Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဦးသိန်းစိန်နဲ့ နိုင်ငံရေးပလက်ဖောင်း

$
0
0

-အခု နောက်ဆုံး ကြံ့ဖွတ်ပါတီက ၂၀၁၅ မှာ ၀င်မပြိုင်တော့ဘူး ဆိုတဲ့ သတင်းထွက်လာပြီး အမျိုးမျိုး ဝေဖန်နေကြတယ်...အများစုကတော့ ဦးသိန်းစိန်ကို ဆက်လုပ်စေချင်တဲ့ သဘောထား ရှိနေတာ အထင်အရှားပဲ...

-သတင်းတွေအရ ဆက်စပ်ကြည့်ရင်..

၁) ဦးရွှေမန်း+ဒေါ်စု အတွဲ

ဦးရွှေမန်းဟာ ဒေါ်စုနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ ပြောသလို ဒေါ်စုကလည်း ညွန့်ပေါင်းဖွဲ့ဖို့ ပြေတယ်...ညွန့်ပေါင်းက ဘာဖြစ်လို့ ဖွဲ့ကြမှာလဲ...အစိုးရ ဖွဲ့လောက်အောင် မရနိုင်ဘူး လို့ နှစ်ယောက်စလုံးက လက်ခံထားတဲ့ သဘောလား...
သူတို့ (၂)ဦး ပေါင်းပြီး တိုက်ခိုက်ရမယ့် ဘုံပြိုင်ဘက်က ဘယ်သူဖြစ်နေလို့လဲ...

၂)တယ်လီကွန်းလိုင်စင်အတွက် လွှတ်တော်ထဲက နောက်ဆုံးခံတပ်

မြင်ရသလောက်ကတော့ တယ်လီကွန်းလိုင်စင် ပေးတော့မယ့် ကိစ္စမှာ အရေးတကြီး အဆိုတင်သွင်းပြီး အကျိုးစီးပွားကာကွယ်ရေးကို သည်းကြီးမည်းကြီး လုပ်လာတာ ဘာသဘောလဲ...
NDF က ဒေါ်တင်နွယ်ဦး ပြောတာက ဒဲ့ဒိုးပဲ...ကိုယ်မရလို့ ရတဲ့သူတွေကို ပွဲဖျက်တယ်လို့ ယူဆထားသတဲ့..
အံ့သြဖို့ ကောင်းတာက ခရိုနီတွေရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ လွှတ်တော်မှာ NLD ရဲ့ ရပ်တည်ချက်ပဲ..
ဧရာဝတီအမတ် ဦးဝင်းမြင့်က ကြံ့ဖွတ်နဲ့ တစ်သားတည်း ရပ်တည်ပြတယ်..
ဒါက ဒေါ်စုရဲ့ အာဘော် ဖြစ်သလို လွှတ်တော်ထဲမှာ (၂)ဘက် ပေါင်းပြီး ရပ်တည်မယ် ဆိုတဲ့ သဘောတူညီချက်ရဲ့ တစ်စွန်းတစ်စလို့ ယူဆနိုင်တယ်..ဒေါ်စုဟာ ခရိုနီကာကွယ်ရေးရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ လွှတ်တော်မှာ ခရိုနီတွေဘက်က ရပ်တည်ဖို့ ပိုင်းဖြတ်လိုက်တာလား...ဦးဝင်းမြင့်ရဲ့ ပြောကြားချက်ဟာ ဒေါ်စုရဲ့ အတည်ပြုချက်အရ ဖြစ်တယ်ဆိုရင် ဦးဝင်းမြင့်ရဲ့ ရပ်တည်ချက်ဟာ NLD ရဲ့ ရပ်တည်ချက်ပဲ..

၃) ဦးအောင်မင်း ထွက်စာတင်မှု

ငြိမ်းချမ်းရေးကိစ္စတွေမှာ လွှတ်တော် ဘာမှ မလုပ်ရလို့ ဆိုပြီး အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးအစည်းအဝေး ခေါ်ဖို့ ဦးရွှေမန်းက တင်တယ်...ဦးအောင်မင်းက လွှတ်တော်မှ ရှင်းတယ်....ပြီးတော့ ဦးအောင်မင်း ထွက်တော့မယ် ဆိုတဲ့ သတင်းထွက်လာတယ်....

