Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရခိုင်ဒုက္ခသည်များကို လုံးချင်းအိမ်များသို့ နေထိုင်ခွင့် စပေး

$
0
0



ဒုက္ခသည် ရခိုင်းတိုင်းရင်းသားများစစ်တွေမြို့တွင် နေအိမ်များရရှိသော်လည်း လမ်းမရှိသဖြင့် အခက်ကြုံ
----------------------------------
စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းသို့ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများအားလုံးချင်းနေအိမ်များအား ဇူလိုင်လ ၁၉ ရက်နေ့တွင် ထိုင်ခွင့်စတင်ပေးလိုက်ပြီဖြစ်ကြောင်းသတင်းရရှိသည်။


ဆတ်ရိုးကျကမ်းရှိ အစိုးရမှ ဆောက်လုပ်ပေးသော သိန်း၃၀ တန်နေအိမ်များတွင် နေထိုင် ခွင့်ရရှိလာကြပြီဖြစ် သော်လည်း အဆိုပါနေအိမ်များသည် ကျန်းမာရေးနှင့်မည် သို့မျှ ညီညွှတ်ခြင်းမ ရှိကြောင်း၊ အထူးသဖြင့်အိမ်သာ များသည် အန္တရာယ်အဖြစ်ဆုံးရှိလာမည်ဖြစ်ကြောင်း အိမ်သစ်ရရှိသူများ ထံမှသိရသည်။


ထို့အပြင် စစ်တွေမြို့နယ်အတွင်း မည်သည့်အရပ်ကမှန်းမသိသော ဘင်္ဂလီဒုက္ခသည် မိသားစု တစ်သိန်းကျော်ရှိနေကြောင်း နှင့် ပြည်နယ်အစိုးရအဖွဲ့တွင် မိသားစု ၇၀၀၀ ကျော်သာစာရင်းရှိကြောင်းသိရသည်။ စာရင်း ဇာယားများကိုလည်း လိမ်လည်နေခြင်းများကို ပြည်နယ်အစိုးရ လက်တွေ့ကြံတွေ့နေ ရကြောင်း နှင့် ဘင်္ဂလီ စာရင်းကို ယနေ့ထိ ကောက်ခံ၍ မရှိသေးကြောင်း လည်းသိရသည်။


ဘင်္ဂလီစာရင်းများကောက်လျင် ဘင်္ဂလီများက ကောက်ခံသူများကိုလိုက်လံ ရန်ရှာတိုက်ခိုက်သဖြင့် အစိုးရမှ ကြောက်ရွံ့ပြီး
မကောက်ရဲတော့ကြောင်းလည်း ဒေသခံများထံမှသိရသည်။ မကြာသေးမီရက် ပိုင်းအတွင်း ကလည်း နေအိမ်ဆောက်လုပ်မှုများအားစစ်ဆေးသည့်အဖွဲ့အား လိုက်လံ တိုက်ခိုက်များကိုပြုလုပ်ခဲ့သဖြင့် စစ်ဆေးရေးအဖွဲ့ဝင်းများ ပုဆိုးကျွတ်၍ပြေးလာခဲ့ရကြောင်းလည်း မျက်မြင်များကပြောသည်။

ယခုကဲ့သို့ ရခိုင်တိုင်းရင်းသားများအားနေအိမ်များပေးခြင်းသည် ဘင်္ဂလီများအတွက် မကြာခင် မြို့တွင်း၌ နေ အိမ်များဆောက်လုပ်ပေးရန် အကွက်ဆင်ခြင်းများလားဟုလည်းဒေသခံများက သံသယ ရှိနေကြ သ ည်။ နိုင်ငံတကာ အဖွဲ့ဝင်များအက ပြည်နယ်အစိုးရ၏လုပ်ရပ်များ အားလုံးကို ၀င်ရောက် စွက်ဖက် ကန့်ကွက်ခြင်း တားဆီးခြင်းများ မဟုတ်မမှန်သော သတင်းများကို လွင့်ခြင်းများကြောင့် ပြည်နယ် အစိုးရအနေဖြင့်လုပ်ရကိုင်ရ ကြပ်တည်းလျက်ရှိကြောင်းလည်းသိရသည်။


ယခုရခိုင်တိုင်းရင်း သားများရရှိသော အနေအိမ်များသည် ကျန်းမာရေးနှင့်လုံးဝညီမညီညွှတ်ကြောင့် ထိုသို့ပြောင်း ရွှေ့နေသည့်အချိန်တွင် နိုင်ငံတကာအဖွဲ့အစည်းမှ တစ်ဦးတစ်ယောက်မှ မရှိကြောင်းနှင့် ယင်း အိမ် များနှင့်ပတ်သက်ပြီး ယနေ့အထိ ၀င်ေ၇ာက်ပြောဆိုသောအဖွဲ့အစည်းများ တစ်ဦးတစ်ယောက် မျှ မရှိ   သေး ကြောင်းလည်းသိရသည်။


ယင်းအတွက် ဆတ်ရိုးကျသို့ရောက်ရှိနေသောဒုက္ခသည်များသည် လုံးချင်းအိမ်များတွင်နေထိုင်ခွင့် ရရှိသည့်တိုင် ပျော်ရွှင်မှုမရှိကြောင်းလည်းပြောဆိုကြပါသည်။

From:RSV

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ကံမကောင်းရှာသော စကြာမင်းသားလေး


ကျောင်းသူတဦးအား ဆယ်တန်းအောင်ဆေး ပေးမည်ဆိုပြီး အလိုမတူဘဲ သားမယားပြုကျင့်ရန်...


TTA Oreo Gapp Installer


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


အမျိုးသားများနဲ့ ပါတီတက်ပြီး အရက်သောက်လို့ ကြိမ်ဒဏ်အချက် ၈၀ အပြစ်ပေးခံရတဲ့...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>