Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကြမ်းပိုးကို လိပ်ဖြစ်အောင် ရေးတက်သည့် Eleven သတင်းစာမှ သတင်းထောက် အောင်ရဲကိုသို့ ပေးစာ

$
0
0

Eleven Media (Daily Eleven) သတင်းစာမှသတင်းထောက် အောင်ရဲကိုသို့ 


ကိုအောင်ရဲကိုရေ..........
မပြောချင်ပေမဲ့ပြောရဦးမယ်ဗျ။ကျွန်တော်သိထားတဲ့မီဒီယာသမားဆိုတာ အရှိကိုအရှိအတိုင်းရေးတာ ပြောတာလို့ပဲသိထားတာဗျ။၂၀၁၃ခုနှစ်ဇူလိုင်လ၉ရက်နေ Daily Eleven သတင်းစာပါ
ကိုအောင်ရဲကိုရေးထားတဲ့သတင်းတစ်ပုဒ်ပေါ့ (တည်ဆောက်ဆဲဘုရင့်နောင်ခုံကျော်တံတား
ပင်မကွန်ကရစ်တိုင်ပြိုကျမှု ဖြစ်ပွား) ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးထားတဲ့သတင်းလေးနဲ့ ပတ်သက်ပြီးပြောချင်လို့ပါ။
အဲ့ဒိသတင်းပါ အထောက်အထားဓါတ်ပုံက ကိုအောင်ရဲကိုကိုယ်တိုင်ရိုက်ဆိုတာယုံကြည်ပါတယ်။
ပုံပါအတိုင်းလည်းအမှန်ပါပဲ။ ဒီနေရာမှာကျွန်တော်ပြောချင်တဲ့အချက်က ပုံကိုသေချာကြည့်ပါ
ကွန်ကရစ်တိုင်ပြိုကျတာလား သံစင်ထားတဲ့ငြမ်းပြိုကျတာလားဆိုတာ သေချာလေးကြည့်နော်။
ကျွန်တော်တို့ ကွန်ကရစ်မလောင်းရသေးပါဘူး။ ဖြစ်စဉ်ကိုသေချာမလေ့လာပဲ သတင်းရပြီးရော ရေးကြတာ
မီဒီယာကျင့်ဝတ်နဲ့ ညီလား မညီလားဆိုတာ အကိုတို့ မီဒီယာသမားတွေ ပိုပြီးသိပါလိမ့်မယ်။
နောက်တစ်ချက်အနေနဲ့  အကိုပြထားတဲ့အပြင်လူတစ်ယောက် ပြောစကားပေါ့နော် (ယင်းဖြစ်စဉ်
အားတွေ့ ရှိခဲ့သူတစ်ဦးက “အကြီးအကျယ်တိုက်တာမဟုတ်ဘဲနဲ့ လဲကျသွားခဲ့တဲ့တည်ဆောက်မှု
တွေ ကိုနည်းနည်းစိုးရိမ်ရတယ်။ နောက်ပြီးပြိုကိခဲ့တဲ့တိုင်က အောက်ခြေကွန်ကရစ်လောင်းတဲ့
အဆင့်ပဲရှိသေးပေမယ့် အပေါ်သံတိုင်တွေအများအပြားတင်ထားတဲ့အတွက်ကြောင့် ခံနိုင်ရည်အားမရှိခဲ့တာ
ဖြစ်ဖို့ များပါတယ်။) ဆိုတဲ့အချက်ပါ။ သူပြောခဲ့တဲ့ခံနိုင်ရည်အားမရှိခဲ့တာဆိုတဲ့အချက်ကအဓိက
ပြောချင်တာပါ။ သေချာလေ့လာသုံးသပ်ကြည့်ပါ။ ကျွန်တ်ာတို့ သာမာန်ဝါးလုံးတစ်ချောင်းကိုပဲမြေပေါ်အမြင့်
ပေ၃၀ကျော်လောက်အထိထောင်မယ်ဆိုရင် အဲ့ဒိဝါးလုံးကိုအထောက်အကူပြုငြမ်းဆိုတာရှိရပါတယ်။
ငြမ်းမရှိရင် ဝါးရဲ့အလေးချိန်နဲ့ ညွှတ်မယ်၊ယိမ်းမယ်၊ယိုင်မယ်။အခုကျွန်တော်ပြောချင်တာ ဘာလည်းဆိုတာ
အကိုတို့ သဘောပေါက်မယ်လို့ ထင်ပါတယ်။ အဓိကဖြစ်စဉ်ကငြမ်းပြိုကျတာပါ။ငြမ်းပြိုတဲ့အတွက်
အဲ့ဒိငြမ်းနဲ့ ထောက်ထားတဲ့သံတိုင်တွေလဲကျရတာပါ။ ကွန်ကရစ်တိုင်မဟုတ်သလို ပြိုကျမှုလည်းမရှိပါဘူး။
နောက်ပြီးဖြစ်စဉ်ကြောင့် ကားလမ်းကြောများနှစ်နာရီခန့် ပိတ်ထားခဲ့ရတယ်လို့ ဆိုထားပါတယ်။
ကျွန်တော့်တို့ လုပ်ငန်းခွင်အချက်အလက်များအရ တစ်နာရီနဲ့ ဆယ့်ရှစ်မိနစ်ကြာမြင့်ပြီးအချိန်မှာယာဉ်အသွားအလာလုပ်နိုင်ခဲ့ပါတယ်။ရှေးလူကြီးတွေ ပြောခဲ့ကြတဲ့စပြီးကားတဲ့ စကား မဖြစ်အောင်၊
သတင်းနဲ့ အတင်းကိုခွဲခြားပေးရမှာအမှန်ကိုအမှန်အတိုင်းရေးတဲ့ပြောတဲ့ သတင်းထောက်(မီဒီယာသမားစစ်စစ်)တွေကို လေးစားအားကျပေမဲ့ကိုအောင်ရဲကိုလို ဖြစ်စဉ်ကိုသေချာမလေ့လာမစုံစမ်းပဲ
သတင်းကိုအတင်းဖြစ်အောင်၊ဂျပိုကိုလိပ်ဖြစ်အောင်ရေးတက်ကြတဲ့ ဂျာနယ်လစ်(အတင်းထောက်)တွေကိုလုံးဝ(လုံးဝ) ရှုတ်ချပါတယ်ဆိုတဲ့ အကြောင်းသတင်းထောက်စစ်စစ်၊ မီဒီယာသမားစစ်စစ်တွေကို ဦးထိပ်ထားလျှက် ပြန်လည်ရေးသားလိုက်ရပါတယ်။

ခင်မင်လေးစားစွာဖြင့်
ဖိုးချစ်(ရွှေလင်းသား)

အောက်ပါလင့်က Eleven Media Group ရဲ့ ဖော်ပြချက်ပါ။

http://www.news-eleven.com/local/yangon-news/20871

From: ဖိုးချစ်(ရွှေလင်းသား)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>