Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သမ္မတကြီး ဦးသိန်းစိန် နှင့် ဟာဂျီ ဒေါ်စုတို့အပေါ် မြင်သမျှ သုံးသပ်ခြင်း

$
0
0

တိုင်းပြည် အနာဂါတ် အတွက် နိုင်ငံရေး သမားတွေကို ကျားကွက်ချ သလို နေရာချလို့ ရမယ် ဆိုရင် လက်ရှိ သမ္မတကြီး ကို သမ္မတကြီး ဆက်လုပ် စေချင်ပါတယ်။ လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဌ ကြီးကလဲ လက်ရှိ အတိုင်း ဆက် လုပ်ပြီး အန်တီစုကို အမျိုးသား လွှတ်တော် ဥက္ကဌကြီး နေရာ လုပ်စေ ချင် ပါတယ်။ 

 အန်တီစုရဲ့ ပုဂ္ဂိုလ် ရေး အရ မြန်မာပြည် အတွက် စွန်လွှတ် အနစ်နာ ခံခဲ့ တာတွေ ကို ရင်ထဲက လှိုက်လှုက်လှဲလှဲ ချီးကျူး ဂုဏ်ပြု လေးစား ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အရ အန်တီစုရဲ့ လက်ရှိ ရပ် တည် ချက် ကိုတော့ မထောက်ခံ ပါဘူး။

အန်တီစုမှာ ကတော့ မြန်မာ ဗုဒ္ဓဘာသာ လို့ လက်ညှိုး ထိုးပြ စရာ နောက် မျိုးဆက် မရှိတော့ လူမျိုးရေး တို့၊ ဘာသာရေး တို့၊ အမျိုးသားရေး တို့ ဆိုတဲ့ စကာလုံးတွေက ခံစားလို့ မရတော့ ဘူးပေါ့။ ကျွှန်တော်တို့ တွေက တော့ မိမိ နောက် မျိုးဆက် အတွက် စဉ်းစားစရာ ရှိသေးတော့ အမျိုးသားရေး၊ ဘာသာရေး အတွက် ကို ဆက်လက် လုပ်ကြ ပြောကြ ရ အုန်း မှာပါပဲ။ ပိုက်ဆံ ချမ်းသာဘို့ အဓိက။ လူမျိုးတွေ ဘာသာတွေ လာလုပ်မနေနဲ့ ဆိုတာ လက် မခံ နိုင် ပါ ဘူး။


 


အန်တီစု သည် မြန်မာနိင်ငံ အတွက် ရတနာ တပါးဆိုတာ လက်ခံ ပါ တယ်။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲ မှာ အန်တီစု သမ္မတ ဖြစ်ဘို့ ကိုတော့ မထောက်ခံ ပါဘူး။ ဘာလို့လဲ ဆိုတော့ အန်တီစု ရဲ့ စိတ်ကူးစံ အခြေပြု နိုင်ငံရေး အမြင်ကို သဘော မကျလို့ပါ။
နိုင်ငံရေး သဘောထား တွေ ကို သုံးသပ်ကြည့်ရင် သားအဖချင်း ဆိုပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ နိုင်ငံရေး ရပ်တည်ချက်က လက်တွေ့ အခြေပြု ဝါဒ (Pragmatism) ဖြစ်ပြီး အန်တီစုက စိတ်ကူး စံ အခြေပြု ဝါဒ (Idealism) ဖြစ်နေ ပါတယ်။


မြန်မာပြည်ရဲ့ နိုင်ငံရေး ပြသနာတွေ ကို ဖြေ ရှင်းတဲ့ အခါမှာ စိတ်ကူးစံ အခြေပြု ဝါဒ အပေါ် အခြေခံ ဖြေရှင်းတာဟာ (Normative Approach) ပြသနာရဲ့ အရင်း အမြစ် ကို၊ အစကို၊ မဖြေရှင်းပဲ အဆုံး ကို အစထား စဉ်းစားပြီး ဖြေရှင်း တဲ့ အတွက် မအောင်မြင်နိုင်ဘူးလို့ ယုံကြည် ပါတယ်။ လူတဦး ချင်းစီ၏ ဆန္ဒ အနေဖြင့် အန်တီစု သမ္မတ ဖြစ်စေ လို ခြင်း ကို အငြင်းပွားရန် မရှိပါ။ သို့သော် ၂၀၁၅ မှာ အန်တီစု သမ္မတ မဖြစ်နိုင် သေးပါ။ (စိတ်စေတနာ ခံစားချက် အရ ပြောခြင်း မဟုတ်ပါ။ အချက် အလက် အရ ဆင်ခြင် သုံးသပ် ချက် ဖြစ် ပါသည်။) အဲဒီ့ အချိန်မှာ အန်တီစုကို သမ္မတ ဖြစ်စေချင် လွန်း အားကြီး သူတွေ ရဲ့ စေတနာ ကြောင့် မြန်မာပြည် အတွက် ဝေဒနာ မဖြစ် ပါစေနဲ့ လို့ ခုထဲက ကြိုပြီး ဆုတောင်း နေ ပါတယ်။


