Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၈၈ မျိုးဆက်သစ် အဖြစ် ပူးပေါင်း ပါဝင် လိုပါသည်

$
0
0

၁၅၀၀ ကျပ်တန် တယ်လီဖုန်း မဲပေါက်လို့ နောက်ထပ် တစ်သောင်း ထပ်ဆောင်းပြီးချိန်မှ စကာ အင်တာနက်၊ facebook ရောဂါ ကျွန်တော့်မှာ စတင် လာခဲ့တယ်။ အဲဒီ ရောဂါနဲ့အတူ ချင်ခြင်းတက် ဖြစ်နေတာ ကတော့ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ထဲ ဝင်လိုခြင်းပါ။ အမှန်ပြောပါမယ် နိုင်ငံရေးတော့ စိတ်မဝင်စားပါ။ ၈၈ မျိုးဆက် ကျောင်းသား တွေ တောက်လျှောက် နိုင်ငံခြားသွား နေရကြတဲ့ သတင်း တွေကို ဖတ်ရတာ များတော့ အားကျ လို့ပါ။ တရုတ် နိုင်ငံ၊ ကူမင်း ဘက်ကို ဇွန်လ ၅ ရက်နေ့ လောက်က မြအေးနဲ့ အဖွဲ့ သွားတယ်။ ဂရိတ်ဝေါတွေ ဘာတွေ ရောက်တယ်တဲ့။
သွားတာလည်း ကြည့်ဦး။ မြအေး၊ ထွန်းမြင့်အောင်၊ မီမီလွင်နဲ့ စန်းစန်းမော် ၄ ဦးဆိုတော့ နှစ်တွဲပေါ့ (မိုက်တယ်)။ ဇွန်လ ၁၇ ရက်နေ့တုန်း ကလည်း ဂျင်မီကိုကိုကြီး၊ မြအေး၊ သင်းသင်းအေးနဲ့ နီလာသိန်းတို့ အင်္ဂလန်ကို သွားတယ်။ မင်းကိုနိုင် နဲ့အဖွဲ့ ကလည်း ဇွန်လ ၂၁ ရက်နေ့လောက်မှာ အိုင်ယာလန်မှာ ရောက်နေပြီ။

ဒါ လောလော လတ်လတ် ကျွန်တော် မှတ်မိ သလောက် ပြောတာနော်။ ဒါတွေ မတိုင်မီ အမေရိကန်နှင့် ဥရောပ တစ်ခွင် ပြဲပြဲ စင်ပြီး ဂျပန်၊ ကိုရီးယား၊ ယိုးဒယား မကျန် သွားတာတွေ အများ ကြီးပဲ။ ဒါ့ကြောင့် ကျွန်တော် အားကျတာ ဘာဆန်းလဲ။ ကျွန်တော်လည်း ၁၉၈၈ အရေးခင်း ဖြစ်တုန်းက စီးပွားရေး တက္ကသိုလ် ဒုတိယ နှစ်ပါ။ လူအုပ်စု ထဲတော့ ဝင်မတိုး ခဲ့ဘူး။ အခန့် မသင့်လျှင် ခေါင်းဖြတ် ခံရမှာ။ အခုတော့ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ရဲ့ နိုင်ငံခြား ခရီးစဉ် တွေကို စိတ်ဝင်စားလို့ အဖွဲ့ထဲ ဝင်ချင် သော်လည်း ဘဝ တစ်သက် တာ ကုန်ဆုံး သွားပေမယ့် လူတိုင်းမှာ သမိုင်း ဆိုတာ ကျန်ခဲ့ရ စမြဲပါ။ အဲဒီကျန်ခဲ့တဲ့ သမိုင်းမှာ ရှင်းရှင်း လင်းလင်း ဖြစ်အောင် အဖွဲ့ထဲ မဝင်ခင် မေးခွန်းလေးတွေ မေးပါရစေ။

