Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သံတွဲမြို့တွင် အကြမ်းဖက်မှု ဖြစ်ပွား၍ ညမထွက်ရ အမိန့်ထုတ်

$
0
0

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ယနေ့ ညနေပိုင်းက အကြမ်းဖက်မှုတခု ဖြစ်ပေါ်ခဲ့သဖြင့် ယခုအခါ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

“ ဘယ်က စဖြစ်လည်းဆိုတော့ တောင်ကုတ်က မိန်းကလေးတစ်ယောက် သံတွဲ စပယ်လမ်း မူဆလင်နှစ်ဦးရဲ့ မုဒိန်းကျင့်ခံရတယ်ဆိုပြီး သတင်းထွက်ပေါ်လာရာကနေ စဖြစ်တာပါ။ အမျိုးသမီး နာမည်တော့မသိဘူး။ ညိုညင်ဆိုတဲ့ ရွာက ဖြစ်ပါတယ်။ မုဒိန်းကျင့်တဲ့ မူဆလင်တစ်ယောက်ကိုတော့ ရဲစခန်းမှာ ဖမ်းမိ ထားပြီး နောက်တယောက်တော့ လွတ်နေသေးတယ်။” ဟု သံတွဲမြို့ခံ တစ်ဦးကပြောသည်။

ယခုကဲ့သို့ ရခိုင်အမျိုးသမီးငယ်တစ်ဦး မုဒိန်းကျင်းခံသည့်သတင်းမှာ ချက်ချင်းပျံ့နှံ့သွားပြီး သံတွဲမြို့တွင် အုပ်စု လိုက် တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်းသိရသည်။

ယနေ့ဖြစ်ပွားသည့် ဆူပူမှုမှာ ညနေ ၅ နာရီခန့်တွင် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ညနေ ၇ နာရီခန့်တွင် အပြန်အလှန် တိုက်ခိုက်မူများ စတင် ဖြစ်ဖွားကြောင်း သိရသည်။

နှစ်ဘက်တိုက်ခိုက်မှုများကြောင်း မြို့စွန် ရပ်ကွက်များထဲမှ စားသောက်ဆိုင် ၂ ဆိုင် ပျက်စီးသွားပြီး ကားဂိတ် ၂ ခုတွင်လည်း ပျက်စီးမှုတချို့ရှိကြောင်း သိရသည်။

ညနေ ၉ နာရီခန့်တွင် တစ်ခြားသံတွဲမြို့ခံ တစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ ယခုအခါ တပ်က ရောက်ရှိနေပြီး သံတွဲမြို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း ပြောဆိုသည်။

တချို့နေရာများတွင် မီးစတင်လောင်ကျွမ်းနေကြောင်းပြောဆိုသော်လည်း အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ယနေ့ဖြစ်ပွားသည့် သံတွဲဆူပူမှုမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း အုပ်စုလိုက် ဆူပူမှုဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်တွင် တည်ငြိမ်စပြုနေရာမှ နောက်ထပ်အုပ်စုလိုက် ဆူပူမှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

From: www.narinjara.com

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>