ယနေ့ ဒီမိုကရေစီ မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးလွှတ်တော်အမတ်မ
NLD လုပ်သမျှ ဘာလုပ်လုပ်အကောင်းမြင်ပြီး ကိုယ်ပိုင်အသိဥာဏ်မရှိသူမျာ
၁၉၄၉ ခုနှစ်၌ ရေးဆွဲပြဌာန်းခဲ့သည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအား ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမအကြိမ် ပုံမှန် အစည်းအဝေးတွင် ပြင်ဆင်ရေးဆွဲရန် အစီအစဉ် ရှိမရှိကို ဒေါ်စန္ဒာမင်းက မေးမြန်းရာ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ထိုဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲရန် အစီအစဉ် မရှိကြောင်း အထောက်အထားဖြင့် ဖြေကြားခဲ့သည်။
ပြည့်တန်ဆာ ဖမ်းဆီး အရေးယူမှု အရေအတွက်သည် ယခုအစိုးရ လက်ထက် ၂၀၁၁ ခုနှစ်တွင် ၁၉၅၆ မှု၊ ၂၀၁၂ ခုနှစ်တွင် ၃၂၂၆ မှုနှင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ မှ မေလအထိ ၆၄၀ မှုတို့ အရေးယူခဲ့ကြောင်း၊ ပြည့်တန်ဆာအဖြစ် အသက်မွေးခြင်းသည် စီးပွားရေး၊ လူမှုရေး အကြောင်းများနှင့် ဆက်စပ် နေသည့်အတွက် ပြည့်တန်ဆာ ပပျောက်ရေးသည် မျှော်လင့်ရန် မရသည့် ကိစ္စဖြစ်သော်လည်း အတိုင်းအတာ တရပ်အထိ ဟန့်တားနိုင်မည် ဖြစ်ကြောင်း၊ ဆင်းရဲမွဲတေမှု၊ အလုပ်ရှားပါးမှုက ပြည့်တန်ဆာ တိုးစေတာလို့ ဆိုနိုင်ပေမယ့် ကိုယ်ကျင့်တရား အပေါ် တန်ဖိုးထားမှု စံနှုန်းလျော့ပါးခြင်း၊ ပြောင်းလဲလာတဲ့ ခေတ်အရ လူမှု ဆက်ဆံရေးအခြေအနေ လွတ်လပ် ကျယ်ပြန့်လာခြင်းစတဲ့ တခြားအကြောင်းလည်း ရှိနေကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရွေးချယ်နိုင်တဲ့ အခြေအနေမှာပင် ရိုးသားကြိုးစားစွာ လုပ်ကိုင် စားသောက်လိုစိတ်မရှိဘဲ လွယ်လွယ်နဲ့ ငွေရတဲ့ ပြည့်တန်ဆာလုပ်ငန်းကို ရွေးချယ် ကြသူများလည်း ရှိကြောင်း တွေ့ရှိရပါကြောင်း၊
ပြည့်တန်ဆာ နှိပ်ကွတ်ရေး အက်ဥပဒေအရ ဖမ်းဆီး အရေးယူခံရသည့် အမျိုးသမီးများ အကျဉ်းထောင်မှ လွတ်မြောက်သည့် အခါ ပြည့်တန်ဆာလုပ်ငန်း ပြန်လည် မလုပ်စေရန် စာအုပ်များ ဖတ်စေခြင်း၊ အသိပညာပေးခြင်း၊ ဇာထိုး ပန်းထိုးလုပ်ငန်း၊ စက်ချုပ်လုပ်ငန်း၊ မျက်တောင်အတု လုပ်ငန်း၊ ဆံကေသာ အလှပြုပြင် သင်တန်း၊ မျက်နှာအလှပြင် သင်တန်း၊ ကွန်ပျူတာသင်တန်း၊ အကသင်တန်း၊ ဒီဇိုင်နာသင်တန်း၊ အ သုံးလုံး သင်တန်း စသည့် သင်တန်းများ ပေးနေကြောင်း၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအရ ဖမ်းဆီးခံရသည့် ၁၈ နှစ်အောက် အမျိုးသမီးများကို အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားပေးပြီး လူမှု အသိုင်းအဝိုင်းအတွင်း ပြန်ဝင်ဆံ့နိုင်ရန် မိမိဘဝ ရပ်တည်နေထိုင်ရေး၊ ဆေးဝါးကုသမှု ခံယူရစေရန်၊ စိတ်ဓာတ် ကြံ့ခိုင်မှု ရှိစေရန်နှင့် သင်တန်းကာလအတွင်း ပျော်ရွှင်စွာ နေထိုင်နိုင်ရန် ရန်ကုန်တိုင်း တွံတေးမြို့နယ်ရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးဌာနကို
ပြည့်တန်ဆာကိစ္စသည် ပပျောက်ရန် လုပ်မရသလို ပပျောက်ရန် လုပ်မရသဖြင့် တရားဝင်လုပ်လည်း မလုပ်သင့်ပေ။ တိုးတိုးကြိတ်ကြိတ် ဖြေရှင်းခြင်းကိုသာ ကာယကံရှင်များက ပိုသဘောကျကြသည့်အပြင် အသက်ကြီးလာလျှင်ပြည့်တန်ဆာ လုပ်ရမရတော့သဖြင့် မိသားစုနှင့် နေချင်ကြမည်ဖြစ်သည်။ တရားဝင် ဖာ မှတ်ပုံတင်ထားသဖြင့် အလုပ်အကိုင် နေရာကွက်လက်တွင် အလုပ်အကိုင် - ပြည့်တန်ဆာ (သို့) ဖာ ဟု ဖြည့်ထားရတော့မည်။ အလားတူ သား/သမီးများအတွက်လည်း မိခင်အလုပ်အကိုင် - ပြည့်တန်ဆာ (သို့) ဖာ ဟု ဖြည့်သွင်းရေးသားရတော့မည်။ မှတ်ပုံမတင်လျှင် မသိလိုက် မသိဘာသာ စွန့်ခွာ၍ ရနိုင်ပါသည်။
လာမည့် နိုဝင်ဘာလ ၅ ရက်နေ့တွင် အသက် ၄၅ နှစ် ပြည့်တော့မည့် NLD အမတ် ဒေါ်စန္ဒာမင်းသည် လွှတ်တော်ကိုယ်စားလှယ် သတ်တမ်း (၁) နှစ် အတွင်း ပြည့်တန်ဆာ တရားဝင်ဖြစ်ရေးအတွက်သာ အချိန်ကုန်လျှက်ရှိသည်။ လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းအနေဖြင့် နိုင်ငံတော် တိုးတက်ရေး၊ ပညာရေး၊ စီးပွားရေး နှင့် အခြား ပြည့်တန်ဆာ (သို့) ဖာ ထက် အရေးကြီးသည့် ကိစ္စများကို မစဉ်းစားပဲ ပြည့်တန်ဆာအရေးကိုသာ တစိုက်မက်မက် စိတ်ဝင်စား ညှာတာ စာနာ ကိုယ်ချင်းစာနေသည်မှာ ၎င်းကိုယ်တိုင်က ကိုယ်တွေ့ကြုံတွေ့ခဲ့ခြင်းေ
ဒေါ်စန္ဒာမင်း နှင့် ငယ်စဉ်ဘဝကို သိရှိသူများ၏ ပြောဆိုချက်အရ ဒေါ်စန္ဒာမင်း ဖခင် ဦးဝင်းမြင့် နှင့် မိခင် ဒေါ်နုနုကျင် တို့မှာ အလွန်ရိုးအသူများဖြစ်သော်လည
NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဒေါ်စန္ဒာမင်းမှ ထုတ်ဖော်ပြောဆိုချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ဗဟန်းမြို့နယ် ပတ်ဝန်းကျင်နှင့် ရန်ကုန်ဒေသ တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြောဆိုခဲ့သော်လည်း နာမည်ပျက်ဖြင့် ကျော်ကြားနေသည့် ဒေါ်စန္ဒာမင်း မှာ ရန်ကုန်တွင်ယှဉ်ပြိုင်ပါက အခြေအနေမကောင်းနိုင်သဖြင့် နေပြည်တော်သို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။
အမျိုးသမီး လွှတ်တော်အမတ် ချင်း အတူတူ၊ ပညာရေး နှင့် ကျန်းမာရေး တိုးတက်ရေးကို စဉ်းစားသည့် ဒေါ်အောင်ဆန်းစုကြည်သည် ဒေါ်စန္ဒာမင်း၏ လိင်မှုကိစ္စအရှုတ်တော်ပုံများ
