ကော်မရှင် အစီရင်ခံစာထွက် ပြီးသည်.နောက် တနိုင်ငံလုံးကပြည်သူတွေကသူမကို အလွန်ဒေါသ ထွက်စိတ် ဆိုးနေတဲ.အရှိန် ထိုးတက်လာခဲ.တာ မြန်မာ.ဒီမိုကရေစီခေါင်းဆောင် ဒေါ်စု ခု သိသွားပါပြီ။
သူမ ကြီးမှုးတဲ. ကော်မရှင်အဖွဲ.ဟာ ဆန္ဒပြသူအများအပြားကို ထိခိုက် ဒဏ်ရာရအောင်လုပ်ခဲ.သူတွေကို အရေးယူပေးဖို.ပျက်ကွက်တဲ.အပြင်၊ လူတွေအကြီးအကျယ် ကန်.ကွက်တဲ. တစ် ဘီလီယံတန်ဘိုး ရှိ မုံရွာ ကြေးနီတောင် စီမံကိန်းကို ဆက်ခွင်.ပြုရမယ်လို.တိုက်တွန်းခဲ.တာဖြစ်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ.၀င်တွေ ကမီးသတ်ကားရေ ပန်းတွေ မီးလောင် ဗုံးတွေ သုံးပြီး အကြမ်းဖက်ဖြိုခွဲခဲ.အပြီးမှာ ဒေါ်အောင်ဆန်းစုကြည် ကြီးမှုးတဲ. ကော်မရှင် တစ်ရပ်ကို ဖွဲ.ခဲ.တာဖြစ်ပါတယ်။
ဒီကြေးနီမိုင်းဟာ ရန်ကုန်နဲ. မိုင်ပေါင်း ၄၅၀ ကွာဝေးပြီး မြန်မာတနိုင်ငံလုံးမှာ အကြီးဆုံးသတ္တုမိုင်းဖြစ် ပါတယ်။ မြန်မာစစ်တပ်ပိုင်စစ်ကုမ္ပဏီ နဲ. တရုတ်လက်နက်ခဲယမ်း ကုမ္ပဏီ၏ဖက်စပ် လုပ်ငန်းကြီးဖြစ် ပါတယ်။
ဒေသခံရွာသားတွေက ဒီကြေးနီတောင် စီမံကိန်းကို လုံးဝမလိုလား၊ ဆန်.ကျင်ခဲ.ကြတာကြာပါပြီ။ ဒီစီမံကိန်းကြောင်. သူတို. ပိုင် လယ်ယာခြံမြေ ဧက ၈၀၀၀ ကျော် မတရား အသိမ်းခံရတယ်။
လူပေါင်းထောင်သောင်းချီပြီ ယာမဲ. မြေမဲ. အိုးအိမ်မဲ.ဖြစ်ခဲ.ရပါတယ်။ ဒီ.အပြင် သူတို.ကျေးလက်ဒေသ တခုလုံးမှာ သဘာဝ ရေမြေ ပတ်ဝန်းကျင် ပျက်ဆီးမှု တွေက တားမန်ုင်ဆီးမရဖြစ်ခဲ.ရပါတယ်။
ဆန္ဒပြ သူတွေ သိမ်းထားတဲ. သပိတ်စခန်းကို အကြမ်းဖက်လုံခြုံရေးတပ်သားတွေက ပြီးခဲ.တဲ.
