Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဘာသာရေး အားနည်း ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝန်ခံပြောကြား

$
0
0
အသက် ၄၀ မှ မြန်မာနိုင်ငံ သို့ ပြန်ရောက်လာခဲ့ပြီး အသက် ၆၇ နှစ်တိုင် အာဏာမက်မောနေသော ဒေါ်အောင်ဆန်းစုကြည်သည် ဘာသာရေး အားနည်းကြောင်း ဝန်ခံပြောကြားလိုက်သည်။ 



လူပြောများနေသော အမျိုးစောင့်ဥပဒေဆိုသည်တွင် ဘာသာရေးနှင့် ဥပဒေ ရောယှက်နေသည့် အတွက် ဘာသာရေး အားနည်းခြင်းကြောင့် သုံးသပ် လိုခြင်းမရှိဟု ပြည်သူလွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသော ပဌမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ နေ့လည်ပိုင်းခေတ္တနားချိန်ဝယ် မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားသည်။

“အဲဒီဟာကနှစ်ဖက်ရှိတယ်လေ၊ဘာသာရေး နဲ့ ဥပဒေ နှစ်ပိုင်းရှိတယ်လေ၊ဘာသာရေး မှာ ကျွမ်းကျင်သူ မဟုတ်တဲ့ အတွက် ဘာသာရေး နဲ့ ပတ်သတ်ပြီး အန်တီပြောလေ့ မရှိဘူး ၊လက်ရှိအန်တီတို့ တည်ဆဲ ဥပဒေ ထဲမှာ အဲလိုမျိုး ဥပဒေ မရှိဘူး၊ဥပဒေဆို တာဟာတော့ တရားမျှတ မှု ကို အခြေခံရမယ်တန်းတူညီမျှ မှုကို အခြေခံရမယ်ဆိုတာ အားလုံး လက်ခံထား တဲ့ဟာတွေပဲ ”ဟု ၎င်း ကပြောသည်။

တိုင်းမဂ္ဂဇင်း ထဲတွင် ဗုဒ္ဒဘာသာကို အကြမ်းဖက် မှုခေါင်စဉ်နှင့် ယှဉ်တွဲဖေါ် ပြ မှုနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် က အဆိုပါ ဆောင်းပါးကိုဖတ်ရခြင်း မရှိသေးကြောင်း အစိုးရ ကကန့် ကွက်သည် ကို လည်း ကြားရကြောင်း အဆိုပါ ဆောင်းပါးကို ဖတ်ရှုရခြင်း မရှိသေးသည့် အတွက် သုံးသပ်မှု မပြုလုပ်လို ကြောင်း၎င်း ကပြောသည်။

“ဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့ အကြမ်းဖက်မှုနဲ့ ပတ်သတ်ပြီး အထင်ခံရတာ ကတော့ ဘယ်ကောင်းမှာလဲ၊ ဘာသာတရားဆိုတာကတော့ အခြေခံ ကတော့လူသားတွေကြားမှာ အချင်းချင်း မေတ္တာ ပွားဖို့ ဂရုဏာ ၊မုဒိတာ ပွားဖို့ ဥပက္ခာ ပွားနိုင်ဖို့ ဒီဟာကိုတွန်းအားပေးရမယ် ဘယ်ဘာသာဖြစ်ဖြစ်ပါ အများအမြင်မှာ အကြမ်းဖက်တယ်လို့ မြင်လာတာ မကောင်းဘူးပေါ့၊ ဒါပေမယ့်ဒီလို အမှားမြင်တာ မဖြစ်အောင် အားလုံးက ၀ိုင်းဝန်ကြိုးပမ်းဖို့ လိုတာပေါ့” ဟု ၎င်း ကပြောသည်။

ဘာသာ တရားကိုးကွယ်ခြင်းမှာ့  ယုံကြည် မှုနှင့်သက်ဆိုင်ကြောင်းထိုကြောင့် ဘာသာတရားကို လိုက်စားသည့်သူ အားလုံးကယုံကြည်မှုခိုင်မာလျှင်မည်သည်အရာနှင့်မျှလုပ်လို့ မှမရပါကြောင်း ၎င်း က ဘာသာရေး အပေါ် ကာ ကွယ်ရန်ဥပဒေ ပြဌာန်းရေးနှင့်ပတ်သတ်ပြီး ပြောကြားသည်။

“ဒါတွေနဲ့ ပတ်သတ်ပြီး အန်တီမဖြေချင်လို့ မဟုတ်ဘူး အခုအန်တီတို့ နိုင်ငံ အပေါ်မှာ အမြင်စောင်းလာပြီးဆိုတာ အားလုံသိနေတာပဲ မီဒီယာတွေမှာ ဖြစိပျက်နေတာအားလုံးကြားမှာပါ အရင်တုန်းက အန်တီတို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတာ ဒီမှာပဲဖြစ်နေတာ၊ အခုအန်တီတို့ တိုင်းပြည်မှည ဖြစ်ပျက်နေတာ တစ်ကမ္ဘာလုံးနဲ့ ဆက်နွယ်နေတယ်ဒီဟာကို ချိန်ခွင် လျှာညီးမျှ အောင်လုပ်ရမယ်၊ကိုယ်နိုင်ငံအတွင်က ကိုယ်ပြည်သူတွေရဲ့ စိတ်အေးချမ်းလုံခြုံမှုကိုလည်းစဉ်စားရမယ်၊ ကိုယ်နိုင်ငံမှာရှိတဲ့လူတိုင်းရဲ့အေးချမ်းတည်ငြိမ်မှု ကို စဉ်စားရမယ် ကွက်ပြီးတော့ စဉ်စားလို့ မရဘူး၊ တစ်ကမ္ဘာလုံးရဲ့ အနေအထားနဲ့ လည်းစဉ်စားရမယ်”ဟု ၎င်း ကပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပွား ခဲ့သော ပဋိပက္ခများ သည် တစ်ဦးတစ်ယောက်တည်း အဖြေထုတ်ဖြေရှင်းနိုင်သည့် ကိစ္စ မျိုး မဟုတ်ကြောင်းအခြေအနေ များကလည်းပြောင်းလဲမှု မြန်ဆန်ကြောင်း ဆက်လက်ဖြစ်ပွားမှု မရှိရန် ၀ိုင်းဝန် အဖြေရှာရန် လို အပ်ကြောင်း ၎င်း ကပြောသည်။

From: popular

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>