Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တိုင်းမ် မဂ္ဂဇင်းအား အစိုးရကန့်ကွက်မှု မှန်ကန်သောလုပ်ရပ်ဟုဆို

$
0
0


တိုင်းမ်မဂ္ဂဇင်း၌ ဖော်ပြထားသော The Face of Buddhist Terror ဆောင်းပါးကို မြန်မာအစိုးရမှ နိုင်ငံတော်အတွင်း ဇွန်လ ၂၅ ရက်နေ့ကစ၍ ထုတ်ဝေခွင့်ပိတ်ပင်လိုက်သည်မှာ မှန်ကန်သောလုပ်ရပ်ဖြစ်ကြောင့် ရခိုင်ပြည်သံဃာတော်များမှ ဇူလိုင်လ ၅ ရက်နေ့က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုလိုက်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည် စည်းကမ်းထိမ်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ ဥက္ကဌ ဦးညာဏက အာရ်ကန်တိုင်းမ်စ်ကို ယခုလိုမိန့်ကြားသည်။

" အခုကတော့ မြန်မာနိုင်ငံတော် အစိုးရအနေရော၊ သာသနာရေးဝန်ကြီးဌာန အနေနဲ့ရော တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ရှုတ်ချထားတာရှိပါတယ်။ အစိုးရရဲ့ ကန့်ကွက်ရှုတ်ချမှုသည်လည်းဘဲ မြန်မာနိုင်ငံရဲ့ အခုလက်ရှိဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းကာလအတွင်းမှာ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်တစ်ခုဖြစ်တဲ့အတွက် ရခိုင်ပြည် သံဃာထုအနေနဲ့ ထုတ်ပြန်ရတာဖြစ်ပါတယ်။ " ဟု မိန့်သည်။

ရခိုင်ပြည်သံဃာတော်များမှ ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်ထဲတွင် တိုင်းမ်မဂ္ဂဇင်း၏ လွဲမှားစွာဖော်ပြထားသော The Face of Buddhist Terror ပါဆောင်းပါးနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချထားကြောင်း ဆရာတော်က ဆက်လက်မိန့်သည်။

" တိုင်းမ်မဂ္ဂဇင်းဟာ ဗုဒ္ဓဘာသာကို အကြမ်းဖက်ဝါဒလို့ မမှန်မကန်စွပ်စွဲရေးသားထားတဲ့ အတွက်ကြောင့် ရခိုင်ပြည် သံဃာတော်များအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်။ တိုင်းမဂ္ဂဇင်းရဲ့ လုပ်ရပ်ဟာ အစိုးရနဲ့ ပြည်သူတွေအကြား ငြိမ်းချမ်းရေးကို တိမ်းစောင်းသွားနိုင်တယ်။ ဘာသာရေးပဋိပက္ခကိုလည်း ဖန်တီးရာရောက်တဲ့အတွက်ကြောင့် တိုင်းမဂ္ဂဇင်းရဲ့ လုပ်ရပ်ဟာ ဗုဒ္ဓဘာသာအနေနဲ့ရော နိုင်ငံတော်အနေနဲ့ရော လုံးဝလက်ခံနိုင်စရာမရှိတဲ့အတွက် ကန့်ကွက်ရှုတ်ချပါတယ်။ " ဟု မိန့်သည်။

ထုတ်ပြန်ချက်ထဲတွင် တိုင်းမ်မဂ္ဂဇင်းသည် ဗုဒ္ဓဘာသာ၏ သဘောသဘ၀များကို စေ့စပ်သေချာစွာမလေ့လာဘဲ ဆရာတော် ဦးဝီရသူအား ခေါင်းစဉ်တပ်ကာ ဗုဒ္ဓဘာသာအပေါ် မမှန်မကန်ရေးသားထားသည့်အတွက် ရခိုင်ပြည်သံဃာတော်များမှ ကန့်ကွက်ရှုတ်ချကြောင်း၊ ဆရာတော် ဦးဝီရသူနှင့် သံဃာတော်များသည် ဓမ္မ၀ီနယနှင့်အညီ ဟောပြောလျှက် အမျိုးဘာသာ သာသနာအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများဖြစ်ကြောင်း၊ သို့သော်ငြားလည်း တိုင်းမ်မဂ္ဂဇင်းအနေနှင့် မီဒီယာလွတ်လပ်ခွင့်ကို အခွင့်ကောင်းယူကာ ဗုဒ္ဓဘာသာတစ်ခုလုံးကို ပုဒ်ခတ်စော်ကားကြောင်း၊ ယခုလိုလုပ်ရပ်သည် အစိုးရနှင့်ပြည်သူတို့၏ ငြိမ်းချမ်းရေးလမ်းကြောင်းကို တိမ်းစောင်းသွားစေနိုင်သည့်အပြင် ဘာသာရေး ပဋိပက္ခအသွင်သို့လည်း ရောက်ရှိသွားနိုင်ကြောင်း၊ ယင်းအတွက်ကြောင့် အစိုးရမှ တိုင်းမ်မဂ္ဂဇင်းကို ပိတ်ပင်တားဆီးလိုက်ခြင်းသည် မှန်ကန်သော လုပ်ရပ်ဖြစ်သည်ဟု အချက်(၅)ချက် ပါဝင်သည်။

တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ဆန္ဒပြသွားမယ့် အစီအစဉ်ရှိသလားဟု အာရ်ကန်တိုင်းမ်စ်မှ ဆရာတော်အား ဆက်မေးမြန်းရာ " တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက် ဆန္ဒပြသွားဖို့အစီစဉ်ကတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည် မြို့တိုင်းလိုလိုမှာက ၁၄၄ ညမထွက်ရအမိန့်ရှိတယ်လေ။ နောက်ပြီးတော့ သံတွဲမှာ ရခိုင်အမျိုးသမီးငယ်တစ်ဦး မဒိန်းကျင့်ခံရတယ်။ ကျောက်တော်မြို့တွင်လည်း ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသူလေးတစ်ဦးကို အကြမ်းဖက် တိုက်ခိုက်တာတွေရှိတဲ့အတွက်ကြောင့် ဦးဇင်းတို့လမ်းကိုထွက်မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်မှာစိုးလို့ ဆန္ဒပြလမ်းလျှောက်ဖို့ အစီအစဉ်မရှိသေးပါ။ " ဟု ဦးညာဏက မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် မျိုးစောင့်ဥပဒေအား ရေးဆွဲသတ်မှတ်ရန် ရခိုင်ပြည်အတွင်း ပြည်သူလူ ထု၏ ထောက် ခံလက်မှတ်များကို ကောက်ခံလျှက်ရှိရာ ထိုသို့ကောက်ခံရာတွင် စည်းကမ်းထိမ်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့မှ ကမကထပြုဆောင်းရွက်ပေးနေသည်ကိုလည်း သိရသည်။



From:News Collection

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>