Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သစ်ပင်မီးရှို့ပြီး ရဲကားကို လက်သီးဖြင့် ထိုးခဲ့သူ သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုးအား ဗဟန်းတရားရုံးမှ ထောင်ဒဏ်သုံးလ တစ်ရက်နှင့် ငွေဒဏ်ခြောက်သိန်းချမှတ်

$
0
0
သစ်ပင်မီးရှို့ပြီး ရဲကားကို လက်သီးဖြင့် ထိုးခဲ့သူ သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုးအား ဗဟန်းတရားရုံးမှ ထောင်ဒဏ်သုံးလ တစ်ရက်နှင့် ငွေဒဏ်ခြောက်သိန်းချမှတ်

ပြစ်ဒဏ်ချမှတ်ခြင်း ခံရသော သရုပ်ဆောင် မင်းအုပ်စိုးအား တရားရုံးမှ အထွက်တွင် တွေ့ရစဉ်
သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုးအား ဗဟန်းမြို့နယ် တရားရုံးမှ ဇူလိုင်လ ၃ ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

အမိန့်ချမှတ်ခဲ့သော အမှုများမှာ ပုဒ်မ ၆ (၁) ကျူးလွန်မှု မြောက်သဖြင့် သုံးလနှင့် ဒဏ်ငွေသုံးသိန်း၊ ပုဒ်မ ၄၃၅ ကျူးလွန်မှု မြောက်သဖြင့် ထောင်ဒဏ်တစ်ရက်နှင့် ဒဏ်ငွေသုံးသိန်း ချမှတ်ခဲ့ကြောင်း ဗဟန်းမြို့နယ် တရားရုံးမှ စုံစမ်းသိရှိရသည်။

သရုပ်ဆောင် မင်းအုပ်စိုးသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တာမွေမြို့နယ် ဖိုးစိန်လမ်းအတွင်း အရက်သေစာ သောက်စားမူးယစ်ကာ လမ်းအတွင်းရှိ သစ်ပင်အား မီးရှို့ခြင်း၊ လာရောက်မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား ဆဲဆိုခြင်း၊

လုံခြုံရေး လုပ်ဆောင်ရန် ရောက်ရှိလာသော တာမွေရဲစခန်းမှ ရဲကားကို လက်သီးဖြင့် ထိုးခြင်းတို့ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် တရားစွဲဆို ခံထားရခြင်း ဖြစ်သည်။

တရားစွဲဆို ခံရသော အမှုများမှာ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ မူးယစ်မှု၊ မီးရှို့မှု၊ ၀တ္တရားနှောင့်ယှက်မှု စသည့်အမှုများဖြင့် သက်ဆိုင်ရာ ရဲစခန်းမှ တရားစွဲဆိုထားခြင်း ဖြစ်သည်။

သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုးသည် အရက်သေစား သောက်စားကာ ပြစ်မှုများကို ကျူးလွန်ခဲ့သော်လည်း တမင်ရည်ရွယ်ချက် မရှိပဲ ကျူးလွန်ခြင်းဖြစ်ကြောင်း တရားလို/ပြ သက်သေများကို စစ်ဆေးရာတွင် တွေ့ရှိရသဖြင့် ယင်းကဲ့သို့ ပြစ်ဒဏ်များကိုသာ ချမှတ်ခဲ့ကြောင်း တရားခွင်တွင် တရားသူကြီး၏ ပြောကြားမှုများအရ သိရှိရသည်။

ယခင် အမှုများဖြစ်သည့် မူးယစ်မှု၊ ၀တ္တရားနှောင့်ယှက်မှုတို့မှာ ယခင်လများတွင် တရားရုံးမှ ဒဏ်ကြေးငွေများအဖြစ် စုစုပေါင်း ၅၅၀၀၀ ကို ကျခံပြီးပြီဖြစ်ကြောင်း သိရှိရသည်။

သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုး ဗဟန်းတရားရုံးတွင် တရားရင်ဆိုင်သည့် ကာလမှာ တစ်နှစ်ခွဲခန့် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

Photo: သစ်ပင်မီးရှို့ပြီး ရဲကားကို လက်သီးဖြင့် ထိုးခဲ့သူ သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုးအား ဗဟန်းတရားရုံးမှ ထောင်ဒဏ်သုံးလ တစ်ရက်နှင့် ငွေဒဏ်ခြောက်သိန်းချမှတ်  ပြစ်ဒဏ်ချမှတ်ခြင်း ခံရသော သရုပ်ဆောင် မင်းအုပ်စိုးအား တရားရုံးမှ အထွက်တွင် တွေ့ရစဉ် သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုးအား ဗဟန်းမြို့နယ် တရားရုံးမှ ဇူလိုင်လ ၃ ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့သည်။  အမိန့်ချမှတ်ခဲ့သော အမှုများမှာ ပုဒ်မ ၆ (၁) ကျူးလွန်မှု မြောက်သဖြင့် သုံးလနှင့် ဒဏ်ငွေသုံးသိန်း၊ ပုဒ်မ ၄၃၅ ကျူးလွန်မှု မြောက်သဖြင့် ထောင်ဒဏ်တစ်ရက်နှင့် ဒဏ်ငွေသုံးသိန်း ချမှတ်ခဲ့ကြောင်း ဗဟန်းမြို့နယ် တရားရုံးမှ စုံစမ်းသိရှိရသည်။  သရုပ်ဆောင် မင်းအုပ်စိုးသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တာမွေမြို့နယ် ဖိုးစိန်လမ်းအတွင်း အရက်သေစာ သောက်စားမူးယစ်ကာ လမ်းအတွင်းရှိ သစ်ပင်အား မီးရှို့ခြင်း၊ လာရောက်မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား ဆဲဆိုခြင်း၊   လုံခြုံရေး လုပ်ဆောင်ရန် ရောက်ရှိလာသော တာမွေရဲစခန်းမှ ရဲကားကို လက်သီးဖြင့် ထိုးခြင်းတို့ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် တရားစွဲဆို ခံထားရခြင်း ဖြစ်သည်။  တရားစွဲဆို ခံရသော အမှုများမှာ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ မူးယစ်မှု၊ မီးရှို့မှု၊ ၀တ္တရားနှောင့်ယှက်မှု စသည့်အမှုများဖြင့် သက်ဆိုင်ရာ ရဲစခန်းမှ တရားစွဲဆိုထားခြင်း ဖြစ်သည်။  သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုးသည် အရက်သေစား သောက်စားကာ ပြစ်မှုများကို ကျူးလွန်ခဲ့သော်လည်း တမင်ရည်ရွယ်ချက် မရှိပဲ ကျူးလွန်ခြင်းဖြစ်ကြောင်း တရားလို/ပြ သက်သေများကို စစ်ဆေးရာတွင် တွေ့ရှိရသဖြင့် ယင်းကဲ့သို့ ပြစ်ဒဏ်များကိုသာ ချမှတ်ခဲ့ကြောင်း တရားခွင်တွင် တရားသူကြီး၏ ပြောကြားမှုများအရ သိရှိရသည်။  ယခင် အမှုများဖြစ်သည့် မူးယစ်မှု၊ ၀တ္တရားနှောင့်ယှက်မှုတို့မှာ ယခင်လများတွင် တရားရုံးမှ ဒဏ်ကြေးငွေများအဖြစ် စုစုပေါင်း ၅၅၀၀၀ ကို ကျခံပြီးပြီဖြစ်ကြောင်း သိရှိရသည်။  သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုး ဗဟန်းတရားရုံးတွင် တရားရင်ဆိုင်သည့် ကာလမှာ တစ်နှစ်ခွဲခန့် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။  Eleven Media Group

From: Eleven Media Group

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>