Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဦးအနေနဲ့ပြောရရင် မြန်မာအမျိုးသမီးတွေအတွက် သဘောတူပါတယ်

$
0
0



"မြန်မာနိုင်ငံနဲ့ ဖြစ်ပေါ်ခဲ့သော လူမျိုးရေး ဘာသာရေး ပဋိပက္ခများအပြီးတွင် အမေရိကန်နိုင်ငံ၏ ကမ္ဘာကျော် TIME မဂ္ဂဇင်း မျက်နှာဖုံး၌ ဆရာတော် ဦးဝီရသူအား “အကြမ်းဖတ် စစ်သွေးကြွ ဘုန်ကြီး” ဟု စွပ်စွဲရေးသားချက်ကို လက်မခံနိုင်ကြောင်းနှင့် ဆရာတော်ဘတ်မှ ထောင်ခံကြောင်း ပြောကြားလာသော အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ ဒိုင်းမွန်းဦးရွှေကြည်နှင့် တွေ့ဆုံမေးမြန်သမျှတို့ကို ဖော်ပြအပ်ပါသည်။"
မေး=အခုပြဋ္ဌာန်းလာမယ့် အမျိုးစောင့်ဥပဒေအပေါ် ဦးအနေနဲ့ ဘယ်လိုမြင်မိသလဲ။

ဖြေ= အမျိုးစောင့်ဥပဒေကိုတော့ ဦးအနေနဲ့ လေ့လာနေတုန်းပါပဲ ဒါပေမယ့် အဲဒီအမျိုးစောင့်ဥပဒေဟာ မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ပဲလား၊ အခြားဘာသာဝင်တွေ အတွက်ရော မပါဘူးလားလို့ ကေသာရာမကျောင်းတိုက်က ဆရာတော်ဦးကေသရကို ဦး မေးကြည့်တော့ တစ်ခြားဘာသာတွေမှာက ရှိပြီးသားတဲ့။ ဦးပဉ္ဇင်းတို့ဘာသာမှာက မရှိသေးဘူး အဲဒီအတွက် ဒကာကြီးတို့ အစ္စလာမ်ဘာသာဘတ်က စိုးရိမ်စရာမရှိပါဘူးတဲ့ ပြီးတော့ ဦးအနေနဲ့ပြောရရင် မြန်မာအမျိုးသမီးတွေအတွက် သဘောတူပါတယ် ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့က ချစ်လို့ကြိုက်လို့လက်ထပ်ပြီးရင် နိကာဖ် ဖတ်ပြီး အတင်းဆွဲသွင်းကြတာတွေရှိတော့ တရားမျှတတယ်လို့ မြင်ပါတယ်။

      မေး= အခုဆိုရင် ဘာသာကူးပြီး အိမ်ထောင်ပြုကြတာတွေရှိနေတယ်လေ အဆင်ပြေကြသူတွေရှိသလို အဆင်မပြေသူတွေလည်း ရှိနေတယ်။ အဲဒီအခါမှာ အခုအမျိုးစောင့်ဥပဒေကို (မူကြမ်း) မှာပါတဲ့ ဥပဒေကို မနာခံတဲ့အတွက် ကျခံရမယ့်ပြစ်ဒဏ် သတ်မှတ်ချက်အပေါ် ဦးအမြင်ကရော။

ဖြေ= အဲ့ဒါကိုတော့လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူး။ ဒါက ရာဇ၀တ်မှုမဟုတ်ရင်တော့ ပြစ်ဒဏ်ချမှတ်ဖို့ဆိုတာကို သေချာစဉ်းစားဖို့လိုမယ်ထင်ပါတယ်။ ပြီးတော့ မြန်မာအမျိုးသမီးတွေအနေနဲ့ကကော လိုက်နာနိုင်ပါ့မလား။ ပြည်ပက လူအမျိုးမျိုး၊ ဘာသာအမျိုးမျိုးနဲ့ အိမ်ထောင်ပြုသူတွေလဲ ရှိနေတယ်လေ။ ဒါကိုလဲ စဉ်းစားဖို့လိုပါလိမ့်မယ်။ နောက်ပြီး ဒါကို မြန်မာမျိုးထု တစ်ရပ်လုံးက လက်ခံနိုင်ပါ့မလားပေါ့။

