Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

"ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုနောက်ဆက်တွဲသတင်း"

$
0
0

ဗုဒ္ဓဂယာ၊ဇွန်၇ ဇွန်လ(၇)ရက်နံနက်တွင် အန္ဒိယနိုင်ငံအရှေ့ဘက်ဗုဒ္ဓဂယာဝင်းအတွင်းရှိ မဟာဗောဓိစေတီအနီး တွင်ယနေ့နံနက်က (အန္ဒိယစံတော်ချိန်၅ နာရီ၁၅မိနစ်ခန့်) ဗုံးဆက်တိုက်ပေါက်ကွဲ မှုများဖြစ်ပွားခဲ့ခြင်းကြောင့်ဗုဒ္ဓဘာသာဘုန်းတော်ကြီး၂ ပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကြောင်းသိရသည်။

"ဒီမနက်အစောပိုင်းမှာ ပေါက်ကွဲအားနည်းတဲ့ဗုံး ၈လုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီး ၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်" ဟုရဲ တပ်ဖွဲ့ အကြီးတန်းအရာရှိ S.K. Bharadwaj ကပြောသည်။ပေါက်ကွဲမှုကြောင့်သက်တော် ၅၀ အရွယ်တိဘက်ဘုန်းတော်ကြီးတစ်ပါးနှင့် သက်တော် ၃၀ အရွယ်မြန်မာ ဘုန်းတော်ကြီး တစ်ပါးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ယင်းကပြောသည်။

ထို့အပြင် ဗုဒ္ဓဂယာဝင်းအတွင်းအခြားဗုံး ၂ လုံးကိုလည်းရှာဖွေတွေ့ရှိပြီးဖယ်ရှားနိုင်ခဲ့ပြီး တစ်လုံးမှာ ညဏ်တော်အမြင့် ပေ ၈၀ ခန်ရှိသော ဗုဒ္ဓဆင်းတုတော်အနီးတွင် ထောင်ထားခြင်းဖြစ်သည်ဟု S.K. Bharadwaj ကဆိုသည်။

"မဟာဗောဓိညောင်ပင်ကိုတော့ဘာမှ ထိခိုက်မှုမရှိပါဘူး"ဟုဘိုင်ဟာပြည်နယ်ရဲတပ်ဖွဲ့ ရဲမှုးကြီးAbhayanand ကပြောသည်။

အန္ဒိယနိုင်ငံဝန်ကြီးချုပ် မန်မို ဟန်ဆင်းကလည်းယူနက်စကို၏ ကမ္ဘာရှေးဟောင်းအမွေအနှစ်ဒေသဖြစ်သောဗုဒ္ဓဂယာ ၀င်းအတွင်း ဗုံးခွဲလုပ်ကြံမှုကိုပြစ်တင်ရှုတ်ချလိုက်ပြီး "ဘာသာရေးအမွေအနှစ်နေရာများကို တိုက်ခိုက်လာခြင်းအားလုံးဝ သည်းခံနေမည်မဟုတ်" ဟု သတိပေးလိုက်ကြောင်းဒေသတွင်းသတင်းစာ the Press Trust of India က ရေးသားဖြော်ပြထားသည်။

အန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနအကြီးတန်း အရာရှိAnil Goswami ကယင်းလုပ်ရပ်အား အကြမ်းဖက်မှုတစ်ရပ်ဟု ဆိုသော်လည်း အကြမ်းဖက်ဖောက်ခွဲမှုသည် မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဆိုသည်ကိ မသိရသေးကြောင်းဆိုသည်။ဗဟိုအစိုးရက ပေါက်ကွဲမှုဖြစ်ပွား ရာ နေရာသို့စုံစမ်း စစ်ဆေးရေး  အဖွဲ့ ၂ဖွဲ့စေလွတ်ထားသည်ဟုလည်း ယင်းကပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဗုဒ္ဓဂယာဝင်းအတွင်းလုံခြုံရေးအင်အားတိုးမြင့် ချထားပြီးထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဘုန်းတော်ကြီး ၂ ပါးအားဆေးရုံသို့ ပိုဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ကြောင်း   ဒေသခံရဲအရာရှိ Bharadwaj က ပြောသည်။

Ref: AFP ,the Trust of India

From: Popular Myanmar News Journal

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>