ယခု ခရီးစဉ်နှင့်စပ်လျဉ်း၍ အနည်းငယ် ရှင်းလင်းခွင့် ပြုစေလိုပါသည်။
မူလကလည်း ယင်း(၂)နိုင်ငံခရီးစဉ်ကို နှစ်ဦးနှစ်ဖက် ညှိနှိုင်း၍ နေ့ရက် အချိန် နှစ်ဖက်သဘောတူ သတ်မှတ်ခဲ့ပြီးမှ လက်ပံတောင်း ကိစ္စ ဖြစ်ပေါ် လာ၍ ယင်းခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပြီး ဖြစ်ပါသည်။
ထိုသို့ ဖျက်သိမ်းပြီးနောက် ယခုနေ့ရက်ကို နှစ်ဦးနှစ်ဖက် ထပ်မံညှိနှိုင်း ခဲ့ရခြင်း ဖြစ်ပါ သည်။ နိုင်ငံ့ခေါင်းဆောင် များ၏ Official Visit ဟူသည် မှာ နှစ်ဖက် ခေါင်းဆောင်များ အားလပ် သည့်အချိန်၊ အဆင်ပြေနိုင် မည့် နေ့ရက်များကို ကြိုတင်ညှိနှိုင်းရသည့် အနေအထား ရှိပါသည်။
နှစ်ဦးနှစ်ဖက် သဘောတူလက်ခံပြီးမှ ပယ်ဖျက်ရသော အခြေအနေမှာ တစ်ကြိမ်တစ်ခါ ဆိုလျှင် မပြောသာသော်လည်း (၂)ကြိမ် ထပ်မံ ဖြစ်ပွားခဲ့ ပါက International Relation တွင် နှစ်ဖက် Diplomacy အရ ထောက် ထားရသည်များ ရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည် ကော်မရှင်အစီရင်ခံစာတင်သွင်းခဲ့
ယခု ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် အရေးကြီးလှသော လုံခြုံရေး အစီအမံများ ဆောင် ရွက်ပေး ရန် သမ္မတကြီးကိုယ်တိုင် စိတ်ပူပန်စွာ ညွှန်ကြားထားခဲ့ခြင်း ဖြစ်ပါသည်။
ယခုအချိန်တွင် ဖြစ်ပေါ်နေသော အခြေ အနေများအရ မည်သို့ ခံစားချက် များ ဖြစ်ပေါ်နေသည်ကိုလည်း ထပ်တူ နားလည်ပါသည်။ ထို့ကြောင့်လည်း ဤသို့ ရှင်းလင်းရခြင်း ဖြစ်ကြောင်း နားလည်စေလိုပါသည်။
အားလုံးကို ကျေးဇူးအထူးပင် တင်ရှိပါသည်။