Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သချိုင်းမှာ သမိုင်းတွေရှိတယ်

$
0
0

တစ်ရံရောအခါက ကျွန်တော်တို့၏ သူ ငယ်ချင်းများဆုံဆည်း ရာ ကျောင်းတော်ကြီးမှ အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်သော် မြန် မာ နိုင်ငံ၏ သမိုင်း ကိုဖန်တီးခဲ့ကြသည့် ထင်ရှား ကျော်ကြားသော လူထုခေါင်းဆောင်များ၊နိုင်ငံ ရေးသမားများ၊လူမှုရေးသမားများ၊ အနုပညာ ရှင်၊အသိပညာရှင်၊ အတတ်ပညာရှင်တို့၏ သက်မဲ့ ခန္ဓာကိုယ်များထည့် သွင်းထားသော အုတ်ဂူများ ကိုတွေ့ရသည်။ထိုနေရာကား အုတ်ဂူများအစီ အရီရှိနေသော ကြံတောသုသာန်ပင်ဖြစ်သည်။

ဤသုသာန်သင်္ချိုင်းသို့ နေ့စဉ် ဟံသာဝတီ အဝိုင်းကြီးကိုပတ်ပြီး ‘မောင်ငွေပန်း’ တို့ ‘ဦးပန်ချာ’ တို့ ‘ ဦးမိုးကြီး’ တို့လို နိဗ္ဗာန်ယာဉ်များဖြင့် အသုဘ ကားများကျွန်တော်တို့ကျောင်းရှေ့မှဖြတ်ပြီး ရန်ကုန်မြို့၏ အထင်ကရဖြစ်သော ‘ကြံတော သုသာန်’ သို့ ပို့ဆောင်သင်္ဂြိုဟ်ဖြစ်ပါသည်။

ထိုစဉ်က မြန်မာနိုင်ငံ၏ ပထမမြို့တော် ကြီးဖြစ်သောရန်ကုန်မြို့၏ အထင်ကရသင်္ချိုင်း။ မင်္ဂလာဒုံရှိနိုင်ငံခြားစစ်သင်္ချိုင်းသို့ရောက် သော အခါပို၍ ပင်အံ့သြမိသည်။လူ့အရိုးအိုး များကိုမြှုပ်နှံထားသည့်သင်္ချိုင်း ဟုဆိုသော်လည်း ခမ်းနားထည်ဝါလွန်းသောအထိမ်းအမှတ်အဖြစ် တည်ဆောက် ထားသည်။

ကျွန်တော်တို့ မြန်မာသင်္ချိုင်းများကိုခြေဦးပင်မလှည့်ချင်သော သူများ ကထိုစစ်သင်္ချိုင်းကိုမူ အလည် သွားကြ သည်။အလှဓါတ် ပုံများ ၊အမှတ်တရ ဓာတ်ပုံများရိုက်ကူးကြသည်။ ရုပ်ရှင်ဗီဒီယိုများ၊ သီချင်းများ၊ ကြော်ငြာများ သွားရောက်ရိုက်ကူးကြသည်။

သင်္ချိုင်းချင်းအတူတူ ကျွန်တော်တို့ သင်္ချိုင်းက အဘယ့်ကြောင့် ညစ်ပတ်စုတ်ပြတ် နေ၍ သူတို့ သင်္ချိုင်းများက အဘယ့်ကြောင့် ထည်ဝါခမ်းနားနေ ရပါသလဲ။ သင်္ချိုင်းချင်းအတူ တူကျွန်တော်တို့ သင်္ချိုင်းများကိုအဘယ့်ကြောင့် ကြောက်ရွံ့စွာ၊မနှစ်မြို့စွာရှောင်ကြဉ်ကြပြီး သူ တို့သင်္ချိုင်းကိုမူ အ ဘယ့်ကြောင့် မကြောက်မရွံ့၊ မရွံမရှာ သွားလည်နေကြပါသလဲ။

