Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဟန်နာဘိခ်ျ နှင့် ဒေါ်စု ချစ်သည့် လူနည်းစု၏ ယဉ်ကျေးမှု လုပ်ရပ်များစပြီ

$
0
0




" ဟန်နာဘိခ်ျ (Hannah Beech) ချစ်သည့် လူနည်းစု၏ ယဉ်ကျေးမှု လုပ်ရပ်များ စပြီ "

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၆လမ်း၊ ၈၄×၈၅ လမ်းကြား၊ တရားပွဲကို ယနေ့ 21.7.2013 ရက်နေ့ ည 8:35 နာရီတွင် စတင်ဟောကြားသည်။

မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူက "ဆွေမျိုးဆိုတာ များလေကောင်းလေ" တရားဟောကြားနေစဉ် ၉း၀၀ နာရီခန့်တွင် တရားမဏ္ဍပ်နောက်ကျော မှ ရုတ်တရပ်ပေါက်ကွဲမှုကြီး တစ်ရပ် ဖြစ်ပေါ်ခဲ့ရာ ဦးဝီရသူက တရားဆက်မဟောဘဲ ရပ်ထားလိုက်သည်။

ဟိုဟိုဒီဒီလှည့်ပတ်ကြည့်နေစဉ် တရားနာပရိသတ်များမှ ဆရာတော်ကို ပစ်တာ "အောက်ကို ဆင်းပါ ဘုရား အောက်ဆင်းပါဘုရား" ဟု အော်ဟစ်လျှောက်ထားကြ၍ ပလ္လပေါ်မှဆင်း၍ စင်ပေါ်တွင် ခဏ ထိုင်နေခဲ့သည်။

သံဃာတော်တ်ာများ အမျိုးသားများ စင်ပေါ်တက်လာပြီး ဦးဝီရသူကို ၀န်းရံကာကွယ်ထားကြသည်။
နိဗ္ဗာန်ဆော်မှ ကားဘီးပေါက်သည်ဟု ကြေညာသည်။ ဦးဝီရသူ တရားပြန်ဟောသည်။
တရားနာပရိတ်သတ်များ သုံးပုံတစ်ပုံသာ ကျန်တော့သည်။ ပလ္လင်နောက်ကျောမှာ ရုတ်ရုတ်သဲသဲဖြစ်နေဆဲ။
ရေစက်ချ အမျှဝေအပြီး တရားနာပရိသတ်များက ၀န်းရံကာ အနီးရှိ သစ္စပါရမီ တိုက်အိမ်ထဲ ပင့်ဆောင်ခဲ့ကြသည်။
ပရိသတ်ရှေ့ဆုံးမှ နာယူနေသော မပန်းနုအောင် အသက် (၂၁) နှစ် ညာဘက်ခြေထောက်ထိမှန်သွား၍ ပတ်တီးစည်းထားသည်ကို တွေ့ရသည်။
ထိမှန်စဉ် မနာကျင်၊ နောက်မှ ပူလောင်နာကျင်လာ၍ ဆေးခန်းသွားပြခဲ့ကြောင်း လျှောက်ထားသည်။
အဖွားကြီးတစ်ယောက် ပေါင်ရင်း ဗုံးစထိမှန်သွားသည်။
မြတောင်တိုက် ခေမာဝန်းကျောင်း မှ ကိုရင်ပညာသာမိ ပေါင်နှင့် ဒူးခေါင်ဒဏ်ရာရသွားသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ ဃသ(၁၃)ရပ်ကွက်၊ အိမ်အမှတ် က(၃၀)နေ (အသံချဲ့စက် ဆရာ) ဦးကျော်ဝင်း (၃၆)နှစ် ခါးမှာ ဒဏ်ရာရသွားသည်။
ခဲယမ်းအစအနလေးများ အသားထဲစူးဝင်နေ၍ ၀ိုင်းဝန်းဖယ်ရှားပေးရသည်။
တရားပလ္လင်နောက်ကျောတွင် ချိတ်ဆွဲထားသော ဗီနိုင်းစ အစအန ထိမှန်ပေါက်ပြဲသွားသည်။ SE ကားဖြူ နောက်ဘီး နှစ်ဘီးနှင့် ရှေ့ဘီး ညာဘက်ဘီး ထိမှန်ပေါက်ကွဲသွားသည်။ ကားအောက် ဆီတိုင်ကီ ယိုစိမ့်ထွက်ကျလာသည်။ ကားမှန်ပေါက်ပြဲ၊ ကားနောက်ခန်းဘေး အစအန ထိမှန်ပေါက်ပြဲသွားသည်။
ပေါက်ကွဲရာနေရာလမ်းမပေါ်တွင် ချိုင့်ငယ်တွင်းငယ်တစ်ခုလို ချိုင့်ဝင်သွားသည်။
၅င/၈၆၆၅ နောက်ပိုင်း ကိုယ်ထည် ယမ်းအစအနများ စင်၍ ပေါက်ပြဲသွားသည်။
ဦးဝီရသူ အပြန်အတွက် ကားတစ်စင်း သီးသန့်စီစဉ်ရင်း ဦးဝီရသူ၏ တပည့် လူငယ်နှစ်ယောက်နှင့် တရားပွဲပင့်သူ လူငယ်အချို့ စကားများကြ၍ ပရိသက် ရုတ်ရုတ်သဲသဲ ထပ်ဖြစ်သည်။
လုံခြုံရေး အရ ကားကိုစစ်ဆေးရာမှ စကားများရင်း လက်ပါသွား၍ ဦးဝီရသူ၏ တပည့် မောင်ဆံရှည် လက်သီးနှင့်အထိုးခံရသည်။

ကိုပြာလောင် ခြေနှင့် အကန်ခံရသည်။နောက်ဆုံး ဦးဝီရသူ၏ ဒကာရင်းကားဖြင့် လာကြို၍ ကျောင်းသို့ ချောမောစွာ ပြန်ရောက်သည်။၁၀း၃၀ နာရီ တရားပွဲပြီး၍ ၁၁း၀၀ နာရီမှ ကျောင်းရောက်သည်။ယခု ည ၁၁း၃၀ နာရီအထိ ပေါက်ကွဲနေရာတွင် လုံခြုံရေးတင်းကျပ်ထားပြီး ကြိုးဝိုင်းထားကာ သေချာစစ်ဆေးနေပြီး၊ မပန်းနုအောင် ခြေထောက်ထဲ ယမ်းစနှုတ်မရ၍ ဆေးရုံကြီး OPT သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးသတင်းအရ ယ္ခုည ၁၂း၀၅ နာရီတွင် အောင်မြေသာဇံမှ ဒေါ်အေးခင်၊ အမည်မသိ အမေကြီးတစ်ဦး၊ ကိုရင်ပညာသာမိ၊ ဦးကျော်ဝင်း (အသံချဲ့စက်ဆရာ)၊ မပန်းနုအောင် တို့ ဆေးရုံတက်နေကြောင်း၊ သိရသည်။

From:Wira Thu

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>