Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲသည့် နေရာများသို့ ခရီးသွားများ ဝင်ခွင့်ပိတ်

$
0
0
ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲသည့် နေရာများသို့ ခရီးသွားများ ဝင်ခွင့်ပိတ် 










ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ နေရာများတွင် လုံခြုံရေး တင်းကျပ် ထားပြီး နိုင်ငံတကာမှ ဘုရားဖူး ခရီးသွားများကို ယင်းနေရာ များသို့ မဝင်ရောက်ရန် တားမြစ်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း၏ အတွင်းရေးမှူး ဦးနောင်းနောင်းဟန်က The Voice သို့ ပြောကြားသည်။
ယင်းသို့ တားမြစ်ထား မှုကြောင့် ၎င်းနေရာများ အတွင်းသို့ ခရီးသွားများ ဝင်ရောက် ဖူးမြော်ခွင့် မရရှိဘဲ အခြားနေရာများသို့ ခရီးသွားများအား အစားထိုး ပို့ဆောင်ရမှုများ ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ယခုနှစ် ဘုရားဖူး ခရီးစဉ်အတွက် ကြိုတင် စာရင်းပေး ထားသူ ဘုရားဖူး ခရီးသည် ၁၀၀ ကျော်ခန့်ရှိပြီး၊ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်း ကြိုတင် စာရင်းပေးထားခြင်းကို ပြန်ဖျက်သိမ်းမှု မရှိသေးကြောင်း မြန်မာနိုင်ငံရှိ ဒါနဗုဒ္ဓဂယာ ခရီးသွား လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းက အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာနိုင်ငံတို့မှ နိုင်ငံခြားရေး တာဝန်ရှိသူများ၊ သံရုံးများနှင့် ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်၏ လုံခြုံရေး ကိစ္စများကို ဆွေးနွေး သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံမှ ခရီးသွားများကို မှုခင်းများ၊ ပြဿနာများ တစ်စုံတစ်ရာ ဖြစ်ပွားပါက မည်ကဲ့သို့ လုပ်ဆောင် ရမည်ကို သိရှိစေရန် ပညာပေး အစီအစဉ် တစ်ရပ် ပြုလုပ်သွားရန် ရှိကြောင်း၊ မြန်မာနိုင်ငံမှ ခရီးသွားများကို ခရီးသွား အာမခံ Travel Agency ယူသွားရန် ခရီးသွား လုပ်ငန်းများသို့ တိုက်တွန်း ထားကြောင်း ဦးနောင်းနောင်းဟန်က ပြောကြားသည်။

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဒေသတွင် ဇူလိုင် ၇ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် ဝန်းကျင်ခန့်၌ မဟာဗောဓိ စေတီတော် ပရဝုဏ်အတွင်း ဗုံးပေါက်ကွဲမှု လေး ကြိမ်၊ ထရီဂါ Tregg မေ ဘုန်းကြီးကျောင်းဝင်း အတွင်း သုံးကြိမ်၊ ဂျပန် ဘုရားတွင် တစ်ကြိမ်၊ ဘတ်စ်ကား မှတ်တိုင်တွင် တစ်ကြိမ် စုစုပေါင်း ကိုးကြိမ် ပေါက်ကွဲခဲ့ရာ ရဟန်း နှစ်ပါး အပါအဝင် ငါးဦး ဒဏ်ရာ ရရှိခဲ့သည်။ မြန်မာနိုင်ငံမှ ဘုရားဖူး များသည် ဗုဒ္ဓဂယာကို ခရီးသွား ရာသီဖြစ်သော စက်တင်ဘာလမှ စတင် သွားရောက်လေ့ ရှိသည်။

From:The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>