Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

စနိုးဒင်ကို နိုဗဲလ်ငြိမ်းချမ်းရေးဆုအတွက် အမည်တင်သွင်းပြီ

$
0
0

အမေရိကန် စပိုင်ဟောင်း Edward Snowden ကို နိုဗဲလ်ငြိမ်းချမ်းရေးဆုအတွက် ဆွီဒင် ပရော်ဖက်ဆာ တဦးက အမည် စာရင်း တင်သွင်းလိုက်ပါတယ်။အဆိုပါ ပရော်ဖက်ဆာက အခုလို အမည်စာရင်းတင်သွင်းတာကြောင့် နိုဗဲလ်ဆုပေးတဲ့ အဖွဲ့အစည်းကို ပြန် လည် ဂုဏ်တင် နိုင်လိမ့်မယ် လို့လည်း ပြောပြီး ၂၀၀၉ ခုနှစ်တုန်းက အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားကို နိုဗဲလ် ငြိမ်းချမ်းရေး ဆုပေးခဲ့တာဟာ မဖြစ်သင့်တဲ့ ဆုံးဖြတ်ချက်မို့ ပြန်ပြီး အဖတ်ဆည်မိအောင် Edward Snowden ကို ပေးသင့်တာလို့ ပြောတာကို Guardian Express အွန်လိုင်းသတင်းတပုဒ်က ဆိုပါတယ်။

နော်ဝေ၊ နိုဗဲလ်ဆုပေးရေး ကော်မတီကို ပေးပို့တဲ့ သူ့ရဲ့ စာမှာ ဆွီဒင် ပရော်ဖက်ဆာက Snowden ဟာ သူ့ရဲ့ ကြီးမားတဲ့ ပုဂ္ဂလိက အခန်းကဏ္ဍနဲ့ တကယ့် သူရဲကောင်းဆန်တဲ့ လုပ်ဆောင်မှုကြောင့် ချီးမွမ်းထားပါတယ်။

Edward Snowden ဟာ အမေရိကန်ရဲ့ စောင့်ကြည့်မှု စတင်ခဲ့တဲ့အချိန်က စပြီး သူဟာ တသီးပုဂ္ဂလ အားဖြင့် အခြေခံ အခွင့်အရေးနဲ့ လွတ်လပ်မှုအတွက် ရပ်တည်နိုင်တယ်လို့လည်း ဆွီဒင် ပရောက်ဖက်ဆာက ဆိုထားပါတယ်။

Snowden ဟာ အခုထိ ရုရှားနိုင်ငံ မော်စကို လေယာဉ်ကွင်းထဲမှာပဲ ရှိနေသေးပြီး တလောက လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ တွေ့ခွင့်ပေးခဲ့တဲ့အပေါ် ရုရှား အစိုးရကို အမေရိကန်က ပြစ်တင်ခဲ့ပါသေးတယ်။ ဒါပေမယ့် Edward Snowden ဟာ ရုရှားမှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားမှု မရှိဘူးလို့လ ည်း သတင်းတွေက ဆိုပါတယ်။

 Edward Snowden ကို ဗင်နီဇွဲလား၊ ဘိုလီဗီယား နိုင်ငံတွေက နိုင်ငံရေး ခိုလှုံခွင့်ပေးမယ်ဆိုတဲ့ သတင်းတွေလည်း ဆက်တိုက် ပေါ်ထွက်လာနေပါတယ်။ အခုထိတော့ Snowden ဟာ ဘယ်နိုင်ငံမှာမှ နိုင်ငံရေးခိုလှုံခွင့် မရသေးပါဘူး။

သူ့မှာ အမေရိကန်ရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရှိနေတာမို့ အမေရိကန်ကလည်း သူ့ကို အပူတပြင်း အလိုရှိနေသလို အခြား နိုင်ငံတချို့နဲ့ အဖွဲ့အစည်းတချို့ကလည်း အမေရိကန်ရဲ့ လျှို့ဝှက်ချက်တွေကို သိချင်လို့ သူ့ကို အလိုရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်လာနေပါတယ်။
From:ဧရာဝတီ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>