပြီး အမည်လည်းမပြော စကားလည်းမပြော ဘာမျှလည်းမေးမရ၊ နားလည်းမကြား၊ ဆွံ့.အ.နား မကြားပုံစံမျိုး သက်ရောက်နေပြီး၊ ဆွေမျိုးအသိုင်းအ၀န်းလည်းမရှိ၊ ရပ်ကွက်မှ ကြည့်ရှုထားရသူဖြစ်ကာ၊ ပလက်ဖောင်းပေါ်တွင် အမြဲတမ်း နေသူဖြစ်သည်ဟု သိရသည်။

ကိုရင် ဥာဏသာမိသည် ပေါင်မှာခဲစ မှန်ရုံသာဖြစ်၍ ဆေး ထိုး ဆေးထည့် ရုံနှင့် ပျောက် ကင်း နိုင်၍ ဆေးရုံမတက်ခဲ့ကြောင်း သိရသည်။(နောက်ဆုံးသတင်းအရ၊ နားမကြားသူ အမေအိုကြီး၏ ပေါင်ရင်းတွင် စူးနစ်ဝင်နေသော ခဲယမ်းစက ပေါင်းရိုးနှင့် ထိစပ်နေ၍ ချက်ချင်းဆွဲနှုတ်၍ မရကြောင်း၊ ဒေါ်အေးအေးခင်၏ ပေါင်တွင် စူးနစ်ဝင်နေသော ခဲယမ်းစက အကြောနှစ်ခုကြား ညပ်နေ၍ ချက်ချင်းခွဲကု၍ မရသေးကြောင်း ဖြစ်သည်ဟု အရိုးအထူးကု ဆရာဝန်ကြီးက ရှင်းပြသည် ဟု သိရပါသည်။ )
From:Wira Thu

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


“မှတ်ပုံတင်နှင့် လပေးမှသည် အပေါင်ဆိုင်သို့ ”


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


မြန်မာဘီယာသံဘူး ကံစမ်းမဲကာလ တဘူးကျပ် ၁၃၀၀ အထိ ဈေးမြင့် လိုအပ်သည့်အရေအတွက်...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကြောင့် အကောင်အထည် မပေါ်ခဲ့သော အတိုင်ပင်ခံ...


အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


မြန်မာစစ်တပ်ရဲ့...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>