Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

Sexy အနမ်းပါဝင်သည့် “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ကားကြီး စတင်တည်းဖြတ်

$
0
0

ကျွန်မက နှင်းဆီပါမောင်  ပါဇာတ်လမ်းအား ပထမ အစတွင် သက်မွန်မြင့်နှင့်ရိုက်ရန်  သဘော
တူခဲ့သောလည်း  သက်မွန်မြင့်သည့်  Sexy  အနမ်းပါသည့်အတွက် ငြင်းဆန်ခဲ့ရာမှ  သရုပ်ဆောင်
ဖွေးဖွေးနှင့်ရိုက်ရန် သဘောတူခဲ့ကြသည်  ထိုအကြောင်းကို ပြန်လည် ဖတ်ရှု့လိုပါက ဒီမှာ ဖတ်နိုင်ပါတယ်။

ဒါရိုက်တာဝိုင်း ရိုက်ကူးထားပြီး နေတိုး နှင့်ဖွေးဖွေးတို့ အဓိကပါဝင်သရုပ်ဆောင်ထားသည့် “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ကားကြီးအား ယခုအခါတွင် စတင်တည်းဖြတ်လျက်ရှိကြောင်း ဒါရိုက်တာဝိုင်းက ဆိုသည်။

ယင်းရုပ်ရှင်သည် ပုညခင်၏ ၀တ္ထုကိုဒါရိုက်တာကိုယ်တိုင် ဇာတ်ညွှန်းရေးသားကာ ရိုက်ကူးသည့်ဇာတ် ကားဖြစ်ပြီး မာနရှင်မိန်းကလေးတစ်ယောက်၏ ဘ၀အလှည့်အပြောင်း၊ လောင်းကစား၏ ကောင်းကျိုးမ ပေးပုံများနှင့် ချစ်ခြင်းမေတ္တာ၊ မာနတို့၏ ခြားနားချက်များကို သိမ်မွေ့စွာတင်ပြထားသည့်ဇာတ်ကားဖြစ်သည်။

“ဒီကားကို ရိုက်လို့တော့ပြီးသွားပါပြီ။ အခုတည်းဖြတ်နေပါတယ်။ ဒီကားမှာ ဖွေးဖွေးရဲ့ဇာတ်ရုပ်က အရမ်း ကိုမာနကြီးတဲ့ကောင်မလေးအဖြစ် သရုပ်ဆောင်ထားရပေမယ့် ထွေထွေထူးထူးသင်ပြရတာမရှိပါဘူး။ပြ သဖို့တော့ သုံးနှစ်လောက်စောင့်ရဦးမယ်ထင်ပါတယ်”ဟု ဒါရိုက်တာဝိုင်းက ဆိုသည်။

“ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ကားကြီးတွင် ဖွေးဖွေး၏ငယ်ဘ၀ကို ယွန်းယွန်းမှ ပါဝင်သရုပ်ဆောင် ထားပြီးကလေးသရုပ်aဆာင် ဟဲဗီးဖြိုးကလည်း ယခင်တွေ့မြင်နေကျဖြစ်သည့်ဇာတ်ရုပ်များမှ ကွဲထွက် ကာတွေ့မြင်ရမည်ဖြစ်သည်။

အဆိုပါရုပ်ရှင်ရိုက်ကူးရေး တာဝန်ခံဦးအောင်ကျော်ဝင်းက “ဒီဇာတ်ကားကို ဆင်ဆာတင်တုန်းကတော့ “အာဘွားပုံပြင်”ပါ။ ရုံတင်ရင်တော့ “ကျွန်မက နှင်းဆီပါမောင်”အနေနဲ့ ရုံတင်ပြသမှာပါ။ ဒီဇာတ်ကားကို ၂၀၁၃ ခုနှစ် နှစ်ဆန်း ၂ ရက်မှာ စတင်ရိုက်ကူးခဲ့တာပါ။ မေလ ၁၀ ရက်မှာ ရိုက်ကူးမှုပြီးပါတယ်။ ရိုက်ကူး ခွင့်အနေနဲ့ကတော့ ခွင့်ပြုချက်ရရှိပြီးသွားပါပြီ။တည်းဖြတ်ပြီးအားလုံး အချောသတ်ပြီးသွားရင်တော့ ပြသ မယ့်ကျွန်မက နှင်းဆီပါမောင်နာမည်နဲ့ ဆင်ဆာပြန်တင်မှာဖြစ်ပါတယ်”ဟု ပြောသည်။
၎င်းဇာတ်ကားကို ပြင်ဦးလွင်မြို့တွင် အဓိကရိုက်ကူးထားပြီး ထားဝယ်ထုတ်လုပ်ရေးမှ စီစဉ်ခြင်းဖြစ်သည်။

From:Mizzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>