Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

“လူနည်းစုတဲ့လား”

$
0
0


          ကမ္ဘာကြီးက ပြောပြောနေတဲ့ လူနည်းစု။
          လူနည်းစုကို ညှာတာဖို့၊ စာနာဖို့၊ တန်းတူထားဖို့၊ လူ့အခွင့်ရေးပေးဖို့။
          တကယ်လည်း ညှာတာချင်ပါရဲ့၊ စာနာချင်ပါရဲ့၊ တန်းတူထားချင်ပါရဲ့၊ လူ့အခွင့်အရေး အပြည့်အဝ ရစေချင်ပါရဲ့။

          ဟိန္ဒူတွေလည်း လူနည်းစုပါပဲ။ ဘာအသံကြားသလဲ?။ ဘာတောင်းဆိုသလဲ?။ သနားစရာမကောင်းဘူးလား?။ ချစ်စရာမကောင်းဘူးလား?။

          ခုတော့ဗျာ.................
          လူများစုက လူနည်းစုဆိုသူများကို မုဒိမ်းကျင့်တယ်လို့တယ်လို့ မကြားရဘူး။ လူနည်းစုဆိုသူတွေကပဲ လူများစု အိမ်ရှင်များကို ပစ်မှတ်ထား စော်ကားနေကြတာ။

          ဒါကိုပဲ ကမ္ဘာကြီးက ကရုဏာသက်သယောင် ဟန်ဆောင်လှည့်စားနေကြတယ်။
          လပွတ္တာမုဒိမ်းမှုလေးကိုလည်း ဖတ်ကြည့်လိုက်ပါဦး။
          သဲလုပ်ငန်းပိုင်ရှင်တွေက ဗမာတွေပါ။ အလုပ်သမားခေါင်းဆောင်ကသာ ဘာသာလူမျိုးကွဲတာပါ။ ကိုသက်ပိုင်စိုး အသက်က(၂၃)နှစ်ပါ။ ကလေးမလေး အသက်က(၁၅)ပဲ ရှိပါသေးတယ်။

          အခု ကောင်းမလေးက ဆေးရုံမှာ ကိုသက်ပိုင်စိုးက အချုပ်ခန်းမှာ။ မနက်ဖြန် (၁၈-၇-၂၀၁၃)မှ ရုံးထုတ်မယ်လို့ သိရပါတယ်။

          (ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် (၁၅-၇-၂၀၁၃)တနင်္လာနေ့ နံနက်(၆)နာရီကျော်ခန့်က သဲထမ်းအလုပ်သမ မငယ်(ခ)မဌေးဌေးမြိုင် အသက်(၁၅)နှစ်၊(ဘ)ဦးတင်အေး ရေဆိုင်ကုန်းကျေးရွာ လပွတ္တာမြို့နေသူ (ဗုဒ္ဓဘာသာဝင်အမျိုးသမီး)သည် သူငယ်ချင်းဖြစ်သူ အတူအလုပ်လုပ်သော မဖြိုးဖြိုးနှင့် ၄င်းတို့၏ ဂိုဏ်းမှူးဖြစ်သော ကိုသက်ပိုင်စိုး အသက်(၂၃)၊ (ဘ)ဦးမြသန်း အမှတ်(၃)ရပ်ကွက် စံပါယ်လမ်းနေသူအိမ်သို့ အလုပ်ဆင်းရန် ရောက်လာကြသည်။

        ဂိုဏ်းမှူးမှာ မွတ်ဆလင်လူမျိုး၊ အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး ၄င်းမှ အခြားအလုပ်သမားများအား အလုပ်သို့သွားနှင့်ရန် ပြောပြီး မဌေးဌေးမြိုင်နှင့် မဖြိုးဖြိုးတို့အား ၄င်းတို့မှ အတူသွားရန်ပြောသည်။
        ထို့နောက် မဖြိုးဖြိုးအား မုန့်သွားဝယ်ခိုင်းပြီး မဌေးဌေးမြိုင်အား ၄င်းကို နင်းပေးရန်ခိုင်းသည်။ မဌေးဌေးမြိုင်က ငြင်းသော အခါ ငါနေမကောင်းလို့ပါဟု ထပ်ပြော၍ နင်းပေးရကြောင်း၊ မဌေးဌေးမြိုင်က အနည်းငယ်နင်းပြီး သွားမည်ဟု ၄င်းကိုယ်ပေါ်မှ ဆင်းချိန်တွင် လက်ကိုဆောင့်ဆွဲပြီး အဓမ္မကျင့်ကြံရာ မဌေးဌေးမြိုင်၏ ကိုယ်အင်္ဂါ ကွဲပြဲသွားသည်အထိ ဖြစ်ပြီး သွေးများစွာထွက်ခဲ့ ကြောင်း ထိုအခါ ကိုသက်ပိုင်စိုးမှ မည်သူမေးမေး ချော်လဲတာဟု ပြောရန် အမှန်အတိုင်းပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။
        ထို့နောက် အိမ်မပြန်ရန်နှင့် အလုပ်မလုပ်ဘဲ အလုပ်မှာဘဲထိုင်နေရန်နှင့် နေ့စားခအပြည့်ပေးမည်ဟု ဆိုသဖြင့် မဌေးဌေးမြိုင်မှာ အိမ်မပြန်ရဲဘဲ ထိုင်နေခဲ့ရာ အစ်မဖြစ်သူ ထမင်းလာပို့သော အခါ မေးသောရာ ကိုသက်ပိုင်စိုးပြောခိုင်းသည့် အတိုင်း ပြောခဲ့ရသည်။ အစ်မဖြစ်သူမှာ အိမ်ပြန်၍ မဌေးဌေးမြိုင်၏ မိခင်ဖြစ်သူကို ပြောပြရာ မိခင်မှာ အလုပ်သို့လိုက်လာပြီး ဒီအတိုင်း ဆက်နေ၍မဖြစ် သွေးထွက်လွန်မည်ဟု ဆိုကာ  ဆေးခန်းသို့ခေါ်သွားခဲ့ပြီး ဆေးခန်းမှ ဆေးရုံသို့ သွားရန်ညွန်ကြားသဖြင့် လပွတ္တာခရိုင်၊ လပွတ္တာမြို့သစ်သုံးမိုင် ဆေးရုံသို့တက်ရောက်ပြီး အဖြစ်မှန်များ ပြောပြ ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
        တရားခံဖြစ်သူကို ဖမ်းမိထားပြီးဖြစ်ပြီး ကိုဇော်တိုးနှင့် အဖွဲ့မှ ဆေးရုံသို့ သွားရောက်တွေ့ဆုံစဉ် တရားခံဘက်မှ လူအချို့ကို လူနာရှင်ဆွေမျိုးများအနား၌ အချိန်ပြည့်လို့ တွေ့ခဲရ၍ အမှုလမ်းကြောင်း လွှဲသော လုပ်ရပ်များ ပြုလုပ်မည်ကို စိုးရိမ်ရပါသည်။)

                             စုံစမ်းရန်=       042-80133 (ရဲစခန်း)
                                                 09-422484102 (ကိုဇော်တိုး)
From:Wira Thu

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>