Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပဋိပက္ခကြောင့် နိုင်ငံတကာက မြန်မာအပေါ် အထင်အမြင် လွဲမှားမှု ပြန်ဖြေရှင်းမည်ဟုဆို

$
0
0

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် နိုင်ငံတကာက အထင်အမြင် လွဲမှားနေမှုများကို ပြန်လည် ဖြေရှင်းရန် မြန်မာနိုင်ငံ၏ ပကတိ အခြေအနေများကို လာမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် တင်ပြသွားမည်ဟု နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောဆိုကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာ သာဉာဏ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့တို့ ဇူလိုင်လ ၂၁ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် တွေ့ဆုံစဉ် ဦးဝဏ္ဏမောင်လွင်က ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း ဒေါက်တာ သာဉာဏ်က ဆိုသည်။

မြန်မာနိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်မှုများ ရှိသည်ဟု Organization of Islamic Cooperation (OIC) အဖွဲ့က ကုလသမဂ္ဂတွင် တိုင်ကြားထားပြီး ယင်းကိစ္စ မဟုတ်မမှန်ကြောင်းကို အချက် အလက်များနှင့် တကွ ကုလသမဂ္ဂကို တင်ပြရန် ယခုလအတွင်း ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့မှ စတင်ကာ အချက်အလက်များကို ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့က ကောက်ခံမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော် သမ္မတ ဗြိတိန်နိုင်ငံ ခရီးစဉ် မတိုင်မီတွင် နိုင်ငံတကာ အဖွဲ့အစည်း အချို့က မြန်မာနိုင်ငံတွင် အစ္စလာမ် ဘာသာဝင်များကို လူမျိုးတုံး သတ်ဖြတ်မှု ရှိနေသည်ဟုဆိုကာ ကုလ သမဂ္ဂ မျက်နှာစာတွင် တင်ပြရန် ကြိုးစားလာကြောင်း၊ ကုလသမဂ္ဂ မျက်နှာစာတွင် ယင်းသို့ တင်ပြလာပါက နိုင်ငံနှင့် ပြည်သူ ဂုဏ်သိက္ခာ ထိခိုက်မည် ဖြစ်သဖြင့် နိုင်ငံတော်သမ္မတ ဗြိတိန်နိုင်ငံသို့ မသွားမီနှင့် ပြန်ရောက်သည့် အချိန်တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့နှင့် တွေ့ဆုံကာ နိုင်ငံ ပုံရိပ်အတွက် ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

“နိုင်ငံတကာက ဖိအားပေးမှုတွေ များလာတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခများမှ စ၍ မြန်မာနိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်မှုများ ရှိနေကြောင်း နိုင်ငံတကာ မီဒီယာ အချို့က ဖော်ပြခဲ့ပြီး OIC ကလည်း ယင်းကိစ္စကို ကုလသမဂ္ဂသို့ ဇူလိုင် ၁၀ ရက်နေ့က တင်ပြခဲ့သည်။

ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူဦးရေ နှစ်ရာကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။

From: The Voice Weekly

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>