၎) ဦးသိန်းစိန် ၂၀၁၅ ဝင်မပြိုင်တော့

တစ်ချိန်တည်းမှာပဲ ဦးသိန်းစိန် ၂၀၁၅ မပြိုင်တော့ဘူး လက်မှတ်ရေးထိုးတယ်ဆိုတဲ့ သတင်းထွက်လာတယ်..ဒီသတင်း မတိုင်ခင်က ဘာတွေ အစတွေ ထွက်ခဲ့သလဲ ပြန်ကြည့်...
ဦးရွှေမန်းက သမ္မတ ဖြစ်ချင်တယ် ဆိုတာ အမေရိကန်မှာ ပြောတယ်...ဦးဌေးဦးက ထောက်ခံတယ်...ဟော ပြည်တွင်းပြန်ရောက်တော့ ကြံ့ဖွတ်ညီလာခံ သတင်းစာ ရှင်းလင်းပွဲမှာ ဒါက ပြောဖို့ စောသေးတယ် ဆိုပြီး ဦးဌေးဦး ပြန်ရှင်းတယ်...
ညွန့်ပေါင်းဖွဲ့မယ်လို့ ဦးရွှေမန်က ပြောတယ်...ဒီစကားအတွက် ပါတီမှာ ပြန်ရှင်း၇မယ် ဆိုပြီး ဦးအောင်သောင်းက ပြောတယ်...ပြီးတော့ ဦးဌေးဦးက လက်တွဲတာက နိုင်ငံ့အကျိုးပါ ဆိုပြီး ပြန်ဖြည်တယ်..
ဝန်ကြီးတွေ ကြံ့ဖွတ်က နှုတ်ထွက်တဲ့ သတင်းတွေ ထွက်လာတယ်..အခြေခံဥပဒေအရ ဆိုပြီး ဦးစိုးသိန်းက ရှင်းတယ်..
ဒီနောက်မှာ ဦးသိန်းစိန် ၂၀၁၅ ကြံ့ဖွတ်က ၀င်မပြိုင်တော့ဘူး ဆိုတာ ထွက်လာတယ်..
ဦးရွှေမန်း သမ္မတ ဖြစ်ရေးမှာ ဦးရွှေမန်းနဲ့ ဦးဌေးဦး စကားအရ ဦးသိန်းစိန်က ဘာဆက်လုပ်ရမလဲ..၂၀၁၅ မှာလည်း ဆက်လုပ်ချင်ပါတယ် ပြောရင် ပါတီကမှ မထောက်ခံတာ....ဖြစ်မယ်...ဆက်မလုပ်ချင်ပါဘူး ပြောရင်..အေးလေ ပါတီက မထောက်ခံတော့ ဒီစကား ပြောပြီပေါ့ ဆိုတာ ဖြစ်မယ်...

၅) အင်စတီးကျူးရှင်းနှစ်ခု နောက်ခံ

အခုတလော ထွက်လာတဲ့ သုံးသပ်ချက်တွေအရ မြန်မာနိုင်ငံမှာ အကြီးမားဆုံး အင်စတီကျူးရှင်းကြီး (၂)ခုဖြစ်တဲ့ တပ်မတော်နဲ့ သံဃာထုက ဦးသိန်းစိန်နောက်မှာ မားမားမတ်မတ် ရှိနေတယ်...
လွယ်လွယ်ကူကူ ရလာတာလည်း မဟုတ်ဘူး...ခက်ခဲတဲ့ အခြေအနေတွေမှာ မဟာဗျူဟာမြောက် ရွှေ့နိုင်ခဲ့တာကြောင့်ပဲ ပြီးတော့.
ဒီထောက်ခံမှုက နည်းတဲ့ အင်အား မဟုတ်ဘူး...ပြီးတော့ ကမ္ဘာမှာလည်း နာမည်ကောင်းနေတယ်....တနါဖိုးနည်းဖုန်းကိစ္စနဲ့ လူထုက ကြိုက်နေပြီ...လာမယ့် သက်တမ်းမှာ နောက်ထပ် ကောင်းကောင်း လုပ်ပြနိုင်ရင် လူထုက ထောက်ခံမယ့် အနေအထား ရှိတယ်...ဒီအခွင့်အရေးကို ဦးသိန်းစိန်က အလကား လက်လွှတ်ခံမယ် တဲ့လား...မြန်မာ့နိုင်ငံရေးစင်မြင့်ကနေ လက်လျှော့ပြီး ထွက်သွားမယ်တဲ့လား...

၆) ပါတီသစ်.

အခုနောက်ဆုံး ဦးသိန်းစိန်အပေါ် ထောက်ခံသူတွေ ပိုမို များလာနေပြီး ၂၀၁၅ မှာ ၀င်ပြိုင်ဖို့ ....ပါတီသစ် ထောင်ဖို့ ပြောသံတွေ ကျယ်လာနေတယ်.....
သံဃာအားနဲ့ စစ်တပ်ထောက်ခံမှု...ပြီးတော့ နိုင်ငံတကာ ထောက်ခံမှု ပေါင်းလိုက်ရင်...

ဦးသိန်းစိန် လက်မှတ်ထိုးတယ်ဆိုတာက ကြံ့ဖွတ်နဲ့ ၀င်မပြိုင်တော့ဘူး...ဒါပေမယ့် ပျြိုင်ချင်ပြိုင်မယ်...
ပါတီအသစ်လည်း ဖြစ်နိုင်တယ်...

ဒါ့ကြောင့်


From:ပလေတို ဒီမို

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>