Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဆရာတော်ဦးဝီရသူနှင့်ပတ်သက်၍ ကမ္ဘာကျော် Time မဂ္ဂဇင်းဖော်ပြမှု လက်ခံနိုင်စရာမရှိဟု အစ္စလာမ်ဘာသာရေးအဖွဲ့များဆို

$
0
0

ယခုလထုတ် ကမ္ဘာကျော် Time မဂ္ဂဇင်းကြီး၏မျက်နှာဖုံး၌ ဆရာတော်ဦးဝီရသူပုံနှင့်အတူ The Face of Buddhist Terror ဟူ၍ ဖော်ပြထားသည်နှင့်ပတ် သက်၍ ပြည်တွင်းသာမက ပြည်ပ ရောက်  မြန်မာများ၌လည်း မကျေနပ်သံများ ထွက်ပေါ်လျက် ရှိပြီး ပြည်တွင်းရှိ အစ္စလာမ်ဘာ သာရေးအဖွဲ့အစည်းများကလည်း Time မဂ္ဂဇင်း၏ တစ်ဖက်သတ် ဖော်ပြချက်အပေါ် လက်မခံနိုင် ကြောင်း ပြောကြားကြသည်။
““ကမ္ဘာပေါ်မှာ သြဇာကြီးမားပြီး လူသိများတဲ့ မဂ္ဂဇင်းကြီး တစ်စောင်ကနေ ဘက်လိုက်ပြီး ဒီလို တစ်ဖက်ကြီးရေးတာကို ဗုဒ္ဓ ဘာသာဝင်တွေ လက်မခံနိုင် သလို ကျွန်တော်တို့ အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းတွေအနေ နဲ့လည်း  လက်မခံနိုင်ပါဘူး။ ဘာလို့ဆိုတော့ ရေးသားချက်က လှုံ့ဆော်နေသလို တစ်ဖက်ကို နှိပ် ကွပ်ပြီး တစ်ဖက်ကို မြှောက်ပင့်ပြီး ရေးသားထားတာ။ ဒါဟာ ဗုဒ္ဓ ဘာသာဝင်တွေအတွက် စိတ် အနှောင့်အယှက်တစ်ခုလည်းဖြစ် စေသလို ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်လိုတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေကြားမှာ သံသယ စိတ်ကြီးကို ပေါက်ဖွားသွားစေ တယ်။ ဒီကိစ္စကို လုံးဝလက်မခံနိုင် ပါဘူး””ဟု အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းကြီးတစ်ခု၏ တာဝန် ရှိသူတစ်ဦးဖြစ်သူဲံ ဦးမြင့်နိုင် က ဆိုသည်။

ဆရာတော်ဦးဝီရသူနှင့်ပတ်သက်၍ Time မဂ္ဂဇင်း၌ ဖော်ပြ ရာ၌ ဗုဒ္ဓဘာသာ အစွမ်းရောက် အကြမ်းဖက်သမားဟူသော အသုံးအနှုန်းများကို သုံးနှုန်းထား ပြီး ယင်းနှင့်ပတ်သက်၍ ပြည် တွင်းနေ သံဃာတော်များမှလည်း ရှုံ့ချလျက်ရှိနေကြသည်။ အဆိုပါ Time မဂ္ဂဇင်း၏ ရေးသားချက်မှ ပဋိပက္ခမီးအား ပိုမိုအားပေးရာ ရောက်နေကြောင်း၊ တစ်ဖက်သို့ ရှုံ့ချနှိပ်ကွပ်၍ တစ်ဖက်သို့မြှောက် ပင့်ရေးသားထားမှုများကြောင့် အစ္စလာမ်ဘာသာနှင့် ဗုဒ္ဓဘာ သာဝင်များကြား ပဋိပက္ခအား အခြေခံသော သံသယစိတ်များ ကိန်းအောင်းလာနိုင်သည့်အတွက် သက်ဆိုင်ရာ ဘာသာနှစ်ခုမှ စုပေါင်း၍ ယင်း Time မဂ္ဂဇင်းပါ ဖော်ပြချက်နှင့်ပတ်သက်၍ ပြဿနာများဖြစ်ပွားလာနိုင်ခြင်း မရှိရန်နှင့် သံသယများရှင်းလင်း ရန်အတွက် တွေ့ဆုံညှိနှိုင်းပွဲ တစ်ခု ပူးပေါင်းလုပ်ဆောင်ရန် လိုကြောင်းလည်း လေ့လာသူ ပြည်သူတစ်ဦးက ဆိုသည်။

From:Hots

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>