သမ္မတ ဦးသိန်းစိန် အနားမှာ ဖယောင်တိုင် (ဦး) ကိုကိုလှိုင် တို့ တနပ်စား (ဦး) မြင်လှိုင်တို့ လို အရည် အချင်း မပြည့်ဝသူ များ ရှိနေတာလဲ မှန်ပါတယ်။ အကြံပေးတွေ အစိုးရ အဖွဲ့ ၀န်ကြီးတွေ အရည်အချင်း မပြည့်ဝတော့ လုပ်ထုံးလုပ်နည်း မမှန်ကန် တဲ့ ကော်မရှင်တွေ ဖွဲ့ တဲ့ အမိန့်တွေ ထုတ်လိုက် ပြန် ဖျက် လိုက် လုပ်နေ ရတာ တွေ ကလဲ သမ္မတ ရဲ့ ဂုဏ်သိက္ခာ ကို ထိခိုက် စေပါတယ်။ ဒါပေမဲ့ မှားယွင်းတဲ့ လုပ်ဆောင်မှုတွေ ကို ချက်ခြင်း ပြင် ဆင် တာက ယခင် အစိုးရများ မှာ မရှိခဲ့ ဘူးတဲ့ ယခု သမ္မတ ရဲ့ အဖိုးတန် အရည်အချင်း ကောင်း တခုပါ။ စံ စိတ်ကူးယဉ် ဒီမိုကရေစီ နိုင်ငံတော်ကြီး ခုချက်ခြင်း မဖြစ် လာသေးပေမဲ့ ဒီမို ကရေစီ စနစ် အခြေခံ ကောင်း များ အတွက် လက်တွေ့ ကျတဲ့ ပြုပြင် ပြောင်း လဲရေး တွေ ကို တရွေ့ရွေ့ စေတနာ ထား ဆောင် ရွက်နေ တယ် လို့ မြင်ပါတယ်။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးသည် ခု ရေတွင်းတူး ခု ရေကြည်သောက် ချက်ခြင်း ဖြစ်ချင် လို့ မရ ပဲ တရွေ့ရွေ့ ပြုပြင် ပြောင်းလဲ ယူရမဲ့ ကိစ္စ ရပ်ပါ။ မြန်မာပြည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကို တပ်မတော်ရဲ့ သဘောတူညီချက် မပါဘဲ လဲ လက်တွေ့မှာ ရှေ့ဆက် လို့လဲ မရ နိုင်ပါဘူး။ ဒါကြောင့် လက်ရှိ သမ္မတကြီး ကို ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး များ အရှိန် အဟုန် မပျက် ဆက်လက် ဆောင်ရွက် နိုင် ဘို့ ၂၀၁၅ အတွက် ဆက်လက် ထောက် ခံ ခြင်း ဖြစ် ပါတယ်။


တိုင်ပြည် အနာဂါတ် အတွက် နိုင်ငံရေး သမားတွေကို ကျားကွက်ချ သလို နေရာချလို့ ရမယ် ဆိုရင် လက်ရှိ သမ္မတကြီး ကို သမ္မတကြီး ဆက်လုပ် စေချင်ပါတယ်။ လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဌ ကြီးကလဲ လက်ရှိ အတိုင်း ဆက် လုပ်ပြီး အန်တီစုကို အမျိုးသား လွှတ်တော် ဥက္ကဌကြီး နေရာ လုပ်စေ ချင် ပါတယ်။ အမျိုးသား လွှတ်တော် ဥက္ကဌ သည် ပထမ ၂နှစ်ခွဲ မှာ ပြည်ထောင်စု လွှတ်တော် နာယက ဖြစ်တဲ့ အတွက် နိုင်ငံတော်ရဲ့ အဆင့် ၂ နေရာလို့ ပြောလို့ ရပါတယ်။ ပြည်ထောင်စု လွှတ်တော် နာယက၊ အမျိုးသား လွှတ်တော် ဥက္ကဌကြီး အနေနဲ့ ဖခင် ဗိုလ်ချုပ် အောင်ဆန်း ပြီးဆုံးအောင် မလုပ် လိုက် ခဲ့ ရ တဲ့ ပြည်ထောင်စု အရေး၊ တိုင်းရင်သားရေး Issue တွေကို ဒီမို ကရေစီရေး၊ လူ့အခွင့်အရေး ရှုထောင့် က ထိရောက်မှု ရှိစွာ ၀ိုင်းဝန်း ဖြေရှင်း နိုင် ပါတယ်။ နိုင်ငံရေး အမြင်အရ တပ်မတော်နဲ့ ပွတ်တိုက်မှု လဲ စိုးရိမ်စရာ မလိုတော့ ဘူးပေါ့။ ဒါဆိဲု မြန်မာပြည်အတွက် ပြည်တွင်းမှာ လည်း နိုင်ငံရေးအရ ပွတ် တိုက် မှု အနည်းဆုံး နဲ့ အကောင်းဆုံး အတည်ငြိမ်ဆုံး ဖွံ့ဖြိုး တိုးတက်မှု ကို ရနိုင်မယ်။ ပြည်ပ နိုင်ငံတကာ ရဲ့ အမြင့် ဆုံး ထောက်ခံမှု လဲ ရမယ် ထင်ပါတယ်။

(လွတ်လပ်စွာ ၀ိုင်းဝန်း ဆွေးနွေး နိုင်ပါသည်။)

From:မိုး ဦး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...