သို့သော်လည်း နေပြည်တော်တွင် ဒေါ်စန္ဒာမင်း အနိုင်ရကာ NLD အမတ် အားလုံးနီးပါးလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲတွင်တွ
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ၁ လ အလိုတွင် ဇမ္ဗူသီရိမြို့နယ် NLD အမတ်လောင်း အိမ်ထောင်သည် ဒေါ်စန္ဒာမင်းသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် နှင့် ပုဂံမြို့ Bagan Hotel, River View အခန်းအမှတ် ၂၁၁ တွင် ၈-၂-၁၂ ရက်နေ့မှ ၁၀-၂-၁၂ ရက်နေ့အထိ တစ်ခန်းတည်း အတူ တည်းခိုနေထိုင်ခဲ့ကြောင်း အထောက်အထား အပြည့်အစုံနှင့်တကွ ထွက်ပေါ်ခဲ့သဖြင့် သတင်းလောက တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရသည
ထိုစဉ်က ကိုဌေးကြွယ် နှင့် ဒေါ်စန္ဒာမင်းတို့နှစ်ဦးသည် ဖေဖော်ဝါရီလ (၈)ရက် နေ့မှာ လေယာဉ်တစ်စီးတည်း အတူစီးကာ ပုဂံ သို့ ထွက်ခွာခဲ့ကြပြီ့း  ပုဂံဟိုတယ်တွင် Booking လုပ်ကာ ဟိုတယ်မှာပဲနေ့လည်စာ စားခဲ့ကြကြောင်း၊ အခန်းအမှတ် ၂၁၁ တွင်းသို့ ၂ ဦးလုံးဝင်ရောက်သွားပြီး တစ်နာရီ ခန့်အကြာ ပြန်ထွက်လာကြပြီး နှစ်ကိုယ်တူ ဘုရားဖူးထွက်ကြကြောင်း၊ ညနေပိုင်းတွင် ဟိုတယ်သို့ ပြန်ရောက်လာ၍့  ညစာကို အခန်းလာပို့ရန် မှာယူကာ နှစ်ဦးစလုံး အခန်းထဲဝင်သွားပြီး မနက်စာစားချိန်မှ ပြန်ထွက်လာကြောင်း မျက်မြင်များက ဆိုသည်။ ၂ ညတာ တစ်ခန်းတည်းအတူ အိပ်ခဲ့သော ဒေါ်စန္ဒာမင်းနှင့် ကိုဌေးကြွယ်ကြောင့် ၈၈ NLD ပါတီဝင်များသာမက ၈၈ မျိုးဆက်များပါ ဖြေရှင်းမှုများ ပြုလုပ်ခဲ့ရသော်လည်း ထိုစဉ်က ဒေါ်စန္ဒာမင်းဘက်မှ တစ်စုံတစ်ဖြေရှင်းခဲ့ခြင်းမ
ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သော လွှတ်တော်အမတ်ကြီး ဒေါ်စန္ဒာမင်းသည် ရခိုင်ဒေသတွင် တိုင်းရင်းသူ မသီတာထွေး မုဒိန်းကျင့်ခံရချိန် နှင့် လားရှိုးတွင် မအေးဝင်း မီးရှို့သတ်ခံရချိန် သာမက မိတ္ထီလာဒေသတွင် ဆရာတော် ဦးသောဘိတ အသတ်ခံရချိန်များ၌ ဘာတစ်ခုမှ ဝင်မပြောခဲ့ပဲ ပါးစပ်ပိတ် နေခဲ့ပြီး တရားဝင် ပြည့်တန်ဆာ (သို့) တရားဝင် ဖာ ဖြစ်ရေးကိုသာ လွှတ်တော်တွင် တင်သွင်း၊ မေးမြန်း ဆွေးနွေးနေသဖြင့် လူထုက ဒေါ်စန္ဒာမင်းကိုသာမက NLD ကိုပါ အထူးစိတ်ပျက်လျှက်ရှိကြောင်
စစ်သား ဖြင့် အိမ်ထောင်ကျပြီး ဓာတုဗေဒ ဖြင့် ဘွဲ့ရထားသော ဒေါ်စန္ဒာမင်းသည် NLD ပါတီထဲဝင်ပြီး ပြည့်တန်ဆာ (သို့) ဖာ များ အရေးကို အခြား သေရေးရှင်ရေး အခြားကိစ္စအားလုံးထက် ဦးစားပေးလျှက်ရှိသည်မှာ အနာဂတ် နိုင်ငံတော်နှင့် အနာဂတ် NLD ပါတီအတွက် ဆိုးရိမ်ဖွယ်ဖြစ်ကြောင်း မြန်မာ့အရေးလေ့လာသူများက သုံးသပ်လျှက်ရှိကြောင်း သိရသည်။
www.mmdailystar.com