(၁)    ၈၈ မျိုးဆက် ကျောင်းသား ဆိုတာ ဘယ်လို အရည် အချင်းတွေကို သတ်မှတ် ပါသလဲ။ (၁၀၉-၁၁၀ သို့မဟုတ် မျက်မှန် စိမ်းကြောင့် အမြင် အာရုံ ချို့ယွင်း သူများ သို့မဟုတ် စိတ်ရောဂါ ရှိသူများ သို့မဟုတ် ဘွဲ့မရသော ကျောင်းသားများ)
(၂)    နိုင်ငံခြားတွေကို ပလူပျံ သလို သွားနေ တာဟာ ဘယ်သူတွေရဲ့ အကူ အညီ ပါလဲ။ အဲဒီအဖွဲ့ တွေကို ကျေးဇူး တင်နိုင်အောင် သတင်း ထုတ်ဖော် ပေးစေ ချင်ပါတယ်။ ပြည်သူ့အတွက် ဆိုလျှင် အစိုးရ ထံမှာ လုပ်မဲ့ အကြောင်း အရာတွေ ဖော်ပြပြီး စရိတ် ထုတ်ယူ သွားလျှင်ကော ရနိုင်မှာလား။
(၃)    အဲဒီ ထောက်ပံ့ နေတဲ့ အဖွဲ့တွေရဲ့ ရည်ရွယ် ချက်တွေက ဘာတွေလဲ။ သူတို့ကကော ဒီငွေတွေ ဘယ်က ရတာလဲ။ နိုင်ငံ တကာမှာ မျောက်ပြ ဆန်တောင်းပြီး မျောက်ကိုတော့ ဆန်ကွဲပဲ ကျွေးနေ တာလား။
(၄)    နိုင်ငံခြား ခရီးစဉ်တွေ ရက်ရှည် ကြာပြီး လှုပ်ရှားမှု ဖော်ပြတာ နည်းနေ ပါတယ်။ ပွင့်လင်း မြင်သာစွာ သတင်း ထုတ်ပြန်လို့ ဘာကြောင့် မဖြစ် နိုင်တာလဲ။ မြေအောက် လှုပ်ရှား မှုနဲ့ ဆက်နွယ် တာတော့ မဟုတ်ပါ ဘူးနော်။
(၅)    နိုင်ငံခြား ရောက်ရင် အလုပ်တွေချည်း လုပ်နေရ မှာလား။ (ဘာညာ၊ ဘာညာ နေရာတွေ ရောက်ချင်လို့ မေးတာပါ။)
(၆)    အသုံး စရိတ် ရှင်းတမ်းကို ပြန်ရောက်လျှင် ထုတ်ပြန် ရပါလား။ (ရေဆာလျှင် ဘီယာ သောက်ခြင်း၊ ရာသီဥတု အေး၍ ဝီစကီ မော့ခြင်း၊ တစ်နေကုန် လည်ပတ် နေရလို့ အညောင်း အညာ ပြေရန် အနှိပ်ခန်း သွားခြင်း၊ ကကြီ ကကြောင် ကျတဲ့ အိမ်က မိန်းမကြီး အလစ်မှာ အစားထိုး အားအင် ထုတ်ခြင်း။)
(၇)    နိုင်ငံခြားမှာ တွေ့တဲ့ သူတိုင်းကို ရိုသေခယ၊ မျက်နှာချို သွေးရ၊ ခေါင်းညိမ့်ပြရ၊ သွားဖြဲ ပြရ၊ နားမလည်လည်း Yes, Yes လုပ်နေရ။ ဒါတွေကြောင့် အကြော ဆွဲတဲ့ ရောဂါတွေ ကုသရန် ဆေးဖိုး ပြန်ရပါ သလား။

ကျွန်တော် မေးချင်တာ အများကြီးပါ။ ဒါပေမယ့် လောလောဆယ် နိုင်ငံခြား သွားတာ တွေကို စိတ်ဝင် စားလို့ ကျွန်တော်လည်း အသင်း ဝင်နိုင်အောင် ရွေးထုတ်ပြီး မေးခြင်း ဖြစ်ပါတယ်။ သမ ဝါယမ အသင်း ဝင်ရင် အတိုးမဲ့ ငွေေချးလို့ ရတယ်တဲ့။ ၈၈ မျိုးဆက်သစ် ကျောင်းသားထဲ ဝင်ရင် ...... .............  Transparency ကျကျ ဖြေကြား ပေးပါ။ ဒါမှ ခင်ဗျားတို့အဖွဲ့ အင်အား တိုးမှာ မဟုတ်လား။

From: ၈၈ ကျောင်းသားတစ်ဦး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>