နှစ်ပေါင်းများစွာကြာ၍ဘဝခရီးမိုင်ပေါင်းများစွာဖြတ်သန်းခဲ့ပြီးနောက်ယခုနာရေးကူညီမှု အသင်း(ရန်ကုန်)မှာပရဟိတလုပ်ငန်းများပါ ဝင်ဆောင် ရွက်နေသောအခါမှမြန်မလူမျိုးများ၏အကြောင်းအကျိုးမဆီလျော်သောအယူသီးမှု၊ လူ့သမိုင်းနှင့်ဂုဏ်သိက္ခာကိုအလေးမထားမှုများ ကိုတွေ့ ရှိလာခဲ့ရ သည်။ကျွန်တော်တို့ မြန်မာလူ မျိုးများကို ပို၍ပင်အားမလို အားမရဖြစ်မိ သည်။

ထိုပရဟိတခရီးစဉ်များနှင့် ဟောပြော ပွဲများတွင် ကျွန်တော်တို့ နာရေး ကူညီမှုအသင်း (ရန်ကုန်)၏ဥက္ကဋ္ဌဦးကျော်သူကပရဟိတ အကြောင်း များဟောပြောရင်းသူနိုင်ငံခြားသွားစဉ်က သွား ရောက်လေ့ လာကြည့်ရှု့ ခဲ့သော သင်္ချိုင်းများ ကို ဗီဒီယိုပရိုဂျက်တာဖြင့် ပြသပေးခဲ့သည်။

ကျွန်တော့်အထင်ကျွန်တော်တို့ မြန်မာ လူ မျိုးများကလူသေကို အမှိုက်တစ်ခုလို၊ သင်္ချိုင်းကို အမှိုက်ပုံလိုသဘောထားနေကြသည်ဟု ထင်သည်။ တကယ်တော့ လူသေဆိုသည်မှာ အမှိုက်မဟုတ် သလိုသင်္ချိုင်းဆိုသည်မှာလည်းအမှိုက်ပုံမဟုတ်ပါ။

နိုင်ငံရပ်ခြားတွင်သင်္ချိုင်းများကိုအဘယ့် ကြောင့်အမှိုက်ပုံလိုသဘောမထားဘဲလေးစားစွာ ခမ်းနားထည်ဝါစွာတည်ဆောက်ထားကြပါသလဲ။
ကျွန်တော်တို့ ယခုတစ်ခေါက် အထက် မြန်မာပြည် ပရဟိတခရီးစဉ်နှ င့်ဟောပြောပွဲ များမှာဦးကျော်သူကကျွန်တော်တို့ သတိထား စရာ၊အလေး ထားစရာ၊ စဉ်းစားစရာ စကားတစ် ခွန်းပြောခဲ့သည်။ထိုစကားကတော့ ‘သင်္ချိုင်းမှာ သမိုင်းတွေရှိတယ်’ ဟူသောစကားဖြစ်သည်။

’သင်္ချိုင်းမှာသမိုင်းတွေရှိတယ်’တဲ့။ သင်္ချိုင်း တွေမှာ လေးစားစရာသမိုင်းတွေ ရှိတယ်တဲ့။ဟုတ်ပါသည်။ထို့ကြောင့်စာရေး ဆရာ ‘လှကွန့်’ က ‘ကြံတော ကပြောသောသမိုင်း’ ဟူသော စာအုပ် တစ်အုပ်ပြုစုရေးသား ခဲ့သည်။ ရန်ကုန်မြို့၏အထင် ကရဖြစ်သောကြံတောသုသာန်မှာ မြန်မာနိုင်ငံ ၏ သမိုင်းကိုဖန်တီးခဲ့ကြသောလေးစားစရာသမိုင်း ဝင်ပုဂ္ဂိုလ် ကြီးများ၏ အုတ်ဂူများရှိခဲ့ဖူးပါသည်။ ယခုတော့ ထိုသမိုင်းဝင်နေရာကြီးမှာ ဟိုတယ် များ၊ စားသောက်ဆိုင်များ၊ ရှောပင်းမောများ၊ စူပါ မားကတ် များ ဖြစ်သွားခဲ့လေပြီ။

