Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံ တို့မှ ပြန်လည် ရောက်ရှိ

$
0
0

နေပြည်တော် ဇူလိုင် ၂၀
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ဗြိတိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သို့ တရားဝင်ခရီး သွားရောက်ရာမှ ခရီးစဉ် ပြီးဆုံးသဖြင့် ဇူလိုင် ၁၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် ပြင်သစ်နိုင်ငံ ပါရီမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာခဲ့ရာ ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာသံအမတ်ကြီးနှင့် သံရုံးမိသားစုများက ပါရီလေဆိပ်၌ ပို့ဆောင် နှုတ်ဆက် ကြသည်။
နိုင်ငံတော် သမ္မတနှင့်အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ ဒေသစံတော်ချိန် နံနက် ၅ နာရီ ၅၅ မိနစ်တွင် ရောက်ရှိကြပြီး ဘန်ကောက်မြို့မှ အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ နံနက် ၇ နာရီ မိနစ် ၅၀ တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြသည်။
နိုင်ငံတော် သမ္မတနှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသော ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်း၊ ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်နှင့် ဒေါက်တာ ဒေါ်သိန်းသိန်းဌေးတို့လည်း ပြည်လည်လိုက်ပါ လာကြသည်။


From:သမ္မတရုံး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>