မေး= အခုလိုပြဋ္ဌာန်းလိုက်တာဟာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အပိုဒ် (၁၆)၊ အပိုဒ် (၂) တို့နဲ့ မကိုက်ညီဘူးလို့ ဝေဖန်နေကြတာတွေကိုတော့ ဦးဘယ်လိုမြင်မိပါသလဲ။

ဖြေ= လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ဦးလဲခုအချိန်ထိ မခံစားရသေးပါဘူး။ လူတိုင်းရော လူ့အခွင့်အရေးဆိုတာကို အပြည့်အ၀ခံစားရပြီလို့ ဦးမကြားမိသေးပါဘူး။ တစ်ချို့နေရာတွေမှာ ရက်ရက်စက်စက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတုန်းပါ။ အာဖဂန်ကိုကြည့်မလား အိန္ဒိယကိုကြည့်မလား အနီးစပ်ဆုံး ထိုင်းမှာ ဦးကို ငါးဖမ်းလှေဆီ ရက်ရက်စက်စက် အရောင်းခံခဲ့ရတဲ့အချိန်က လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတာဘဲ။ မြန်မာပြည်တွင်းမှာလည်း ၁၉၈၀ ခုနှစ်ကစလို့ ၁၉၈၂ အလည်လောက်ထိ ညောင်ပင်ကွင်း ဘလော့လိပ် စစ်မြေပြင်ကိုရောက်နေတုန်းကလည်း လူ့အခွင့်အရေး ချိုးဖောက်တာကို ဦးကိုယ်တိုင် ခံခဲ့ရ၊ ကြုံခဲ့ရသေးတာပဲ။ ဒီနေ့ကမ္ဘာမှာ ကမ္ဘာသူ ကမ္ဘာသားတိုင်း လူ့အခွင့်အရေးဆိုတာ ဘယ်မှာမှ အပြည့်အ၀မခံစားရသေးပါဘူး။ ပြီးတော့ ဝေဖန်နေကြသူတွေ အရမ်းချမ်းသာတဲ့သူတွေနဲ့ အရမ်းပညာရှိပါတယ်ဆိုတဲ့ သူတွေဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက်၊ အရေးတကြီးစိုးရိမ်တာမျိုး မတွေ့ရသေးပါဘူး။ ဒီလူတွေအားလုံးဟာ ဘာသာပေါင်းစုံ လည်ပင်းဖက်ပေါင်းနေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့ဥပဒေဟာ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ထင်ရင် မှားပါလိမ့်မယ်။ ပြီးတော့ ကာလ၊ ဒေသ၊ ပယောဂနှင့် လိုက်လျောညီထွေစွာနေတတ်ရင် ဦးဝီရသူဆိုတာလည်း ပေါ်ပေါက်မလာသလို ဥပဒေဆိုတာကိုလည်း ဆရာတော်က ကြိုးစားမှာမဟုတ်ဘူးလို့ ထင်ပါတယ်။

မေး= ပြီးတော့ ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဘာသာပါလို့ ဖော်ပြထားတဲ့ TIME မဂ္ဂဇင်းရဲ့ ဆောင်းပါးကိုရော ဘယ်လိုမြင်ပါသလဲ။
ဖြေ= ဦးဟာ အခုလက်ရှိမှာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ပါ။ ငယ်စဉ်ကတည်းက  မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေကြားမှာ ကြီးပြင်းလာခဲ့တာပါ။ အဲဒီကတည်းက ခုအချိန်ထိ ဦးကို ဘယ်မြန်မာလူမျိုး ဗုဒ္ဓဘာသာကမှ အကြမ်းဖက်ရက်စက်တာမျိုး မရှိခဲ့ပါဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာကို အကြမ်းဖက်ဘာသာလို့ စွပ်စွဲတာကို ဦးကတော့ ဆန့်ကျင် ကန့်ကွပ်ပါတယ်။