နိုဝင်ဘာ မနက်မိုး မလင်းခင်မှာ ရေနှင်. မီးလောင် ဓါတ်ပြုစေသော ဖော.စဖရပ် သုံး ပြီး ဖြိုခွဲခဲ. တာဖြစ်ပါတယ်။လူပေါင်းများစွာ ဒါဇင်နဲ.ချီပြီး အရေပြား မီးလောင်ဒဏ်ရာရခဲ.ပါတယ်။
တနိုင်ငံလုံးက ဒီလို လုပ်ရပ်ကို အပြင်းအထန်ရှုံ.ချတဲ.အခါ သမ္မတသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို
ကော်မရှင်ဖွဲ.ပေးပြီး စုံစမ်းသမှုပြုစေခဲ.ပါတယ်။ ဒါပေမဲ. ကော်မရှင် အစီရင်ခံစာကြောင်. မီးလောင် ရာလေပင် .ဆိုသလို လူတွေဖက်ကပိုပြီးတောင် မကျေနပ်မှုတွေကို ပြသထုတ်ဖေါ်နေကြပါတယ်။
အစီရင်ခံစာထဲမှာ မီးလာင်ဗုံးများတွင် ဖော.စဖရပ်ပါဝင်လို.ရေနဲ.ထိတွေ.ဓါတ်ပြုပေါက်ကွဲကြောင်း သုံးသပ်ထားသော်လည်း၊ဒီဗုံးမျိုးကို သုံးစွဲခဲ.သူရဲတပ်ဖွဲ.အား အရေးယူခြင်း အလျဉ်းမရှိတဲ.အတွက် လူတွေက ပိုစိတ်ဆိုးကြပါတယ်။
အစိုးရဖက်ကတော. အစီရင်ခံစာမထွက်ခင်အထိ သူတို.သုံးခဲ.တာ ဖေါ.စဖရပ်ပါဝင်တဲ. မီးလောင်ဗုံးမဟုတ် ပါ ဘူးလို. ဗြောင် ငြင်းဆိုခဲ.တာပါ။ ခုတော.၊ အစီရင်ခံစာက သူတို. အစက ငြင်းထားတာကို ၀န်ခံခဲ.တယ်။
ဒီ.အပြင်- ကျူးလွန်ခဲ.သူတွေကို အရေးယူဖို. တလုံးမှ မဆိုထားတဲ. ကော်မရှင်ကပဲ ဒီမိုင်းလုပ်
ငန်းကို ဆက်လက်ခွင်.ပြုလုပ်ဆောင်ရမယ်လို. အကြုံ့ပြုခဲ.တာမို. ဒီအချက်ကထင်းထင်းကြီးဖြစ်နေပါတယ်။
အစီရင်ခံစာက မိုင်းလုပ်ငန်းကြောင်. သဘာဝဘေးအန္တရာယ် ခြိမ်းခြောက်မှု ရှိကောင်း ရှိနိုင်မယ်လို. ခန်.မှန်းထားပေမဲ. တဖက်မှာလည်း ဒေသခံတွေ အတွက်အလုပ်အကိုင် အခွင်.အလန်း
တွေ ရရှိနိုင်ကြောင်း၊ ချွေးသိပ်ပြခဲ.ပါတယ်။
ဒီ.အပြင်၊ မဟာဗျူဟာမြောက်တရုပ် နိုင်ငံကြီးနဲ. သင်.မြတ်ဖို.လိုတယ်ဆိုတဲ.အချက်ကို အခြေခံပြီး လုပ်ငန်း
ရပ်လိုက်ရင် တရုပ်နဲ.တင်းမာမှု ဖြစ်မှာ။ မရပ်သင်.၊ မဖြစ်သင်.လို.ဆိုတဲ. ဆင်ခြေပေးခဲ.တာမျိုးဖြစ်ပါတယ်။
အစီရင်ခံစာ က မြေယာ ဆုံးရှုံးတဲ. တောင်သူလယ်သမားတွေကို နစ်နာကြေးရော်ကြေးပေး သင်
.ကြောင်း တင်ပြခဲ.ပါသေးတယ်။
ဆန္ဒပြခဲ.သူတေါကတော. ဒေါသတကြီးနှင်.ဒီအစီရင်ခံစာကို တုန်.ပြန်ကြပါတယ်။ အထက်မြန်မာပြည်
ကရှေ.နေ ကိုသိန်းသန်းဦးက ဧရာဝတီသတင်းဌာနကို ဤသို.ဆိုပါတယ်။
–ကော်မရှင်ရဲ.အဖြေက လုံးလုံး မလုံလောက်ဘူးဗျ၊ ကော်မရှင်.၏တွေ.ရှိချက်တွေအပေါ်ကျန်ာတို.