လူ့သမိုင်းအစဉ်အဆက်မှာ လူ့လောက ကို အကျိုးပြုခဲ့သော၊ကိုယ့်နိုင်ငံကိုယ့် လူမျိုးကို အကျိုးပြုခဲ့ကြသော၊ ပုဂ္ဂိုလ်များ ကိုယ့်နိုင်ငံ ကိုယ့် လူမျိုး၏ ဂုဏ်ကိုမြှင့်တင်ခဲ့ကြသော ပုဂ္ဂိုလ်များကို ခမ်းနားထည်ဝါစွာဂုဏ်ပြု သင်္ဂြိုဟ်ခဲ့ကြသည် သင်္ချိုင်းများလည်းရှိပါသည်။ဥပမာ-ပိရမစ်ကြီး များ၊အာဇာ နည်ဗိမာန်များ၊ဧကရာဇ်ဘုရင် ကြီး များ၏ဂူသင်္ချိုင်းတော်များ၊ သူရဲကောင်းများ၏ဂူဗိမာန်များကမ္ဘာအရပ်ရပ်နိုင်ငံအသီးသီးမှာရှိပါ သည်။ကိုယ့်နို င်ငံ၏အာဇာနည်သူရဲကောင်းများ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ ဂူသင်္ချိုင်းများကိုဂုဏ်ယူစွာဖြင့်ခမ်းနားထည်ဝါစွာတည်ဆောက်ထားကြသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း တိုင်း ပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုး စွန့်ရုံမကအသက် ကိုပင်စွန့်၍ အနစ်နာခံကာကြိုးပမ်းဆောင် ရွက်ခဲ့ေ သာလွတ်လပ်ရေးဗိသုကာကြီး ဗိုလ် ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများလဲလျောင်းရာအာဇာနည် ဗိမာန်ကြီးရှိနေပါသည်။

အမှန်တော့ ‘သင်္ချိုင်းမှာသမိုင်းတွေရှိ တယ်’ ဆိုသည်ကို အာဇာနည် ဗိမာန်ကြီးနှင့် သမိုင်း ဝင်ပုဂ္ဂိုလ်များ၏ ဂူဗိမာန်များက သက်သေခံ နေပါ သည်။ ထို့ကြောင့် ကျွန်တော်တို့နိုင်ငံ၏ သမိုင်းများမပျောက်ပျက်အောင် သင်္ချိုင်းများ ကို စောင့်ရှောက်ထိန်းသိမ်းသင့်ပါသည်။

ထို့အပြင်ကျွန်တော်တို့သည် အယူမသီး သော၊ ကျေးဇူးသိတတ်သော ယဉ်ကျေးမှုနှင့် အသိဥာဏ်မြင့်မားသောလူမျိုးများပီပီကျွန်တော် တို့ ဘိုးဘွား မိဘများနှင့် ကွယ်လွန်သူများ၏ ဂုဏ်သိက္ခာကိုလေးစားသောအားဖြင့် သူတို့ လဲလျောင်းရာ သင်္ချိုင်းများကိုသံဝေဂရစရာ စိတ်ငြိမ်အေးချမ်းေ သာနေရာဖြစ်အောင် ဂါရဝပြုလိုသူ ကျန်ရစ်သူမိသားစုများ လည်း အေးအေးချမ်းချမ်း အန္တရာယ်ကင်းကင်း ဂါရဝပြုနိုင်အောင် သနရှင်းရှင်း သပ် ရပ်နှင့်ထည် ထည်ဝါစွာထားသင့်ပါသည်။

(၆၆နှစ်မြောက် အာဇာနည်နေ့ကို လေးစားကြည်ညိုစွာ ဂါရဝပြုလျှက် . . . )
မောင်မြတ်ဆွေ(ခ)ဒါရိုက်တာ မိုးခြိမ်းညံ

From: Popular Journal

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>