Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

$
0
0
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲက လူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ဇူလိုင်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေက ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံက သံအမတ်ကြီးတွေ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ပြည်လမ်း နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ရခိုင်ပြည်နယ်အစိုးရက သတင်းစာရှင်းလင်းပွဲကျင်းပစဉ်မှာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောခဲ့တာပါ။

ရခိုင်ပြည်နယ်ထဲမှာ လူမျိုးစုနှစ်ခုကို အတူတကွပြန်မထားသေးတာဟာ ပဋိပက္ခတွေ ထပ်မံဖြစ်ပွားနိုင်တာတွေကြောင့်ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါအပြင် မွတ်စလင်အများစုနေထိုင်တဲ့နေရာတွေကို လုံခြုံအောင်စီမံထားပြီး ရခိုင်လူမျိုးတွေကိုလည်း မွတ်စလင်တွေနေထိုင်တဲ့နေရာတွေကို သွားလာခွင့်မပြုထားဘူးလို့ ပြောပါတယ်။ လက်ရှိရခိုင်ပြည်နယ်ထဲမှာ ရဲအင်အား ၆ ထောင်ကျော်အပြင် လုံလောက်တဲ့ စစ်တပ်အင်အားနဲ့ လုံခြုံရေးယူနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ၂ဝ၁၂ ဇူလှိုင်လကနေ ၂ဝ၁၃ ဇူလိုင်လအထိ အမေရိကန်ဒေါ်လာသန်း ၈ဝ ကျော်ကုန်ကျမှာဖြစ်ပြီး လတ်တလောအနေနဲ့ အလှူငွေ ၆၆ သန်းကျော်ကို လက်ခံရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။


From:voa

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>