သွားအားကိုးနေလို.မရတော.ဘူး။ သူတို.က ဆန္ဒပြသူတေါက ဥပဒေကိုချိုးဖေါက်တယ်တဲ.။ ကဲ-ဒါဆို ရဲ
ကရော ဥပဒေမချိုးဖေါက်လို.လား။ အစိုးရက နှစ်ဖက်စလုံးကို သေသေချာချာ စုံစမ်းစစ်ဆေးပြိး
ထိုက်သင်.သလို ပြစ်ဒဏ်ပေးသင်.တယ်–
အကြမ်းဖက်နှိမ်နင်းတဲ.ညက ဆန္ဒပြသူတွေထဲက တဦးဖြစ်တဲ. သံဃာ ဦးဇာဝနက တော. ဒေါ်အောင်ဆန်းစုကြည် အနေဖြင်. အောက်ခြေကလူတန်းစားတွေ ဘယ်လို ဒုက္ခရောက်နေတယ်ဆိုတာဖို. မျက်စေ.ဖွင်.ကြည်.သင်.ကြောင်း၊ ဒေသခံလယ်ယာတောင်သူများအနေနဲ.
ကော်မရှင် ၏တွေ. ရှိချက်တွေဟာ လုံးလုံးလက်ခံနိုင်စရာမရှိကြောင်း ပြောခဲ.ပါတယ်။
— ဦးဇင်း မနက်ဖန်ကျရင် ဒေသခံ တွေနဲ. ဘာဆက်လုပ်သင်.သလဲဆိုတာ သွားတွေ.ဆွေးနွေးကြည်. ပါဦးမယ်။ဦးဇင်းတို.ဒေသခံတွေကတော. ဆက် ဆန္ဒပြရမှာပါပဲ–လို. မိန်.ဆိုခဲ.ပါတယ်။
သမ္မတသိန်းစိန်လက်ထက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်လို.ပြောနေလျက်ကပဲ လူတွေဆန္ဒပြနိုင်ခွင်.ကို ပြင်းပြင်းထန်ထန် ငြင်းပယ်ပြီး ဒီလို ဆန္ဒပြခွင်.တွေကို နိုင်ငံမှာ အကန်. အသတ်ကြီးစွာထိန်းချုပ်ထားဆဲဆိုတာကို လက်ပံတောင်း တောင် အကြမ်းဖက်မှုက သက်သေခံ ခဲ.ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော.၊ သူမ ယူထားတဲ. အခန်းကဏ္ဍအရ ဒီလာမဲ. ဗုဒ္ဓဟူးမှာ ကြေးနီတောင်မိုင်း
တွင်းတွေစီသွားပြီး စကားပြောဆိုရဦးမှာပါ။ အဓိကကတော.၊ ပြီးခဲ.တဲ. မနှစ်နွေဦး မြန်မာလွှတ်တော်မှာ
အရွေးခံရပြီးကတည်းက ပင်မနိုင်ငံရေး စည်းထဲက သူမလုပ်ခဲ.သမျှ အပေးအယူနည်းနာတွေကို
(ရွာသူရွာသားတွေအား) အထူးပြု ပြောကြာ:မှာပဲဖြစ်ပါတယ်။
ဗြိတိသျှ သတင်းစာ
http://www.independent.co.uk/news/world/asia/aung-san-suu-kyi-faces-mounting-anger-from-burmese-activists-over-her-support-for-controversial-copper-mine-8531508.html
Independent တွင် ပါရှိသည့် ကို အေးအေးစိုးဝင်း က ဘာသာ ပြန်ဆိုခြင်း ဖြစ်ပါသည်။