မေး= ဆရာတော်ဦးဝီရသူကရော သူ့ရဲ့လုပ်ဆောင်မှုတွေဟာ တကယ်ပဲ အကြမ်းဖက်ဝါဒပုံပေါက်နေသလား။တစ်ခြားဘသာဝင်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်မိပါသလဲ။

ဖြေ= ဆရာတော်ဝီရသူရဲ့ အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့ဆိုတဲ့ အခွေထွက်လာပါတယ်။ အရမ်းလဲဟောဖြစ်ခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူရဲ့ မူစလင်ဘာသာဝင်တွေအပေါ် မြင်တဲ့အမြင်နဲ့ တချို့ဟောပြောချက်တွေက ပုဂ္ဂလိကဆန်ပြီး ပြင်းထန်လွန်းတာကြောင့် တွေ့ဖို့ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ ပီနန်ဆရာတော်ကြီးရဲ့ ကျောင်းမှာ ဦးပဉ္ဇင်းနဲ့ ဆုံတွေ့ပြီး မြန်မာအစ္စလာမ်တစ်ယောက်အနေနဲ့ ဖြေးရှင်းလျှောက်ထားခွင့်ရခဲ့ပါတယ်။ အဲဒီနောက်မှာ ဆရာတော်ရဲ့ သဘောထားတွေကို သိသင့်သလောက် သိလာရပါတယ်။ အခုနောက်ပိုင်းမှာတော့ မူစလင်များစွာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာ၊ အထူးသဖြင့် မန္တလေးက မန္တလေးသား အစ္စလာမ်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာ၊ အစ္စလာမ်ချင်းဖြစ်တဲ့ပြဿနာတွေကို ဖြေရှင်းပေးတာတွေကြားရလို့ ဆရာတော်ဟာ အစွန်းရောက်အကြမ်းဖက်မဟုတ်ဘဲ အမျိုး၊ဘာသာ၊သာသနာ တည်တံ့ပြီး တိုင်းပြည်ကောင်းကြိုးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကိုသာ လုပ်ဆောင်နေတဲ့ ဆရာတော်တပါးလို့ပဲ မြင်ပါတယ်။

မေး=နောက်ဆုံး TIME မဂ္ဂဇင်းရဲ့ ဖော်ပြချက်ကို ရှုတ်ချပြီး ဆရာတော် ဦးဝီရသူကို ထောက်ခံတယ်လို့ ကျွန်တော်တို့ကြားပါတယ်။ ဘာကြောင့်ပါလဲ။

ဖြေ= ပြောချင်တာကတော့ ဆရာတော်ဦးဝီရသူဟာ အစွန်းရောက်ပုဂ္ဂိုလ်မဟုတ်ပါဘူး။ မြန်မာနိုင်ငံက ဘာသာရေးအငြင်းပွားမှုဟာ အီရန်က ဆွန်နီနဲ့ ရှီးဟတ် တို့ ထသတ်နေကြတာလောက် မဆိုးပါဘူး။ သူတို့ဆိုရင် အလ္လာမ်နဲ့တမန်တော်ကို အလွန်တရာယုံကြည်ကြသူတွေလေ။ နောက်ဆရာတော်က ရှေ့လျှောက်ငြိမ်းချမ်းရေးကိုပဲ ဖော်ဆောင်ဖို့ ကတိပေးထားတာမို့ ထောက်ခံတာပါ။

(1.7.2013)နေ့ထုတ် The express times သတင်းဂျာနယ်မှ ကူးယူဖော်ပြပါသည်။

From: Wira Thu

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>