Quantcast
Viewing all articles
Browse latest Browse all 4837

အစ္စလာမ်ဘာသာဝင်ဖြစ်ခဲ့သူမြန်မာမိန်းကလေးတစ်ဦး ဗုဒ္ဓဘာသာဝင်အဖြစ်သို့ပြန်လည်ကူးပြောင်း


အသက် ၁၈ နှစ်အရွယ်ခန့် ကတည်းက အစ္စလမ်ဘာသာဝင် နှင့် ခိုးရာလိုက်ပြေးခဲ့ပြီးအစ္စလာမ်  ဘာသာသို့ကူးပြောင်းခဲ့သူက အသက် ၃၀ အရွယ်တွင် ဗုဒ္ဓဘာသာ   ၀င်အဖြစ်သို့ပြန်လည် ကူးပြောင်း  ခြင်းအခမ်းအနားကို ဇွန် (၂၃) ရက်နေ့က ဒဂုံမြို့သစ်(တောင်းပိုင်း) ရှိနိကာယ်စာသင်တိုက်တွင်ကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို ပိဋကတ် သုံးပုံနိကာယ်ကျောင်းတိုက်ဆရာ တော်ကြီးနှင့် ထေကြီးဝါကြီး ဆရာတော်ကြီးများ ပွင့်လင်းလူ့ အဖွဲ့အစည်းနိုင်ငံရေးပါတီများမှ ပုဂ်္ဂိုလ်များတက်ရောက်ခဲ့ကြသည်။

ဗုဒ္ဓဘာသာဝင်အဖြစ်သို့ပြန် လည်ကူးပြောင်းခဲ့သူမခင်မျိုးဦးက “ကျွန်မခိုးရာလိုက်ပြီးပါသွားတဲ့နေ့ မှာပဲအစ္စလာမ်ဗလီဆရာ (၃) ဦး ကနေသူဘာသာဓလေ့အတိုင်းရွတ် ဖတ်ပြီးဘာသာပြောင်းပေးပါတယ်။ ကျွန်မအနေနဲ့ ဒီအတောအတွင်း မှာငယ်စဉ်ကတည်းက မိဘဘိုးဘွား  များနှင့် ယုံကြည်ကိုးကွယ်မှုပြုခဲ့ တဲ့ ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည် မှုရှိခဲ့ပေမယ့်ရင်ထဲမှာပဲမျိုသိပ်ခဲ့ရ တယ်။ ဘုရားသွား၊ ကျောင်းတက်  တာ ခိုးပြီးလုပ်ခဲ့ရတယ်။ အခုလို မျိုးကျွန်မယုံကြည်တဲ့ဘာသာကို ကျွန်မပြန်ဝင်ခွင့်ရတဲ့အတွက် ကျွန်မ၀မ်းသာပါတယ်”ဟုပြောသည်။

မခင်မျိုးဦးမှ ဗုဒ္ဓဘာသာသို့ ပြန်လည်၍၀င်ရောက်ယုံကြည်ကိုး ကွယ်မှုဂုဏ်ပြုမှတ်တမ်းလွှာကို တက်ရောက်လာသောဆရာတော် ကြီးများရှေ့မှောက်တွင် လက်မှတ် ရေးထိုးခြင်း၊ လက်ဗွေနှိပ်ခြင်းများ ပြုလုပ်၍ ဗုဒ္ဓဘာသာသို့ပြန်လည် ကူးပြောင်းနိုင်ရန် တောင်းပန် လျောက်ထားခဲ့ပြီးဆရာတော်ကြီး  များမှ ဗုဒ္ဓဘာသာသို့ပြန်လည်ဝင် ရောက်နိုင်ရန် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

စာချုပ်စာတမ်းနဲ့ ပြုလုပ်တာ  ကောင်းပါတယ်။ စာချုပ်စာတမ်း  ကသူတို့ဥပဒေနဲ့ ဆိုတရားဝင် ပြတ်စဲတဲ့သဘောပါ။ အားလုံးရှင်း  သွားတာပေါ့။ လက်ရှိမှာတော့ ကိုယ်ကိုတိုင်စိတ်မပါဘဲ။ သူတို့တ တွေရဲ့ ဘာသာကိုမ၀င်မနေရဆိုပြီး  သွတ်သွင်းတဲ့ဥပဒေမရှိသေးဘူး။ ဒီလိုအဖြစ်မျိုးတွေမဖြစ်အောင် ကာကွယ်ပေးတဲ့ ဥပဒေကိုမျိုးစောင့်  ဥပဒေလို့ခေါ်ပါတယ်။ အသေး စိတ်ကိုတတ်စွမ်းသလောက်လုပ် သွားပါမယ်”ဟု အဆိုပါအခမ်း အနားတွင်ပါဝင်ဆောင်ရွက်သူ ရှေ့နေဦးအေးပိုင်ကပြောသည်။
From: Hots New


www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles