Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နောက်ကြောင်းပြန်မလှည့်ရန် တာဝန်ယူကြောင်း ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်များ ကတိပြု

$
0
0

ရခိုင်ပြည်နယ် ပဋိပက္ခအရေး၊ တိုင်းရင်းသား လက်နက်ကိုင်များ အရေးနှင့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခ အချို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီး နောက်ကြောင်း ပြန်လှည့်နိုင်ကြောင်း ဝေဖန် ခံနေရချိန်တွင် မြန်မာ့နိုင်ငံရေး နောက်ကြောင်း ပြန်မလှည့်စေရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီက တာဝန်ယူကြောင်း ယင်းပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြား သည်။ နေပြည်တော် တွင် ဇွန်လ ၂၄ ရက်နေ့ ၌ ကျင်းပသည့် ကြံ့ခိုင်ရေးပါတီကို ကော်မတီ အစည်းအဝေးအပြီး သတင်းထောက် များနှင့် တွေ့ ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မတည်ထောင်ခင် ကတည်းက ဒီမိုကရေစီစနစ်ကို လိုလိုချင် ချင်ဖြင့် ကြိုးစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “ပါတီထဲ မှာ နောက်ကြောင်းပြန် မယ့်သူတွေ ရှိခဲ့ရင်တောင် ပြန်မလှည့်နိုင်အောင် ကာကွယ်မယ်။ မလုပ်နိုင်အောင် လုပ်ရမယ်” ဟု ၎င်းက ဆိုသည်။ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အနေနှင့် ရှေ့တွင် မည် သို့ကောင်းအောင် ဆက်လက် ဆောင်ရွက်ရမည်ကိုသာ စဉ်းစားနေပြီး နိုင်ငံနှင့် ပြည်သူအတွက် မည် သို့ကောင်းအောင် ဆောင်ရွက်ရမည်ကိုသာ အစဉ်တစိုက် ဦးတည်နေကြောင်း ဦးဌေးဦး က ပြောကြား သည်။

 မြန်မာ့နိုင်ငံရေး နောက်ကြောင်း ပြန်မလှည့်ရန် ပြည်ခိုင်ဖြိုးပါတီတွင် အဓိက တာဝန်ရှိပြီး ပြည် သူ များနှင့် နောက်ကြောင်း ပြန်လှည့်စေရန် ပြောဆိုနေသူများတွင်လည်း တာဝန်ကြီးကြောင်း ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းက ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ် တစ်စောင်နှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံစဉ် မိမိတို့ အစိုးရအဖွဲ့ အနေနှင့် နောက်ကြောင်းပြန်လှည့်မည် မဟုတ်ကြောင်း ကတိပြု ပြောကြားထားသည်။

 တိုင်းရင်းသား လက်နက်ကိုင် ပြဿနာများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေခြင်း၊ တရားဥပဒေ စိုးမိုးမှုမရှိခြင်း၊ အစိုးရက အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် မီဒီယာများကို ထိန်းချုပ်ဆောင်ရွက်ခြင်း၊ အစိုးရအပေါ် ပြည်သူများ ယုံကြည်မှု အားနည်းခြင်၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ အားနည်းခြင်း၊ လတ်တလော ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးစ ဒီမိုကရေစီမှာ  နောက်ကြောင်း ပြန်လည်သွားနိုင်ကြောင်း အနောက်နိုင်ငံအချို့မှ ပညာရှင်များနှင့် ပြည် ပရောက် အင် အားစုများက သုံးသပ် ဝေဖန်နေကြသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တပ်မတော်အစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်းများဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>